Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟ​ဗက္ကုတ် 1:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အကျွန်ုပ်​ကို အဘယ်ကြောင့် အပြစ်ဒုစရိုက်​နှင့် ကြုံတွေ့​စေ​သနည်း​။ အဘယ်ကြောင့် အခက်အခဲ​ပြဿနာ​များ​နှင့် တွေ့​စေ​သနည်း​။ ဖျက်ဆီး​ခြင်း​၊ အကြမ်းဖက်​ခြင်း​သည် အကျွန်ုပ်​ရှေ့​တွင် ရှိ​နေ​ပါ​၏​။ ခိုက်ရန်ဖြစ်ပွားမှု​၊ အငြင်းပွားမှု​များ​လည်း ဖြစ်ပွား​နေ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား ဤ​သို့​သော​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဆိုး​ညစ်​မှု​ကို​ကြုံ​တွေ့​စေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​သည်​အ​ကြမ်း​ဖက်​မှု၊ လု​ယက်​ဖျက်​ဆီး​မှု​တို့​နှင့်​ရင်​ဆိုင်​၍​နေ​ရ​ပါ​၏။ နေ​ရာ​တ​ကာ​တွင်​ခိုက်​ရန်​ဖြစ်​ပွား​မှု၊ ငြင်း​ခုံ​မှု​များ​ကို​လည်း​တွေ့​မြင်​ရ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဒု စ ရိုက် ကို ခင်း ပြ ၍၊ မ ကောင်း ကို ကြည့် နေ တော် မူ သည် မှာ အ သို့ နည်း။ အ ကျွန်ုပ် ရှေ့ တွင် ကြမ်း ကြုတ် မှု၊ အ ဓ မ္မ မှု တည် ရှိ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 မ​တ​ရား​သော​အ​မှု​ကို အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့် ပြ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​အ​မှု​ကို အ​ဘယ်​ကြောင့် မြင်​စေ​တော်​မူ​သ​နည်း။ လု​ယူ​ခြင်း၊ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​မှု​သည် အ​ကျွန်ုပ်​ရှေ့​မှာ အ​ဘယ်​ကြောင့် ရှိ​ရ​ပါ​သ​နည်း။ ငြင်း​ခုံ​ခြင်း၊ ရန်​တွေ့​ခြင်း​ကို​လည်း အ​ဘယ်​ကြောင့် လူ​ချင်း​ပြု​ရ​ပါ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟ​ဗက္ကုတ် 1:3
16 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။


နယ်မြေဒေသ​တစ်ခုခု​တွင် ဆင်းရဲသား​တို့​ကို​ဖိနှိပ်ချုပ်ချယ်​ခြင်း​ကို​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့် ဖြောင့်မတ်​ခြင်း​တို့​မှ​သွေဖည်​ခြင်း​ကို​လည်းကောင်း သင်​မြင်​ရ​လျှင်လည်း ထို​အမှု​ကို​အံ့ဩ​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား ရာထူးမြင့်​သော​သူ​တစ်ဦး​ကို သူ့​ထက်​ရာထူးမြင့်​သော​သူ​က စောင့်ကြည့်​နေ​၏​။ ထို​သူ​တို့​ထက် ရာထူးမြင့်​သော​သူ​များ​လည်း ရှိ​ကြ​၏​။


စိတ်နှလုံး​မာကျော​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ဖြောင့်မတ်​ခြင်း​နှင့်​ဝေး​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။


အို ငါ့​မွေးသမိခင်​၊ ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် မြေ​တစ်ပြင်လုံး​နှင့်​ခိုက်ရန်ဖြစ်ပွား​သော​သူ​၊ အငြင်းပွား​သော​သူ ဖြစ်​ရ​ပါ​ပြီ​တကား​။ ငါ​သည် သူ​တို့​ကို မ​ချေးငှား​ပေး​ဖူး​ပါ​။ သူ​တို့​ထံမှ မ​ချေးယူ​ဖူး​ပါ​။ သို့ရာတွင် သူ​တို့​အားလုံး​က ငါ့​ကို​ကျိန်ဆဲ​ကြ​ပါ​၏​။


ငါ​သည် အခက်အခဲ​ပြဿနာ​၊ ဝမ်းနည်း​ခြင်း​များ​နှင့် ကြုံတွေ့​ရ​၍ ငါ​၏​နေ့ရက်​တို့​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့် ကုန်ဆုံး​သွား​ရ​စေရန် အဘယ်ကြောင့် မွေးလာ​ရ​သနည်း​။


အကျွန်ုပ်​ဟောပြော​လေရာရာ​၌ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖျက်ဆီး​ခြင်း​အကြောင်း​များ​ကို​သာ အော်ဟစ်​ကြွေးကြော်​ရ​ပါ​၏​။ အကြောင်းမူကား ထာဝရဘုရား​၏​စကား​တော်​သည် အကျွန်ုပ်​၌ နေ့စဉ် ကဲ့ရဲ့စရာ​၊ ပြက်ရယ်ပြုစရာ​အကြောင်း ဖြစ်​စေ​ပါ​၏​။


အချင်း​လူသား​၊ သင့်​ကို ဆူးပင်​များ​၊ ဆူးချုံ​များ ဝိုင်းရံ​နေ​ပါစေ​၊ ကင်းမြီးကောက်​တို့​နှင့်​နေ​ရ​ပါစေ​၊ သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​စကား​ကို​လည်း မ​ကြောက်​နှင့်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​လူမျိုး​ဖြစ်​သောကြောင့် သူ​တို့​စကား​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာထား​ကြောင့် မ​ထိတ်လန့်​နှင့်​။


နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။


အကြောင်းမူကား ထို​ဖြောင့်မတ်​သော​သူ​သည် သူ​တို့​ထဲ၌​နေထိုင်​ခဲ့​စဉ် သူ​တို့​၏​တရားမဲ့​သော​အမှု​များ​ကို တွေ့မြင်​ကြားသိ​နေ​ရ​၍ နေ့စဉ်ရက်ဆက် သူ​၏​ဖြောင့်မတ်​သော​စိတ်​ဝိညာဉ်​၌ အလွန်​အနှောင့်အယှက်​ဖြစ်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ