ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
၂ တိ 3:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သနားကြင်နာစိတ်မရှိသူ၊ မသင့်မြတ်လိုသူ၊ အတင်းအဖျင်းပြောသူ၊ စိတ်အလိုလိုက်သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ ကောင်းမှုကို မုန်းသူ၊ Common Language Bible အကြင်နာကင်းမဲ့သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ သူတစ်ပါးအသရေကိုဖျက်သူ၊ အကြမ်းဖက် သူ၊ ကြမ်းတမ်းသူ၊ ကောင်းမြတ်သည့်အရာကို မုန်းသူ၊- Garrad Bible သင်္ဂ ဟ ကင်း သူ၊ ရန် ညိုး ဖွဲ့ သူ၊ ကုန်း ချော သူ၊ ကိုယ် ကို မ ချုပ် တည်း သူ၊ ကြမ်း ကြုတ် သူ၊ အ ကောင်း ကို မ နှစ် သက် သူ၊ Judson Bible ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊- မြန်မာ့စံမီသမ္မာကျမ်း ကြင်နာစိတ်ကင်းမဲ့သောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းချောတတ်သောသူ၊ မိမိစိတ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊ ကောင်းသောအမှုကိုမုန်းသောသူ၊ |
ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
ထို့နောက် မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူစေရန် ဝိညာဉ်တော်သည် ယေရှုကို တောကန္တာရသို့ ပို့ဆောင်တော်မူ၏။
ထို့နောက် တပည့်တော်တို့အား “သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကို ငြင်းပယ်၏။ ငါ့ကို ငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက “သင်တို့ ဆယ့်နှစ်ဦးကို ငါရွေးချယ်ခဲ့ပြီ။ သို့ရာတွင် သင်တို့အနက် တစ်ဦးသည် မာရ်နတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
သူတို့၏ဘဝသည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိ၏။
သူတို့သည် အသိတရားမရှိကြ၊ ကတိမတည်ကြ၊ သနားကြင်နာစိတ် မရှိကြ၊ ကရုဏာစိတ်လည်းမရှိကြ။
လင်မယားဝတ်ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်တွင် အပြည့်အဝဆုတောင်းနိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယားဝတ်ကို ရှောင်လျှင် စာတန်သည် သင်တို့၏ မထိန်းချုပ်နိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ သင်တို့ကို သွေးဆောင်မည်ကို စိုးရသောကြောင့် အချိန်စေ့လျှင် လင်မယားဝတ်ကို ပြန်၍ ပြုကြလော့။
သို့သော် သူတို့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်လျှင် အိမ်ထောင်ပြုသင့်၏။ တဏှာမီးတောက်လောင်နေခြင်းထက် အိမ်ထောင်ပြုလိုက်ခြင်းက ပို၍ ကောင်း၏။
ထို့ကြောင့် ဤညွှန်ကြားချက်များကို ငြင်းပယ်သော သူတို့သည် လူကို ငြင်းပယ်သည်မဟုတ်ဘဲ သင်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
ထိုနည်းတူ သူတို့၏ ဇနီးတို့သည်လည်း ကိုယ်ကျင့်တရားကောင်းသူများဖြစ်ရမည်။ အတင်းအဖျင်းမပြောသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ အရာရာ၌ ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။
သူသည် ဧည့်ဝတ်ကျေသူ၊ ကောင်းမှုကို မြတ်နိုးသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ ဖြောင့်မတ်သူ၊ သန့်ရှင်းသူ၊ ဣန္ဒြေစောင့်သူ ဖြစ်ရမည်။
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဘုရားတရားကြည်ညို၍ အတင်းအဖျင်းမပြောသူ၊ သေရည်သေရက်သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသောအရာများကို သင်ပေးတတ်သူ ဖြစ်ရန် အကြံပေးလော့။
သို့သော် သင်တို့သည် ဆင်းရဲသောသူတို့ကို ရှုတ်ချကြ၏။ သင်တို့ကို ဖိနှိပ်ချုပ်ချယ်၍ တရားရုံးသို့ ဆွဲခေါ်သွားသောသူတို့သည် ချမ်းသာသောသူများ မဟုတ်လော။
သူတို့၌ ဖောက်ပြန်လိုစိတ်နှင့် ပြည့်နှက်နေသောမျက်စိရှိ၍ အပြစ်မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း၌ တည်ငြိမ်ရင့်ကျက်မှုမရှိသေးသောသူတို့ကို ဆွဲဆောင်တတ်ကြ၏။ သူတို့သည် လောဘလွန်ကြူးရာတွင် ကျင်လည်၍ ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။
သူတို့သည် ထိုသူတို့ကို လွတ်လပ်ခွင့်ရမည်ဟု ကတိပေးသော်လည်း သူတို့ကိုယ်တိုင် ပျက်စီးခြင်း၏ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူသည် မိမိကို အနိုင်ယူစိုးမိုးသောအရာဟူသမျှ၏ ကျွန်ဖြစ်ရသောကြောင့်ဖြစ်၏။
ဦးစွာ သင်တို့အား သတိပေးလိုသည်မှာ နောက်ဆုံးသောနေ့ရက်များ၌ မထီမဲ့မြင်ပြုသူတို့သည် ပေါ်ပေါက်လာ၍ မိမိတို့၏တပ်မက်မှုများအတိုင်း ပြုမူကြလိမ့်မည်။
ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။
ထိုသားရဲသည် ထိုရုပ်တုအား အသက်သွင်းသည့် အခွင့်အာဏာကို ရရှိ၏။ ဤသည်မှာ ထိုရုပ်တုအား စကားပြောစေရန်နှင့် ထိုရုပ်တုကို မကိုးကွယ်သောသူတို့အား သတ်ရန်ဖြစ်၏။
ထိုသားရဲ၏ အမည်၊ သို့မဟုတ် သူ၏ အမည်ကို ကိုယ်စားပြုသောကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ် မရှိလျှင် မည်သူမျှ အရောင်းအဝယ် ပြုခွင့်မရ။
ထိုသူတို့သည် သန့်ရှင်းသူတို့နှင့် ပရောဖက်တို့၏ သွေးကို သွန်းခဲ့ကြသဖြင့် ထိုသူတို့နှင့် ထိုက်တန်သည့်အတိုင်း ကိုယ်တော်သည် ထိုသွေးကို သူတို့အား တိုက်တော်မူ၏” ဟုပြောသည်ကို ကျွန်ုပ်ကြားရ၏။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။