ထိုသူက ‘သူသည် ငါ့နှမဖြစ်သည်’ဟု ဆိုသည်မဟုတ်လော။ ထိုမိန်းမကလည်း ‘သူသည် ငါ့အစ်ကိုဖြစ်သည်’ဟု ဆိုခဲ့ပါ၏။ အကျွန်ုပ်သည် ရိုးဖြောင့်သောစိတ်နှင့် အပြစ်ကင်းသောလက်ဖြင့် ဤအမှုကို ပြုပါ၏”ဟု လျှောက်လေ၏။
ဆာလံ 7:9 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့၏မကောင်းမှုသည် ပပျောက်သွားပါစေ။ သို့သော် ဖြောင့်မတ်သောသူကိုတည်မြဲစေတော်မူပါ။ ဖြောင့်မတ်တော်မူသောဘုရားသခင်သည် စိတ်နှလုံးအတွင်းသဘောကို စစ်ဆေးတော်မူ၏။ Common Language Bible ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။ လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊ သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။ Garrad Bible လူ ဆိုး တို့ ၏ ဆိုး သွမ်း ခြင်း ကို အ ဆုံး သတ်၍၊ ဖြောင့် မတ် သူ့ ကို တည် ကြည် စေ တော် မူ ပါ။ ဖြောင့် မတ် တော် မူ သော ဘု ရား သ ခင် သည်၊ နှ လုံး ကျောက် ကပ် ကို ပင် စစ် ဆေး တော် မူ ၏။ Judson Bible မတရားသောသူတို့၏ အဓမ္မအမှုကိုဆုံးရှုံး၍၊ တရားသောသူတို့ကို မြဲမြံစေတော်မူပါ။ တရားသဖြင့် ပြုတော်မူသောဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။ |
ထိုသူက ‘သူသည် ငါ့နှမဖြစ်သည်’ဟု ဆိုသည်မဟုတ်လော။ ထိုမိန်းမကလည်း ‘သူသည် ငါ့အစ်ကိုဖြစ်သည်’ဟု ဆိုခဲ့ပါ၏။ အကျွန်ုပ်သည် ရိုးဖြောင့်သောစိတ်နှင့် အပြစ်ကင်းသောလက်ဖြင့် ဤအမှုကို ပြုပါ၏”ဟု လျှောက်လေ၏။
ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့အား အရေးယူစီရင်တော်မူပါ။ အပြစ်ရှိသူကို သူပြုခဲ့သည့်အပြစ်အတိုင်း ပြန်ခံရစေရန် စီရင်တော်မူပါ။ ဖြောင့်မတ်မှန်ကန်သူကိုမူ သူဖြောင့်မတ်သည့်အတိုင်း အကျိုးကိုခံစားရစေရန် စီရင်တော်မူပါ။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ဆိုးယုတ်သောသူနှင့် မကောင်းမှုပြုသောသူတို့၏လက်ရုံးကို ချိုးတော်မူပါ။ သူတို့၏ဆိုးယုတ်မှုကို တစ်ခုမကျန်တွေ့ရှိအောင်စစ်ဆေးတော်မူပါ။
မြေကြီးမှဖြစ်လာသောသူသည် နောက်တစ်ဖန် မခြောက်လှန့်နိုင်မည့်အကြောင်း ကိုယ်တော်သည် အာရုံစိုက်နားထောင်လျက် မိဘမဲ့သူနှင့်ဖိနှိပ်ခြင်းခံရသောသူတို့အတွက် တရားစီရင်ပေးတော်မူ၏။
ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၏။ သို့သော် ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဆိုးယုတ်သောသူနှင့် ရက်စက်ကြမ်းကြုတ်မှုကိုနှစ်သက်သောသူအား မုန်းတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကိုစစ်ဆေးတော်မူ၏။ ညအချိန်၌ အကျွန်ုပ်ကို စစ်ကြောတော်မူ၏။ အကျွန်ုပ်ကိုစစ်ကြောလျှင်လည်း အကျွန်ုပ်၌မည်သည့်အရာမျှတွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် အပြစ်မကျူးလွန်မိစေရန် အကျွန်ုပ်စိတ်ပိုင်းဖြတ်ထားပါ၏။
အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ဆိုးယုတ်သောအမှုကို မပြုပါ။ ငါ၏ဘုရားသခင်ထံမှ ကျောခိုင်းမသွားပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေး၍ အကျွန်ုပ်ကိုစမ်းသပ်တော်မူပါ။ အကျွန်ုပ်၏စိတ်နှလုံးအတွင်းသဘောကို စစ်ကြောတော်မူပါ။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ တရားမျှတမှုကိုအကျွန်ုပ်ရရှိရန်နှင့် အကျွန်ုပ်၏အမှုကိစ္စအတွက် နိုးကြွ၍ထတော်မူပါ။
ထာဝရဘုရားသည် လူ၏ခြေလှမ်းများကို မြဲမြံစေ၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။
ကိုယ်တော်သည် ကြောက်မက်ဖွယ်သေတွင်းနှင့် ရွှံ့နွံထဲမှ အကျွန်ုပ်ကိုထုတ်ဆောင်တော်မူပြီးလျှင် အကျွန်ုပ်၏ခြေကို ကျောက်ပေါ်၌ရပ်စေ၍ အကျွန်ုပ်၏ခြေလှမ်းများကို မြဲမြံစေတော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းစီရင်တော်မူပါ။ ဘုရားတရားမဲ့သောလူမျိုးကိုဆန့်ကျင်လျက် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူပါ။ လိမ်လည်လှည့်ဖြား၍ မတရားမှုပြုသောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
ဘုရားသခင်သည် ထိုအမှုကို မစစ်ကြောဘဲနေတော်မူမည်လော။ အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံး၏လျှို့ဝှက်ချက်များကို သိတော်မူ၏။
အို ဘုရားသခင်၊ သူတို့ပါးစပ်ထဲမှ သူတို့၏သွားကို ချိုးပစ်တော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့ပျိုတို့၏အစွယ်များကို ချိုးတော်မူပါ။
ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။
“ထာဝရဘုရားသည် စိုးစံတော်မူ၏”ဟု လူမျိုးတကာတို့အလယ်၌ ပြောဆိုကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် တည်ထားတော်မူ၏။ ကိုယ်တော်သည် လူတို့ကို သမာသမတ်ရှိစွာ စစ်ကြောစီရင်တော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်ကြွလာတော်မူ၏။ ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကိုယ်တော်ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို မိမိ၏သစ္စာတော်ဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို သမာသမတ်ရှိခြင်းဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
စိတ်နှလုံးအတွင်းသဘောကို စစ်ဆေး၍ ဖြောင့်မတ်စွာတရားစီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ သူတို့အား လက်တုံ့ပြန်တော်မူသည်ကို အကျွန်ုပ်မြင်တွေ့ပါရစေ။ အကျွန်ုပ်၏အမှုကို ကိုယ်တော်ထံ လျှောက်ထားပါပြီ။
ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘောကို စစ်ဆေးတတ်၏။
စိတ်နှလုံးအတွင်းသဘောကိုမြင်၍ ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူသော အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော်လက်သို့ အပ်ပါပြီ။ သူတို့အား လက်တုံ့ပြန်တော်မူသည်ကို အကျွန်ုပ်တွေ့မြင်ပါရစေ။
ပင်လယ်နှင့် သာယာသောတောင်ကြားတွင် သူ့တဲနန်းကို သူဆောက်လိမ့်မည်။ ဤသို့ဖြင့် သူ့ဘဝနိဂုံးချုပ်ချိန်ရောက်လာကာ သူ့ကိုကူညီမည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။
မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
ထို့ပြင် ငါတို့၏သခင်ယေရှုသည် မိမိ၏သန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်တွင် သင်တို့၏စိတ်နှလုံးကို မြင့်မြတ်သန့်ရှင်းခြင်းအရာ၌ အပြစ်တင်စရာမရှိရလေအောင် ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။ အာမင်။
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ယေရှုခရစ်တော်၏အစေအပါး၊ ယာကုပ်၏ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုခံစားရ၍ ယေရှုခရစ်တော်၏စောင့်ရှောက်မှုအောက်၌ရှိသော ခေါ်ယူတော်မူခြင်းခံရသူတို့ထံသို့ စာရေးလိုက်ပါ၏။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။