Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 2:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ငါ​သည် ထို​မြို့​ကို​ဝန်းရံ​သော​မီး​မြို့ရိုး​ဖြစ်​မည်​။ ငါ​သည် ထို​မြို့​၏​ဘုန်းအသရေ​ဖြစ်​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု ပြောကြား​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကိုယ်​တော်​တိုင်​မြို့ ပတ်​လည်​တွင် မီး​တံ​တိုင်း​အ​ဖြစ်​တည်​ရှိ​လျက် ဘုန်း​အ​သ​ရေ​တော်​အ​ပေါင်း​နှင့်​တ​ကွ ထို​မြို့ တွင်​စံ​နေ​တော်​မူ​မည်​ဖြစ်​ကြောင်း​က​တိ​ထား တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြို့​ကို​ကာ​သော မီး​မြို့​ရိုး​ဖြစ်​မည်။ မြို့​အ​လယ်၌​လည်း ငါ​သည် မြို့၏​ဘုန်း​အ​သ​ရေ​ဖြစ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 2:5
28 ပူးပေါင်းရင်းမြစ်များ  

တောင်​များ​သည် ဂျေရုဆလင်​မြို့​ကို​ဝန်းရံ​ထား​သကဲ့သို့ ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက်​ဝန်းရံ​ထား​တော်မူ​၏​။


သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဝန်းရံ​ထား​သော​ဒိုင်းလွှား​၊ အကျွန်ုပ်​၏​ဘုန်းအသရေ​နှင့် အကျွန်ုပ်​၏​ဦးခေါင်း​ကို ချီးမြှောက်​သော​အရှင်​ဖြစ်​တော်မူ​၏​။


ဘုရားသခင်​သည် ထို​မြို့​တော်​အလယ်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ထို​မြို့​တော်​သည် တုန်လှုပ်​မည်​မ​ဟုတ်​။ နံနက်အချိန်​ရောက်​သောအခါ ဘုရားသခင်​သည် ထို​မြို့​တော်​ကို​ကူညီမစ​တော်မူ​လိမ့်မည်​။


ဇိအုန်​အနှံ့​လှည့်ပတ်သွားလာ​၍ မျှော်စင်​တို့​ကို​ရေတွက်​ကြ​လော့​။


ဘုရားသခင်​သည် ထို​မြို့​၏​ခံတပ်​များ​တွင် ခိုကိုး​ရာ​ဖြစ်ကြောင်း မိမိကိုယ်ကို​ထင်ရှား​စေ​တော်မူ​၏​။


ငါ​တို့​ပြည်​၌ ဘုန်းအသရေ​တည်​စေရန် ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​၏​အနီး​၌ အမှန်ပင်​ရှိ​လေ​ပြီ​။


အို ဇိအုန်​မြို့သား​တို့​၊ ကြွေးကြော်​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အကြောင်းမူကား သင်​တို့​တွင် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် ကြီးမြတ်​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။


သူ​၏​ကျောက်​သည် ကြောက်လန့်​၍ ပျောက်ကွယ်​သွား​လိမ့်မည်​။ သူ​၏​အကြီးအကဲ​တို့​သည် အချက်ပြအလံ​ကြောင့် စိတ်ပျက်​ကြ​လိမ့်မည်​”​ဟု ဇိအုန်​တောင်​ပေါ်တွင်​မီး​၊ ဂျေရုဆလင်​မြို့​တွင် မီးဖို​တည်​တော်မူ​သော ထာဝရဘုရား​မိန့်​တော်မူ​၏​။


ငါ​၏​လူမျိုး​သည် ငြိမ်းချမ်း​သော​နေရာ​၊ လုံခြုံ​သော​အိမ်​၊ ငြိမ်းအေး​သော​ခိုနား​ရာ​၌ နေ​ရ​လိမ့်မည်​။


ထို​အရပ်​၌ တန်ခိုးကြီး​သော​ထာဝရဘုရား​သည် ငါ​တို့​အတွက် မြစ်ကြီး​၊ ချောင်း​ကြီး​များ ဖြစ်​တော်မူ​မည်​။ ထို​နေရာ​တွင် တက်​ခတ်​လှေ​လည်း မ​သွား​နိုင်​၊ သင်္ဘော​ကြီး​လည်း ဖြတ်​မ​ကူး​နိုင်​။


ထာဝရဘုရား​သည် ဇိအုန်​တောင်​၏​ဓမ္မစည်းဝေး​ရာ​နေရာ​မှစ၍ ထို​တောင်​၏​နေရာ​အနှံ့​တွင် နေ့အချိန်​၌ မိုးတိမ်​နှင့်​မီးခိုး​ကို​လည်းကောင်း​၊ ညအချိန်​၌ တောက်ပ​သော​မီးလျှံ​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​တော်မူ​မည်​။ အကယ်စင်စစ် ဘုန်းအသရေ​ရှိသမျှ​တို့​အပေါ်​၌ မျက်နှာကြက်​ရှိ​မည်​။


နယ်နိမိတ်​မျဉ်း​သည် ဂါရက်​တောင်ကုန်း​သို့​တည့်တည့်ရောက်​ပြီး ဂေါသ​အရပ်​သို့ ကွေ့သွား​လိမ့်မည်​။


ထို့ကြောင့် အချင်း​လူသား​၊ ဂေါဂ​မင်းကြီး​အား ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​၌ ငါ့​လူမျိုး​တော်​အစ္စရေး​တို့ စိတ်အေးလက်အေး​နေထိုင်​လျက်​ရှိ​သည်​ကို သင်​သိ​ရ​လိမ့်မည်​။


သူ​သည် လေးဖက်စလုံး​ကို​တိုင်း​၏​။ ပတ်ပတ်လည်​တံတိုင်း​ကာ​ထား​၍ အလျား​ကျူချောင်း​အပြန်​ငါး​ရာ​၊ အနံ​ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။ ထို​တံတိုင်း​သည် သန့်ရှင်းသောနေရာ​နှင့် မသန့်ရှင်း​သော​နေရာ​ကို ခြား​ထား​ပေး​၏​။


သူ​သည် မျဉ်းကြိုး​ကို​ကိုင်​လျက် အရှေ့ဘက်​သို့​သွား​ပြီးလျှင် ရေ​စီးသွား​ရာ​အရှည် အတောင်​တစ်ထောင်​ကို​တိုင်း​၍ ငါ့​အား ရေ​ကို​ဖြတ်ကူး​စေ​ရာ ရေ​သည် ခြေမျက်စိ​အထိ​ရောက်​၏​။


ထို့ကြောင့် ထာဝရဘုရား​က ‘ဂျေရုဆလင်​မြို့​ကို ငါ​ပြန်လည်​သနားစုံမက်​မည်​။ ထို​မြို့​၌ ငါ့​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​မည်’​ဟု မိန့်​တော်မူ​ပြီ​။ ‘ဂျေရုဆလင်​မြို့​ကို​လည်း တိုင်းတာ​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။


“​အို ဇိအုန်​သမီးပျို​၊ ဝမ်းမြောက်​ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အကြောင်းမှာ ငါ​ကြွလာ​၍ သင်​နှင့်အတူ နေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။


ထို​နေ့ရက်​တွင် လူမျိုး​များစွာ​တို့​သည် ထာဝရဘုရား​ထံ​လာရောက်​ပူးပေါင်း​၍ ငါ​၏​လူမျိုး​တော် ဖြစ်လာ​လိမ့်မည်​။ ငါ​သည် သင့်​အလယ်​၌ ကိန်းဝပ်​မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သင့်​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်မည်​။


ထာဝရဘုရား​သည် မိမိကိုယ်ကို ထင်ရှား​တော်မူ​မည်​။ ကိုယ်တော်​၏​မြား​တော်​သည် လျှပ်ပြက်​သကဲ့သို့ ထွက်သွား​လိမ့်မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် တံပိုး​ကို​မှုတ်​လျက် တောင်ဘက်​မှ​မုန်တိုင်း​နှင့်အတူ ကြွချီ​တော်မူ​မည်​။


ငါ့​အိမ်​တော်​၌ ကျူးကျော်​ဝင်ရောက်​သူ​မ​ရှိ​အောင် ကင်းစောင့်​ချ​ထား​မည်​။ ငါ​ကိုယ်တိုင်​စောင့်ကြည့်​မည်​ဖြစ်၍ ညှဉ်းဆဲ​တတ်​သော​သူ​တို့ နောက်တစ်ဖန် မ​ကျူးကျော်​ရ​။


ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​သည် ထို​မြို့​ကို​ထွန်းလင်း​စေ​၍ သိုးသငယ်​တော်​သည် ထို​မြို့​၏​ဆီမီး​ဖြစ်​သောကြောင့် ထို​မြို့​ကို​ထွန်းလင်း​စေရန် နေ​နှင့်​လ​တို့​ကို မ​လိုအပ်​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ