ယေဇကျေလ 18:25 - မြန်မာ့စံမီသမ္မာကျမ်း25 သင်တို့က ဘုရားရှင်၏နည်းလမ်းတော်သည် မတရားဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါ့နည်းလမ်းက မတရားသလော။ သင်တို့နည်းလမ်းကသာ မတရားဖြစ်သည်မဟုတ်လော။ အခန်းကိုကြည့်ပါ။Common Language Bible25 ``သို့သော်လည်းသင်တို့က`ဘုရားရှင်စီရင် တော်မူသည်မှာမဖြောင့်ဟု' ဆိုကြ၏။ အချင်း ဣသရေလအမျိုးသားတို့ငါပြောသည် ကိုနားထောင်ကြလော့။ သင်တို့ကငါစီရင် ချက်မဖြောင့်ဟုထင်မှတ်ကြ၏။ မဖြောင့် သည့်အရာကားသင်တို့၏ပြုမူပုံပင် ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible25 သင် တို့ က၊ အ ရှင် ဘု ရား ၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု၊ ဆို လေ့ ရှိ ကြ သည် တ ကား၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ နာ ခံ ကြ ဦး၊ သင် တို့ အ လေ့ အ လာ သာ မ ဖြောင့်၊ ငါ့ တ ရား နည်း လမ်း ဖြောင့် သည် မ ဟုတ် လော၊ အခန်းကိုကြည့်ပါ။Judson Bible25 သို့သော်လည်း သင်တို့က၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့စီရင်ချက် ကောက်သည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။