ဆာလံ 7:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထာဝရဘုရားသည် လူမျိုးတကာတို့ကို စစ်ကြောစီရင်တော်မူ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ဖြောင့်မတ်ခြင်း၊ အကျွန်ုပ်၏တည်ကြည်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible8 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့ကိုတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၏။ ကျွန်တော်မျိုးအပြစ်ကင်းသည်ကိုထောက်ထား၍ ကျွန်တော်မျိုးအားမျက်နှာသာပေး၍တရားစီရင်တော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible8 ထာ ဝ ရ ဘု ရား သည်၊ လူ အ မျိုး မျိုး တို့ ကို တ ရား စီ ရင် တော် မူ၏။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ၏ ဖြောင့် မတ် ခြင်း နှင့် စုံ လင် ခြင်း အ တိုင်း၊ အ ကျွန်ုပ် ကို စီ ရင် ဆုံး ဖြတ် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible8 ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ် ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ စုံလင်ခြင်းကိုလည်းကောင်းထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ အခန်းကိုကြည့်ပါ။ |
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။