မိက္ခာ 3:11 - မြန်မာ့စံမီသမ္မာကျမ်း11 အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 အ အုပ် အ ချုပ် တို့ သည် တံ စိုး စား ၍ တ ရား စီ ရင် ခြင်း၊ ပ ရော ဟိတ် တို့ သည် အ ခ ယူ ၍ သွန် သင် ခြင်း၊ ပရော ဖက် တို့ သည် လာဘ် ခံ၍ ဗေ ဒင် ဟော ခြင်း များ ကို ပြု လျက် ပင်၊ ထာ ဝ ရ ဘု ရား သည် ငါ တို့ တွင် စံ နေ တော် မူ သည် မ ဟုတ် လော။ ဘေး သင့် မည် မ ဟုတ် ဟု ဆို၍ ထာ ဝ ရ ဘု ရား ကို အ မှီ တံ ကဲ ပြု ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible11 မင်းတို့သည် လက်ဆောင်ကို ရခြင်းငှာသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှာသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့သည် ငွေကိုရခြင်းငှာသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကိုခိုလှုံလျက်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူသည် မဟုတ်လော၊ ဘေးဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။ အခန်းကိုကြည့်ပါ။ |