Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 2:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထို့နောက် ပျက်စီးတော့မည့်​သူတို့​ကို မတရားသော နည်းပရိယာယ်​အမျိုးမျိုး​ဖြင့် လှည့်ဖြား​လိမ့်မည်။ သူတို့​ပျက်စီးတော့မည့် အကြောင်းအရင်း​သည် ကယ်တင်ခံရ​ရန် သမ္မာတရား​ကို နှစ်သက်​လက်ခံခြင်း မရှိ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ထို​နောက်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​မည့်​သူ​တို့ အား​ယုတ်​မာ​သည့်​နည်း​အ​မျိုး​မျိုး​ဖြင့်​လှည့်​စား လိမ့်​မည်။ ထို​သူ​တို့​သည်​ကယ်​တင်​ခြင်း​ရ​နိုင်​ရန် သမ္မာ​တ​ရား​တော်​ကို​နှစ်​သက်​လက်​ခံ​မှု​မ​ရှိ ကြ​သော​ကြောင့်​ယင်း​သို့​သေ​ကြေ​ပျက်​စီး​ရ ပေ​တော့​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ပျက်​စီး​ခြင်း​သို့​ရောက်​သော သူ​တို့​တွင်၊ မ​တ​ရား​သော လှည့်​ဖြား​ခြင်း အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ သ​မ္မာ​တ​ရား၌ မွေ့​လျော်​သော​စိတ်​ကို မ​ခံ​မ​ယူ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ပျက်စီး​ခြင်း​သို့​ရောက်​မည့်​သူ​တို့​အတွက် မတရားမှု​နှင့်ဆိုင်သော​လှည့်ဖြား​ခြင်း​အမျိုးမျိုး​တို့​ဖြင့်​လည်းကောင်း ရောက်ရှိ​လာ​မည်။ သူ​တို့​ပျက်စီး​ခြင်း​သို့​ရောက်​မည့်​အကြောင်းမှာ မိမိ​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် သမ္မာတရား​အား​ချစ်​ရ​မည်​ကို ငြင်းပယ်​ကြ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 2:10
29 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​က “သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို သိခွင့်​ရကြ​သော်လည်း အခြားသူများ​မှာ သိခွင့်​မရကြ။


ဘုရားသခင်​သည် မိမိ​၏ သားတော်​ကို လောက​သို့ စေလွှတ်တော်မူသည်​မှာ လောကီသားတို့​ကို အပြစ်စီရင်​ရန် မဟုတ်။ လောကီသားတို့​ကို သားတော်​အားဖြင့် ကယ်တင်​ရန်​ဖြစ်၏။


လူတို့​၏​သက်သေ​ကို ငါ​မလိုအပ်​သော်လည်း သင်တို့​ကယ်တင်ခြင်း​ရ​ရန် ဤ​စကား​ကို ငါ​ပြောရ၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​၏ ပြင်းပြသော စိတ်ဆန္ဒ​နှင့် ဘုရားသခင်​ထံ တောင်းသော ဆု​မှာ အစ္စရေးလူမျိုးများ ကယ်တင်ခံရ​ရန် ဖြစ်၏။


ထို​သူတို့​သည် ကျွန်ုပ်တို့​သခင်​ခရစ်တော်​၏ အမှု​ကို မဆောင်ရွက်ဘဲ ကိုယ်ကျိုး​ကိုသာ ဆောင်ရွက်သော​သူများ ဖြစ်ကြ၏။ ထို​သူတို့​သည် ချိုသာသောစကား​နှင့် မြှောက်ပင့်သော​စကား​ဖြင့် ရိုးသားသော​သူတို့​၏ စိတ်​ကို လှည့်ဖြားတတ်ကြ၏။


သင်တို့​သည် တစ်ချိန်က အပြစ်တရား​၏​ကျွန် ဖြစ်ခဲ့ဖူး​သော်လည်း ယခု​တွင် သင်တို့​သင်ယူခဲ့သော တရားတော်​ကို စိတ်နှလုံး​အပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော သတင်းစကား​သည် ပျက်စီးမည့်​သူတို့​အတွက် မိုက်မဲသော​သတင်းစကား​ဖြစ်၏။ ကယ်တင်ခြင်း​ခံရသည့် ကျွန်ုပ်တို့​အတွက်​မှာမူ ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်၏။


မည်သူမဆို သခင်ဘုရား​ကို မချစ်​လျှင် ထို​သူ​သည် ကျိန်ဆိုခြင်း​ကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။


ထို​သူတို့​သည် တမန်တော်​အတုအယောင်များ ဖြစ်ကြ၏။ မိမိတို့​ကိုယ်​မိမိ ခရစ်တော်​၏ တမန်တော်များ​အဖြစ် အယောင်ဆောင်​လျက် လှည့်ဖြားသော​လုပ်ဆောင်သူများ​သာ ဖြစ်ကြ၏။


သို့ဖြစ်၍ စာတန်​၏ နောက်လိုက်တို့​သည်လည်း ဖြောင့်မတ်ခြင်းတရား​ကို ဟောပြောသူများ​အဖြစ် အယောင်ဆောင်တတ်ကြသည်​မှာ အံ့ဩစရာ​မဟုတ်ပေ။ နောက်ဆုံး​တွင် သူတို့​သည် မိမိတို့​ပြုသည့်​လုပ်ဆောင်မှု​နှင့် ထိုက်သင့်သော ပြစ်ဒဏ်​ကို ခံရ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ကယ်တင်ခြင်း​ခံရသောသူတို့​ထဲ၌​လည်းကောင်း၊ ဖျက်ဆီးခြင်း​ခံရသောသူတို့​ထဲ၌​လည်းကောင်း ဘုရားသခင်​အတွက် ခရစ်တော်​၏ မွှေးကြိုင်သော​ရနံ့​ဖြစ်ကြ​သောကြောင့်​ပင် ဖြစ်၏။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ထိုအခါ ကျွန်ုပ်တို့​သည် မရင့်ကျက်သေးသော ကလေးသူငယ်များ​ကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေ​သည် လှိုင်းလေတို့​၌ လွန့်လူးနေ​သကဲ့သို့ ကျွန်ုပ်တို့​သည် ပရိယာယ်​ဖြင့် လမ်းလွဲ​စေရန် လှည့်ဖြားတတ်သော သူတို့​၏ အမျိုးမျိုးသော သွန်သင်မှု​နောက်သို့ ပါသွားမည် မဟုတ်ပေ။


လူမျိုးခြားများ ကယ်တင်​ခံရ​ရန် ကျွန်ုပ်တို့​ဟောပြောသည်​ကို သူတို့​တားမြစ်ကြ၏။ ဤသို့​လုပ်ဆောင်ခြင်း​ဖြင့် သူတို့​သည် မိမိတို့​၏ အပြစ်များ​ကို အစဉ်​ပွားများစေကြ၏။ နောက်ဆုံး​တွင် ဘုရားသခင်​၏ အမျက်တော်​သည် သူတို့​အပေါ်သို့ သက်ရောက်လေ၏။


သို့ဖြစ်၍ သူတို့​အားလုံး​သည် သမ္မာတရား​ကို မယုံကြည်ဘဲ မတရားမှု​ကို နှစ်သက်​သောကြောင့် ပြစ်ဒဏ်​စီရင်တော်မူခြင်း ခံကြရလိမ့်မည်။


သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့… ကျွန်ုပ်တို့​သည် သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင် သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​နှင့် သမ္မာတရား​ကို ယုံကြည်ခြင်း​တို့​ဖြင့် ကယ်တင်ခံရ​ရန် ဘုရားသခင် ဦးစွာ ရွေးချယ်ထားသည့် လူစု​တွင် ပါဝင်​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် လူသား​အားလုံး ကယ်တင်ခြင်း​ခံရပြီး သမ္မာတရား​ကို သိရှိ​နားလည်​စေလိုတော်မူ​သောကြောင့် ဖြစ်၏။


သင်တို့​သည် အပြစ်​၏​လှည့်စားမှု​ကြောင့် ခေါင်းမာသူများ​မဖြစ်​ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်း​အားပေး​တိုက်တွန်းကြလော့။


သူတို့​သည် ဖမ်းဆီး​သတ်ဖြတ်ခြင်း​ခံရန်​အတွက် ပေါက်ဖွားလာပြီး ပင်ကို​ဗီဇ​အရ ဆင်ခြင်တုံ​တရားမဲ့သော တိရစ္ဆာန်များ​ကဲ့သို့ ဖြစ်ကြ​၍ မိမိတို့​နားမလည်သည့်​အရာများ​ကို စော်ကား​ပြောဆိုကြ၏။ သူတို့​သည် ထို​တိရစ္ဆာန်များ​ကဲ့သို့ပင် ပျက်စီးကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ