Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

၁ သက် 3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


တိမောသေကိုစေလွှတ်ခြင်း

1 ထို့ကြောင့် ငါ​တို့​သည် နောက်ထပ် အောင့်ခံ​၍​မ​ရ​နိုင်​တော့​သဖြင့် ငါ​တို့​ချည်း​သာ အေသင်​မြို့​၌​နေ​ခဲ့​ရန် ဆုံးဖြတ်​ပြီးလျှင်

2 ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​၌ ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​ဖြစ်​သော ငါ​တို့​၏​ညီ တိမောသေ​ကို စေလွှတ်​လိုက်​၏။ သူ့​ကို​စေလွှတ်​ခြင်း​မှာ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ပတ်သက်၍ သင်​တို့​ကို တိုက်တွန်း​နှိုးဆော်​၍ ခိုင်ခံ့​မြဲမြံ​စေရန်​နှင့်

3 ဤ​ဆင်းရဲ​ဒုက္ခ​များ​ကြောင့် မည်သူမျှ ယိမ်းယိုင်​ခြင်း​မ​ရှိ​စေရန်​ဖြစ်​၏။ အကြောင်းမူကား ဤ​သို့​ဆင်းရဲ​ဒုက္ခ​ကို​ခံရ​စေရန် ငါ​တို့​ကို​ခန့်ထား​တော်မူ​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။

4 အဘယ်ကြောင့်​ဆိုသော် သင်​တို့​နှင့်အတူ ငါ​တို့​ရှိ​စဉ်​က​ပင် ငါ​တို့​သည် ဆင်းရဲ​ဒုက္ခ​ခံရ​တော့မည်​ဟု သင်​တို့​အား ကြိုတင်​ပြော​ထား​ခဲ့​သည်​ဖြစ်၍ ထို​အတိုင်း​ပင်​ဖြစ်​လာ​ကြောင်း သင်​တို့​သိ​ကြ​၏။

5 ထို့ကြောင့် ဖြားယောင်း​သွေးဆောင်​သော​သူ​သည် တစ်နည်းနည်း​ဖြင့် သင်​တို့​ကို​ဖြားယောင်း​သွေးဆောင်​ပြီး ငါ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​ဖြစ်​မည်​ကို​စိုးရိမ်​၍ ငါ​သည် နောက်ထပ် အောင့်ခံ​၍​မ​ရ​နိုင်​တော့​သဖြင့် သင်​တို့​၏​ယုံကြည်​ခြင်း​ကို​သိရှိ​နိုင်​ရန်​အတွက် သူ့​ကို​စေလွှတ်​ခဲ့​၏။


တိမောသေ၏အားရကျေနပ်ဖွယ် အစီရင်ခံချက်

6 သို့သော် ယခု တိမောသေ​သည် သင်​တို့​ထံမှ​ပြန်လာ​၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​နှင့်ပတ်သက်​သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို ငါ​တို့​အား​ပြောပြ​၏။ ထို့ပြင် သင်​တို့​သည် ငါ​တို့​ကို အစဉ်အမြဲ​ကောင်းမွန်​စွာ​သတိရ​လျက် ငါ​တို့​သည် သင်​တို့​ကို အလွန်​တွေ့မြင်​လို​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​တို့​ကို အလွန်​တွေ့မြင်​လို​ကြောင်း ပြောပြ​၏။

7 သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် ခက်ခဲ​ကျပ်တည်း​ခြင်း​နှင့်​ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​ကို​ခံရ​စဉ်​တွင် သင်​တို့​၏​ယုံကြည်​ခြင်း​ကြောင့် သင်​တို့​နှင့်​ပတ်သက်၍ နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​၏။

8 သင်​တို့​သည် သခင်​ဘုရား​၌​ခိုင်မြဲ​စွာ​ရပ်တည်​လျှင် ယခု ငါ​တို့​အသက်ရှင်​နိုင်​၏။

9 ငါ​တို့​၏​ဘုရားသခင်​ရှေ့​တော်​၌ သင်​တို့​ကြောင့် ငါ​တို့​ခံစားရ​သော ဤ​ဝမ်းမြောက်​ခြင်း​အားလုံး​ကို​ထောက်​၍ သင်​တို့​အတွက် ဘုရားသခင်​ကို မည်ကဲ့သို့​ကျေးဇူး​တုံ့ပြန်​နိုင်​ပါ​မည်နည်း။

10 ငါ​တို့​သည် သင်​တို့​နှင့်​လူ​ချင်း​တွေ့​နိုင်​ရန်​နှင့် သင်​တို့​၏​ယုံကြည်​ခြင်း​တွင် လိုအပ်​သည့်​အပိုင်း​များ​ကို ဖြည့်ဆည်း​ပေး​နိုင်​ရန် နေ့​ရော​ည​ပါ အလွန်​စိတ်အား​ထက်သန်​စွာ​ဖြင့် ဆုတောင်း​နေ​ကြ​၏။


အသင်းတော်အတွက် ဆုတောင်းခြင်း

11 ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​၏​သခင်​ယေရှု​သည် သင်​တို့​ထံသို့ ငါ​တို့​လာ​မည့်​လမ်း​ခရီး​ကို ပြင်ဆင်​ပေး​တော်မူ​ပါစေသော။

12 ငါ​တို့​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ချစ်​သော​မေတ္တာ​၌​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​ချစ်​သော​မေတ္တာ​၌​လည်းကောင်း တိုးပွား​၍ ကြွယ်ဝ​ပြည့်စုံ​မည့်အကြောင်း သခင်​ဘုရား​ပြု​တော်မူ​ပါစေသော။

13 ထို့ပြင် ငါ​တို့​၏​သခင်​ယေရှု​သည် မိမိ​၏​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​သောအခါ ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​တွင် သင်​တို့​၏​စိတ်နှလုံး​ကို မြင့်မြတ်​သန့်ရှင်း​ခြင်း​အရာ​၌ အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။ အာမင်။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ