ယေရမိ 11:20 - မြန်မာ့စံမီသမ္မာကျမ်း20 စိတ်နှလုံးအတွင်းသဘောကို စစ်ဆေး၍ ဖြောင့်မတ်စွာတရားစီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ သူတို့အား လက်တုံ့ပြန်တော်မူသည်ကို အကျွန်ုပ်မြင်တွေ့ပါရစေ။ အကျွန်ုပ်၏အမှုကို ကိုယ်တော်ထံ လျှောက်ထားပါပြီ။ အခန်းကိုကြည့်ပါ။Common Language Bible20 ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။ အခန်းကိုကြည့်ပါ။Garrad Bible20 နှ လုံး ကျောက် ကပ် များ ကို စစ် ဆေး လျက်၊ တ ရား သ ဖြင့် စီ ရင် တော် မူ သော၊ ဗိုလ် ခြေ တို့ အ ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ မှု ကို ရှေ့ တော် တွင် တင် ပြ ပြီး ဖြစ် သည့် အ လျောက်၊ ထို သူ တို့ အ ပေါ်၌ လက် စား ချေ တော် မူ ခြင်း ကို သိ မြင် ပါ ရ စေ ဟု လျှောက် သည် နှင့် အ ညီ၊ အခန်းကိုကြည့်ပါ။Judson Bible20 နှလုံးကျောက်ကပ်ကိုစစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့အားအပြစ်ပေးတော်မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်ကိုအကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသူတို့အား လက်တုံ့ပြန်ပေးတော်မူပါ။ ကိုယ်တော်သည် စိတ်ရှည်သည်းခံတော်မူသည်ဖြစ်၍ အကျွန်ုပ်ကို အဝေးသို့မနှင်လိုက်ပါနှင့်။ ကိုယ်တော်ကြောင့် အကျွန်ုပ်ကဲ့ရဲ့ပြစ်တင်ခြင်းခံရကြောင်းကို သိမှတ်တော်မူပါ။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။