Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 96:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 “​ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​”​ဟု လူမျိုးတကာ​တို့​အလယ်​၌ ပြောဆို​ကြ​လော့​။ ကမ္ဘာမြေကြီး​ကို မ​လှုပ်ရှား​နိုင်​အောင် တည်ထား​တော်မူ​၏​။ ကိုယ်တော်​သည် လူ​တို့​ကို သမာသမတ်​ရှိ​စွာ စစ်ကြောစီရင်​တော်မူ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ``ထာ​ဝ​ရ​ဘု​ရား​သည်​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​လှုပ်​ရှား​၍​မ​ရ နိုင်​ရာ။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟူ​၍ လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထာ ဝ ရ ဘု ရား စိုး စံ တော် မူ၍၊ ဤ လော က ကို မ လှုပ် မ ရှား နိုင် အောင် တည် လျက်၊ လူ အ မျိုး မျိုး တို့ ကို မျှ တ စွာ စီ ရင် တော် မူ လိမ့် မည် ဟု လူ မျိုး ခြား တို့ တွင် ပြော ဆို ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထာ​ဝ​ရ​ဘု​ရား​စိုး​စံ​တော်​မူ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဟော​ပြော​ကြ​လော့။ လော​က​ဓာတ်​သည် မ​လှုပ်​ရှား​နိုင်​အောင် မြဲ​မြံ​စွာ​တည်​လိမ့်​မည်။ လူ​များ​ကို ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 96:10
30 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ငါ​တို့​နှုတ်​သည် ရယ်မော​ခြင်း​နှင့်​လည်းကောင်း​၊ ငါ​တို့​လျှာ​သည် ရွှင်လန်း​စွာ ကြွေးကြော်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​၏​။ လူ​တို့​က​လည်း “​ထာဝရဘုရား​သည် သူ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​ပြီ​”​ဟု တိုင်းနိုင်ငံ​တို့​အလယ်​တွင်​ပြောဆို​ကြ​၏​။


ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​၌ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။


“​ငြိမ်ဝပ်​စွာ​နေ​၍ ငါ​သည်​ဘုရားသခင်​ဖြစ်ကြောင်း သိမှတ်​ကြ​လော့​။ ငါ​သည် လူမျိုးတကာ​တို့​အလယ်​တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။​”


လူမျိုးတကာ​တို့​သည် မငြိမ်မသက်​ဖြစ်​ကြ​၏​။ တိုင်းနိုင်ငံ​တို့​သည် တုန်လှုပ်​ကြ​၏​။ ကိုယ်တော်​သည် မိမိ​အသံ​ကို​လွှင့်​တော်မူ​သောအခါ ကမ္ဘာမြေကြီး​သည် အရည်ပျော်​လေ​၏​။


ထိုအခါ လူ​တို့​က “​ဖြောင့်မတ်​သော​သူ​သည် ဆုလာဘ်​ကို အမှန်ပင်​ခံရ​၏​။ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​သော ဘုရားသခင်​သည် အမှန်ပင်​ရှိ​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။


သူ​တို့​ကို အမျက်ဒေါသ​ဖြင့် အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။ သူ​တို့​မ​ရှိ​တော့​သည်​အထိ အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။ ထိုအခါ ဘုရားသခင်​သည် ယာကုပ်​မှစ၍ ကမ္ဘာမြေ​အစွန်း​တိုင်အောင် အုပ်စိုး​တော်မူ​ကြောင်း သိ​ကြ​ပါ​လိမ့်မည်​။(​စေလာ)


လူမျိုး​တို့​သည် ဝမ်းမြောက်​၍ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေသော​။ အကြောင်းမူကား ကိုယ်တော်​သည် လူ​တို့​ကို မျှတစွာ​တရားစီရင်​၍ ကမ္ဘာမြေကြီး​ပေါ်ရှိ​လူမျိုး​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။(​စေလာ)


ဆိုးယုတ်​သော​သူ​တို့​၏​မကောင်းမှု​သည် ပပျောက်​သွား​ပါစေ​။ သို့သော် ဖြောင့်မတ်​သော​သူ​ကို​တည်မြဲ​စေ​တော်မူ​ပါ​။ ဖြောင့်မတ်​တော်မူ​သော​ဘုရားသခင်​သည် စိတ်နှလုံး​အတွင်းသဘော​ကို စစ်ဆေး​တော်မူ​၏​။


ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​စွာ​တရားစီရင်​၍ လူမျိုး​အပေါင်း​တို့​ကို သမာသမတ်​ရှိ​စွာ​စစ်ကြောစီရင်​တော်မူ​၏​။


ထာဝရဘုရား​သည် ဖိနှိပ်​ခြင်း​ခံရ​သော​သူ​တို့​၏​ခိုကိုး​ရာ​၊ ဘေးဒုက္ခ​ရောက်​ချိန်​၌ ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။


ထာဝရဘုရား​သည် စိုးစံ​တော်မူ​၍ ဘုန်းတန်ခိုး​တော်​ကို ဆင်မြန်း​တော်မူ​၏​။ ထာဝရဘုရား​သည် ထိုသို့​ဆင်မြန်း​၍ မိမိကိုယ်ကို​အစွမ်းသတ္တိ​နှင့်​ပတ်စည်း​တော်မူ​၏​။ ကမ္ဘာလောက​သည်​လည်း မ​တုန်လှုပ်​နိုင်​အောင် တည်မြဲ​လျက်​ရှိ​၏​။


အကြောင်းမူကား ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကမ္ဘာမြေကြီး​ကို​တရားစီရင်​ရန် ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​တို့​ကို မိမိ​၏​သစ္စာ​တော်​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​လိမ့်မည်​။


အကြောင်းမူကား ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို​တရားစီရင်​ရန် ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​တို့​ကို သမာသမတ်​ရှိ​ခြင်း​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​လိမ့်မည်​။


ထာဝရဘုရား​က “​နှစ်သက်​လက်ခံ​ဖွယ်​အချိန်​၌ သင့်​ကို​ငါ​ထူး​ပြီ​။ ကယ်တင်​ရာ​နေ့ရက်​၌ သင့်​ကို​ငါ​ကူညီမစ​ပြီ​။ သင်​သည် ပြည်​တော်​ကို ပြန်လည်​ထူထောင်​ရန်​၊ လူသူကင်းမဲ့​သော​အမွေ​ပြည်​ကို အမွေဆက်ခံ​ရန် ငါ​သည် သင့်​ကို ကာကွယ်​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​ဖြစ်စေ​မည်​။


ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ငြိမ်းချမ်း​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ကယ်တင်​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ “​သင်​၏​ဘုရားသခင်​သည် စိုးစံ​တော်မူ​၏​”​ဟု ဇိအုန်​မြို့​အား​ပြော​သော​သူ​၏​ခြေ​သည် တောင်​ပေါ်တွင် အလွန်​တင့်တယ်​စွ​ပါ​တကား​။


ထို​ရှင်ဘုရင်​များ​အုပ်စိုး​သည့်​ကာလ​တွင်ပင် ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မည်သည့်​အခါ​မျှ​မ​ပျက်စီး​နိုင်​မည့်​နိုင်ငံ​တစ်​ခု​ကို တည်ထောင်​တော်မူ​လိမ့်မည်​။ ဤ​နိုင်ငံ​သည် အခြား​သူ​တို့​လက်​သို့ ရောက်​ရ​မည်​မ​ဟုတ်​။ အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီခြေမွှ​ဖျက်ဆီး​ပစ်​မည်​။ ဤ​နိုင်ငံ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။


“အကယ်စင်စစ် နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် လူမျိုးတကာ​တို့​တွင် ငါ့​နာမ​သည် ဘုန်းကြီး​လိမ့်မည်​။ ငါ့​နာမ​သည် လူမျိုးတကာ​တို့​တွင် ဘုန်းကြီး​သောကြောင့်​ငါ့​နာမ​အဖို့ အရပ်ရပ်​မှ နံ့သာပေါင်း​များ​၊ သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ကို ယူဆောင်​လာ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


“​သိုးအုပ်​ထဲတွင် သိုးထီး​ရှိ​လျက်​၊ ကတိသစ္စာ​လည်း ပြု​လျက်​နှင့်ပင် ဘုရားရှင်​အား အနာအဆာ​ရှိ​သော​သိုး​ကို​ပူဇော်​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​သင့်​၏​။ အကြောင်းမူကား ငါ​သည် ဘုန်းကြီး​သော​ရှင်ဘုရင်​ဖြစ်​၏​။ ငါ့​နာမ​သည်​လည်း လူမျိုးတကာ​တို့​တွင် ကြောက်ရွံ့ဖွယ်​ဖြစ်​၏​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု ယုဒ​နယ်​ရှိ​တော​ကန္တာရ​တွင် ဟောပြော​လေ​၏။


အကြောင်းမူကား ဘုရားသခင်​သည် မိမိ​ခန့်အပ်​ထား​သော​အရှင်​အားဖြင့် ကမ္ဘာ​လောက​အား ဖြောင့်မတ်​စွာ​တရား​စီရင်​မည့်​နေ့ရက်​ကို သတ်မှတ်​ထား​တော်မူ​ပြီး ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ခြင်း​အားဖြင့် လူ​အပေါင်း​တို့​အား ခိုင်လုံ​သော​အထောက်အထား​ကို​ပေး​တော်မူ​၏”​ဟု ဆို​လေ​၏။


မိမိ​၏​သား​တော်​အကြောင်း​ကို လူမျိုးခြား​တို့​တွင်​ဟောပြော​စေရန်​အတွက် ထို​သား​တော်​ကို ငါ့​အား​ဖော်ပြ​ရန် အလိုရှိ​တော်မူ​သောအခါ ငါ​သည် အသွေး​အသား​နှင့်​တိုင်ပင်​ခြင်း​ကို​မ​ပြု။


ကိုယ်တော်​၌​အမြစ်တွယ်​၍ တည်ဆောက်​ခြင်း​ခံရ​ကာ သင်​တို့​သင်ယူ​ခဲ့​သည့်​အတိုင်း ယုံကြည်​ခြင်း​၌​တည်မြဲ​လျက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​လော့။


သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။


ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​သည်​ပွင့်​လျက်​နေ​၍ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၏။ ၎င်း​ပေါ်တွင်​ထိုင်​သော​သူ​ကား သစ္စာ​ရှိ​သော​သူ၊ ဖြောင့်မှန်​သော​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏။ သူ​သည် ဖြောင့်မတ်​စွာ​တရား​စီရင်​၍ စစ်တိုက်​လေ​၏။


ထို့နောက် များစွာ​သော​လူ​အစုအဝေး​၏​အသံ​နှင့်​လည်းကောင်း၊ များစွာ​သော​ရေဟုန်​၏​အသံ​နှင့်​လည်းကောင်း၊ ပြင်းထန်​သော​မိုးကြိုး​သံ​နှင့်​လည်းကောင်း တူ​သော​အသံ​က “ဟာလေလုယာ။ အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် စိုးစံ​တော်မူ​သည်​ဖြစ်​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ