ထို့နောက် လူတို့သည် မျက်စိမမြင်၊ စကားဆွံ့အသောနတ်ဆိုးပူးသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုက ထိုသူအား ကုသတော်မူသဖြင့် စကားပြန်ပြောနိုင်လာပြီး မျက်စိလည်း ပြန်မြင်လေ၏။
၂ သက် 2:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတရားမဲ့သူသည် စာတန်ထံက တန်ခိုးကို ရ၍ စာတန်၏ အလုပ်ကို လုပ်ဆောင်ရန် ရောက်လာသောအခါ အတုအယောင်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို ပြလိမ့်မည်။ Common Language Bible သူယုတ်မာကြီးသည်စာတန်၏တန်ခိုးကိုခံယူ ၍ရောက်ရှိလာသောအခါ အံ့သြဖွယ်ရာထူးဆန်း သောနိမိတ်လက္ခဏာအတုအယောင်အမျိုးမျိုး ကိုပြလိမ့်မည်။- Garrad Bible ကယ် တင် ခြင်း ခံ ရ အံ့ သော ငှါ ဓ မ္မ၌ မွေ့ လျော် သော စိတ် ကို မ ခံ မ ယူ ကြ သော ကြောင့် ပျက် စီး ရာ လိုက် သူ တို့ ရှေ့ မိ စ္ဆာ၏ ဆိုင် ရာ အံ့ ဖွယ် သော တန် ခိုး နိ မိတ် လက္ခ ဏာ အ မျိုး မျိုး၊ မ ဖြောင့် မတ် သော လှည့် စား ခြင်း အ မျိုး မျိုး ဖြင့် စာ တန် ပြု ပြင် သည့် အ တိုင်း ထို သူ ပေါ် လာ လိမ့် မည်။ Judson Bible ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အမျိုးမျိုးနှင့်လည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း တရားမဲ့သောသူသည် စာတန်၏လုပ်ဆောင်မှုအားဖြင့် ရောက်ရှိလာမည်ဖြစ်၍ အမျိုးမျိုးသောတန်ခိုး၊ နိမိတ်လက္ခဏာများ၊ မုသားနှင့်ဆိုင်သောအံ့ဩဖွယ်ရာများဖြင့်လည်းကောင်း၊ |
ထို့နောက် လူတို့သည် မျက်စိမမြင်၊ စကားဆွံ့အသောနတ်ဆိုးပူးသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုက ထိုသူအား ကုသတော်မူသဖြင့် စကားပြန်ပြောနိုင်လာပြီး မျက်စိလည်း ပြန်မြင်လေ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်အတုအယောင်များနှင့် ပရောဖက် အတုအယောင်များ ပေါ်လာလိမ့်မည်ဖြစ်သောကြောင့်ပင်။ ထိုသူတို့သည် ဖြစ်နိုင်လျှင် ဘုရားသခင်ရွေးချယ်ထားသောသူများကိုပင် လှည့်ဖြားရန် နိမိတ်လက္ခဏာကြီးများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ပြကြလိမ့်မည်။
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များ ပေါ်လာလိမ့်မည်။ ထိုသူတို့သည် ဖြစ်နိုင်ပါက ဘုရားသခင်ရွေးချယ်ထားသောသူများကိုပင် လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ပြုကြလိမ့်မည်။
သူသည် ထိုလူထံသို့ ပြန်သွားသောအခါ လှည်းကျင်းထား၍ စနစ်တကျပြင်ဆင်ထားသည်ကို တွေ့လေ၏။
ထိုအခါ ယေရှုက “သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို မမြင်ရလျှင် ယုံကြည်ကြမည် မဟုတ်” ဟု မိန့်တော်မူ၏။
သင်တို့သည် သင်တို့ဖခင်၏ အကျင့်အတိုင်း ကျင့်ကြ၏” ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း “အကျွန်ုပ်တို့သည် တရားမဝင်သောသားသမီးများ မဟုတ်။ ဘုရားသခင်သည်သာလျှင် အကျွန်ုပ်တို့၏ ဖခင်စစ်ဖြစ်တော်မူ၏” ဟု ဆိုကြ၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
“အို လှည့်စားမှုအပေါင်း၊ ဆိုးသွမ်းမှုအပေါင်းနှင့် ပြည့်သောမာရ်နတ်၏သား… ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ… သင်သည် ထာဝရဘုရား၏ဖြောင့်ဖြူးသောလမ်းတော်တို့ကို ကောက်ကွေ့အောင် ပြုလုပ်နေခြင်းမှ မရပ်တန့်ဘဲမနေနိုင်သလော။
၎င်းသည် အံ့ဩစရာမဟုတ်။ စာတန်ပင်လျှင် မိမိကိုယ်ကိုယ် အလင်း၏ ကောင်းကင်တမန်အဖြစ် အယောင်ဆောင်တတ်၏။
သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
ထိုသို့ သင်တို့သည် ဘုရားသခင်ကို မနာခံသောသူတို့ထဲ၌ သက်ဝင်လှုပ်ရှားလျက်ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသဆိုင်ရာ တန်ခိုးများကို ကြီးစိုးသောမင်းကို နာခံ၍ လောကီသားများ၏လမ်းစဉ်အတိုင်း အပြစ်ပြုလျက် နေထိုင်ကြ၏။
ယန္နေနှင့် ယံဗြေတို့သည် မောရှေကို ဆန့်ကျင်သကဲ့သို့ ထိုသူတို့သည်လည်း သမ္မာတရားကို ဆန့်ကျင်ကြ၏။ သူတို့သည် စိတ်ဓာတ်ပျက်ပြား၍ ယုံကြည်ယောင်ဆောင်သူများဖြစ်ကြ၏။
ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်။ လောက၊ လူ့ဗီဇနှင့် နတ်ဆိုးတို့ထံမှ လာ၏။
ထိုအခါ နဂါးသည် အမျိုးသမီးအပေါ် ဒေါသထွက်သဖြင့် ကျန်ရှိနေသေးသော ထိုအမျိုးသမီး၏ မျိုးဆက်များကို တိုက်ရန် ထွက်ခွာသွား၏။ ထိုမျိုးဆက်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာသူများ၊ ယေရှုအကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသူများဖြစ်ကြ၏။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။
ဆီမီးအလင်းသည်လည်း သင့်ထဲ၌ မည်သည့်အခါမျှ ထွန်းလင်းတော့မည် မဟုတ်။ သတို့သားနှင့် သတို့သမီးတို့၏ ပျော်ရွှင်သောအသံကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။ သင်၏ ကုန်သည်ကြီးများသည် ဤကမ္ဘာလောကတွင် အရှိန်အဝါကြီးသူများ ဖြစ်ကြ၏။ လူမျိုးအပေါင်းတို့သည် သင်၏ ပြုစားခြင်းဖြင့် လှည့်ဖြားခံကြရပြီ။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။
သူတို့၏ရှင်ဘုရင်မှာ တွင်းနက်ကြီး၏ကောင်းကင်တမန်ဖြစ်၏။ သူ၏ အမည်မှာ ဟေဗြဲဘာသာဖြင့် အာဗဒ္ဒုန်၊ ဂရိဘာသာဖြင့် အပေါလျုန် ဖြစ်၏။