Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 2:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​ခြေ​ကို စောင့်ရှောက်​ပေး​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​မူကား အမှောင်​ထဲ၌ပင် နှုတ်ဆိတ်​နေ​ရ​လိမ့်မည်​။ အကယ်စင်စစ် လူ​သည် မိမိ​ခွန်အား​ဖြင့် မ​အောင်​နိုင်​ရာ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဘု ရား တ ရား ကြည် ညို သူ တို့၏ ခြေ ကို စောင် မ တော် မူ လိမ့် မည်။ လူ ဆိုး တို့ မူ ကား အ မိုက် မှောင် တွင် ဆိတ် ဆိတ် နေ ရ ကြ လ တ္တံ့။ အ စွမ်း သ တ္တိ ဖြင့် မည် သူ မျှ နိုင် မည် မ ဟုတ် ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 မိ​မိ​သန့်​ရှင်း​သူ​တို့​ခြေ​ကို စောင့်​မ​တော်​မူ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​သည် မှောင်​မိုက်၌ တိတ်​ဆိတ်​စွာ နေ​ရ​ကြ​လိမ့်​မည်။ ကိုယ်​အ​စွမ်း​သ​တ္တိ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​နိုင်​ရာ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 2:9
41 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အလင်း​မှ​အမှောင်​ထဲသို့ မောင်းထုတ်​ခြင်း​ခံရ​မည်​။ ကမ္ဘာလောက​မှ နှင်ထုတ်​ခြင်း​ခံရ​မည်​။


သူ​တို့​ကို မြေမှုန့်​ထဲမှာ အတူ​မြှုပ်​ပစ်​လိုက်​ပါ​။ မှောင်မိုက်​ထဲ၌ သူ​တို့​မျက်နှာ​ကို စည်းထား​လိုက်​ပါ​။


ထို့ကြောင့် ဆင်းရဲ​သော​သူ​၌ မျှော်လင့်​ခြင်း​ရှိ​၍ မတရား​သော​သူ​ကား နှုတ်ဆိတ်​နေ​ရ​၏​။


သင်​၏​တဲ​သည် ငြိမ်းချမ်း​လျက်​ရှိ​ကြောင်း သင်​သိ​ရ​လိမ့်မည်​။ သင်​နေထိုင်​ရာ​အရပ်​ကို စစ်ဆေးကြည့်​လျှင်​လည်း တစ်စုံတစ်ရာ​မျှ ပျောက်ဆုံး​လိမ့်မည်​မ​ဟုတ်​။


အကြောင်းမူကား ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​ကို သိ​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​မူကား ပျက်စီး​သွား​လိမ့်မည်​။


ထို့နောက် သူ​တို့​ကို ရွှေ​၊ ငွေ​နှင့်တကွ ထုတ်ဆောင်​တော်မူ​၏​။ ထိုစဉ် ကိုယ်တော်​၏​လူမျိုးစု​များ​တွင် အားနည်း​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ချေ​။


ကိုယ်တော်​သည် သင်​၏​ခြေ​ကို​ချော်​စေ​တော်​မ​မူ​။ သင့်​ကို စောင့်ရှောက်​တော်မူ​သော​အရှင်​သည် ငိုက်မျဉ်း​ခြင်း​ရှိ​တော်​မ​မူ​။


ထာဝရဘုရား​သည် သင့်​ကို​စောင့်ရှောက်​တော်မူ​၏​။ ထာဝရဘုရား​သည် သင်​၏​လက်ယာ​ဘက်​၌​ရှိ​သော​အရိပ် ဖြစ်​တော်မူ​၏​။


ထာဝရဘုရား​သည် သင်​၏​သွား​ခြင်း​၊ လာ​ခြင်း​တို့​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက် စောင့်ရှောက်​တော်မူ​လိမ့်မည်​။


ထာဝရဘုရား​သည် မိမိ​ကို​ချစ်​သော​သူ​အပေါင်း​တို့​ကို စောင့်ရှောက်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​အပေါင်း​တို့​ကို​ကား ဖျက်ဆီး​တော်မူ​လိမ့်မည်​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​သည်​ဖြစ်၍ အကျွန်ုပ်​အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ ဆိုးယုတ်​သော​သူ​တို့​သည် အရှက်ကွဲ​လျက် မရဏာနိုင်ငံ​ထဲ၌ တိတ်ဆိတ်​စွာ​နေ​ကြ​ရ​ပါစေသော​။


အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​တော်မူ​၏​။ မိမိ​၏​သန့်ရှင်း​သူ​တို့​ကို​လည်း စွန့်ပစ်​တော်​မ​မူ​။ သူ​တို့​သည် အစဉ်အမြဲ​စောင့်ရှောက်​တော်မူ​ခြင်း​ကို ခံရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​၏​သားမြေး​တို့​မူကား ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။


“​ငါ့​ခြေ​ချော်​ပြီ​”​ဟု အကျွန်ုပ်​ဆို​သောအခါ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​၏​။


ထာဝရဘုရား​ကို ချစ်​သော​သူ​တို့​၊ မကောင်းမှု​ကို မုန်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​စိတ်ဝိညာဉ်​ကို စောင့်ရှောက်​၍ သူ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ ကယ်နုတ်​တော်မူ​၏​။


လူ​၏​စိတ်နှလုံး​သည် မိမိ​သွား​ရာ​လမ်း​ကို ကြံစည်​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် သူ​၏​ခြေလှမ်း​များ​ကို တည့်မတ်​စေ​တော်မူ​မည်​။


တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​လည်း ကာကွယ်​၍ မိမိ​သန့်ရှင်း​သူ​တို့​၏​လမ်း​ကို စောင့်ရှောက်​တော်မူ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် သင်​ယုံကြည်အားထား​ရာ​ဖြစ်​၍ သင်​၏​ခြေ​ကို ကျော့ကွင်း​၌​မ​မိ​စေရန် စောင့်ထိန်း​တော်မူ​လိမ့်မည်​။


သူ​သည် မိမိ​၏​နေ့ရက်​အားလုံး​တို့​၌ များစွာ​စိတ်ပျက်​ခြင်း​၊ ဝေဒနာ​ခံစား​ရ​ခြင်း​နှင့် အမျက်ထွက်​ခြင်း​ဖြင့် အမှောင်​ထဲတွင်​စားသောက်​ရ​မည်​။


တစ်ဖန် နေ​အောက်​တွင် ငါ​ပြန်​၍​တွေ့မြင်​သည်​ကား ပြိုင်ပွဲ​သည် လျင်မြန်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ စစ်ပွဲ​သည် ခွန်အားကြီး​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အစားအစာ​သည် ပညာရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ ဓနဥစ္စာ​သည် အသိဉာဏ်​ရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ မျက်နှာရ​ခြင်း​သည်​လည်း တတ်သိ​နားလည်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အကြောင်းမူကား အချိန်​ကာလ​နှင့်​အကြောင်းတိုက်ဆိုင်မှု​သည် ထို​သူ​အားလုံး​တို့​၌ ရောက်လာ​တတ်​၏​။


ငါ​ထာဝရဘုရား​သည် ထို​ဥယျာဉ်​ကို စောင့်ရှောက်​၏​။ မကြာခဏ ရေလောင်း​ပေး​၏​။ မည်သူ​မျှ မ​ဖျက်ဆီး​စေရန် နေ့ညမပြတ် စောင့်ရှောက်​၏​။


အို ခါလဒဲ​သမီး​၊ တိတ်ဆိတ်​စွာ ထိုင်​လော့​။ အမှောင်​ထဲသို့ သွား​လော့​။ သင့်​ကို တိုင်းနိုင်ငံ​တို့​၏​ဘုရင်မ​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။


ငါ​တို့ အဘယ်ကြောင့်​ထိုင်​နေ​ကြ​သနည်း​။ အတူတကွ​စုဝေး​လျက် ခံတပ်​မြို့​များ​ထဲသို့​ဝင်​၍ သေကျေပျက်စီး​ကြ​ကုန်​စို့​။ ထာဝရဘုရား​ကို ငါ​တို့​ပြစ်မှား​ကြ​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို သေကျေပျက်စီး​စေ​တော်မူ​ပြီ​။ အဆိပ်​ရေ​ကို​သောက်​စေ​တော်မူ​ပြီ​။


ထာဝရဘုရား​က “​ပညာရှိ​သော​သူ​သည် မိမိ​ဉာဏ်ပညာ​၌ မ​ဝါကြွား​စေ​နှင့်​။ ခွန်အားကြီး​သော​သူ​သည် မိမိ​ခွန်အား​၌ မ​ဝါကြွား​စေ​နှင့်​။ ချမ်းသာ​သော​သူ​သည် မိမိ​ဓနဥစ္စာ​၌ မ​ဝါကြွား​စေ​နှင့်”​ဟု မိန့်​တော်မူ​၏​။


သို့သော် နိနေဝေ​မြို့​ကို ရေလွှမ်းမိုး​သုတ်သင်ဖျက်ဆီး​တော်မူ​မည်​။ မိမိ​ရန်သူ​တို့​၏​နောက်​သို့ အမှောင်ထု​ကြီး​လိုက်​စေ​မည်​။


ထို​နေ့ရက်​သည် အမျက်​တော်​ကျရောက်​သော​နေ့​၊ ဆင်းရဲဒုက္ခ​ကြောင့် ပူပင်သောက​ရောက်​ရ​သော​နေ့​၊ ပျက်စီး​ဆိတ်သုဉ်း​သော​နေ့​၊ အလင်းမဲ့​၍​အမှောင်​ကျ​သော​နေ့​၊ တိမ်​များ​ဖြင့် အမှောင်ထု​ဖုံးအုပ်​သော​နေ့​၊


ထိုအခါ သူ​က ငါ့​အား “​ဤကား ဇေရုဗဗေလ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော် ဖြစ်​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​စစ်သည်​ဗိုလ်ခြေ​ကြောင့် မ​ဟုတ်​။ အစွမ်းတန်ခိုး​ကြောင့်​မ​ဟုတ်​။ ငါ့​ဝိညာဉ်​အားဖြင့်​သာ ဖြစ်​၏​။


‘​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​၍ စောင့်ထိန်း​တော်မူ​ပါစေသော​။


နိုင်ငံ​တော်​၏​သား​တို့​မူကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ပညတ်​တရား​ဆို​ထား​သမျှ​တို့​သည် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​များ​အတွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤသည်ကား နှုတ်​ရှိသမျှ​သည် ပိတ်​ထား​ခြင်း​ခံရ​၍ လောကီသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​ခြင်း​လက်အောက်​သို့ ကျရောက်​ကြ​ရန်​ဖြစ်​၏။


အကယ်စင်စစ် လူမျိုး​တော်​ကို​ချစ်​တော်မူ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အပေါင်း​တို့​သည် ကိုယ်တော့်​လက်​တော်​၌​ရှိ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​ခြေ​တော်​ရင်း​၌ ထိုင်​လျက် ကိုယ်တော်​၏​စကား​တော်​တို့​ကို ခံယူ​ကြ​ပါ​၏​။


သင်​တို့​သည် နောက်ဆုံး​သော​ကာလ​၌​ဖော်ပြ​ရန် အသင့်​ပြင်ဆင်​ထား​သော​ကယ်တင်​ခြင်း​အတွက် ဘုရားသခင်​၏​တန်ခိုး​တော်​၌ ယုံကြည်​ခြင်း​အားဖြင့် စောင့်ရှောက်​ခြင်း​ကို​ခံရ​ကြ​၏။


ထို​သူ​တို့​သည် ခန်းခြောက်​သော​စမ်းရေ​တွင်း​များ၊ မုန်တိုင်း​ဖြင့်​လွင့်ပါ​သွား​သည့်​မိုးတိမ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထိန်းသိမ်း​ထား​လျက်​ရှိ​၏။


ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


မိမိ​တို့​အရှက်​ကို အမြှုပ်​ကဲ့သို့​ပေါ်​စေ​သည့် ပြင်းထန်​သော​ပင်လယ်​လှိုင်းတံပိုး​များ၊ လှည့်လည်​သွားလာ​သော ကြယ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထာဝရ​ထိန်းသိမ်း​ထား​လျက်​ရှိ​၏။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။


ယခုမှာ အကျွန်ုပ်​၏​သခင်​၊ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ သခင်​လည်း အသက်ရှင်​သည်​နှင့်အညီ ထာဝရဘုရား​သည် သခင့်​လက်​ကို လူသတ်​ခြင်း​ဘေး​၊ သခင်​ကိုယ်တိုင် လက်စားချေ​ခြင်း​ဘေး​မှ ဆီးတား​တော်မူ​ပြီ​။ သခင့်​ရန်သူ​၊ သခင့်​ကို အန္တရာယ်​ပြု​ရန် ကြံစည်​သော​သူ​တို့​သည် နာဗလ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ