Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 2:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သူတို့​၌ ဖောက်ပြန်​လိုစိတ်​နှင့် ပြည့်နှက်နေသော​မျက်စိ​ရှိ​၍ အပြစ်​မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း​၌ တည်ငြိမ်​ရင့်ကျက်မှု​မရှိသေးသော​သူတို့​ကို ဆွဲဆောင်​တတ်ကြ၏။ သူတို့​သည် လောဘ​လွန်ကြူး​ရာတွင် ကျင်လည်​၍ ဘုရားသခင်​၏​ကျိန်စာသင့်သူများ ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သူ​တို့​၏​မျက်​စိ​သည်​အ​ကျင့်​ပျက်​သည့် အ​မျိုး​သမီး​များ​ကို​သာ​ကြည့်​လျက်​အ​ပြစ် ကူး​၍​အား​မ​ရ​နိုင်​ကြ။ သူ​တို့​သည်​ယုံ ကြည်​ခြင်း​မ​ရင့်​ကျက်​သူ​တို့​ကို​ထောင် ချောက်​ထဲ​သို့​ကျ​စေ​ကြ​၏။ လော​ဘ​လွန် ကူး​မှု​တွင်​ကျင်​လည်​ကြ​၏။ သူ​တို့​သည် ဘုရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​များ ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ချင် ရဲ မ ပြေ နိုင် သော ကိ လေ သာ မျက် စိ ရှိ လျက်၊ မ တည် ကြည် သူ တို့ ကို ဖြား ယောင်း လျက်၊ လော ဘ၌ ကျင် လည် သော စိတ် ရှိ လျက် အ မင်္ဂ လာ ခံ ထိုက် သူ များ ဖြစ် ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သူ​တို့​သည် သူ့​မ​ယား​ကို​ပြစ်​မှား​သော ကိ​လေ​သာ​နှင့် ပြည့်​စုံ​သော​မျက်​စိ​ရှိ၍၊ ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ မ​နေ​နိုင်​ကြ။ စိတ်​နှ​လုံး​မ​တည်​ကြည်​သော သူ​တို့​ကို အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။ လော​ဘ​လွန်​ကျူး​ခြင်း၌ ကျင်​လည်၍၊ ကျိန်​တော်​မူ​ခြင်း၏​သား ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သူ​တို့​၏​မျက်စိ​သည် ဖောက်ပြန်​လို​သော​ဆန္ဒ​နှင့်​ပြည့်နှက်​၍ အပြစ်​ပြု​ရာ​မှ​ရပ်တန့်​ခြင်း​မ​ရှိ​ကြ။ သူ​တို့​သည် စိတ်​မ​တည်ကြည်​သော​သူ​တို့​ကို လှည့်ဖြား​ဆွဲဆောင်​လျက် လောဘ​လွန်ကျူး​ခြင်း​၌​ကျင့်သားရ​သော စိတ်နှလုံး​ရှိ​၍ ကျိန်ဆဲ​ခြင်း​၏​သားသမီး​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 2:14
28 ပူးပေါင်းရင်းမြစ်များ  

မြွေဆိုး​အမျိုးတို့… ဆိုးသွမ်းသော​သင်တို့​သည် ကောင်းမြတ်​၍ မှန်ကန်သော​စကား​ကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံး​ထဲ၌ ပြည့်​နေသော​အရာများ​ကို နှုတ်​ဖြင့် ထုတ်ဖော်​ပြောဆိုတတ်​သောကြောင့်​ဖြစ်၏။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် မုဆိုးမတို့​၏ အိမ်များ​ကို သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ​သောကြောင့်​ဖြစ်၏။ သို့ဖြစ်၍ သင်တို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်။


ထို့နောက် ရှင်ဘုရင်​က လက်ဝဲတော်ဘက်​၌ ရှိသော​သူတို့​အား ‘ကျိန်ဆဲခြင်း​ခံရသော​သူတို့… ငါ့​ထံမှ ထွက်သွားကြလော့။ မာရ်နတ်​နှင့် သူ​၏ နတ်ဆိုးများ​အတွက် ပြင်ဆင်ထားသော​ထာဝရ​မီး​ထဲသို့ သွားကြလော့။


သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ အမျိုးသမီး​တစ်ဦး​ကို တဏှာစိတ်​ဖြင့် ကြည့်သော​သူ​သည် စိတ်ထဲ​၌ ထို​အမျိုးသမီး​ကို ပြစ်မှားပြီ။


ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက်​အတုအယောင်များ ပေါ်လာ​လိမ့်မည်။ ထို​သူတို့​သည် ဖြစ်နိုင်​ပါက ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြုကြ​လိမ့်မည်။


သင်တို့​သည် အချင်းချင်း​ဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်​၏ ဂုဏ်ပြုချီးမြှောက်ခြင်း​ကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့​သည် ငါ့​ကို မယုံကြည်ဘဲ​နေသည်​မှာ အံ့ဩစရာ​မရှိ။


ထို​သူတို့​သည် ကျွန်ုပ်တို့​သခင်​ခရစ်တော်​၏ အမှု​ကို မဆောင်ရွက်ဘဲ ကိုယ်ကျိုး​ကိုသာ ဆောင်ရွက်သော​သူများ ဖြစ်ကြ၏။ ထို​သူတို့​သည် ချိုသာသောစကား​နှင့် မြှောက်ပင့်သော​စကား​ဖြင့် ရိုးသားသော​သူတို့​၏ စိတ်​ကို လှည့်ဖြားတတ်ကြ၏။


သင်တို့​ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်​မှာ ကျိုးကြောင်း​ဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများ​သည် ပေါ်လွင်​ထင်ရှားမည်​ဖြစ်၏။


ကျွန်ုပ်တို့​အားလုံး​သည်လည်း တစ်ချိန်​က ထို​သူတို့​ကဲ့သို့​ပင် လူ့​ဗီဇစိတ်​၏ တပ်မက်မှု​အတိုင်း လုပ်ဆောင်​၍ စိတ်​နှင့် ခန္ဓာတို့​၏ အလို​အတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် သဘာဝ​အားဖြင့် အခြားသူတို့​ကဲ့သို့ပင် ဘုရားသခင်​၏ အမျက်တော်​ကို ခံထိုက်သူများ​ဖြစ်ကြ၏။


ထိုအခါ ကျွန်ုပ်တို့​သည် မရင့်ကျက်သေးသော ကလေးသူငယ်များ​ကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေ​သည် လှိုင်းလေတို့​၌ လွန့်လူးနေ​သကဲ့သို့ ကျွန်ုပ်တို့​သည် ပရိယာယ်​ဖြင့် လမ်းလွဲ​စေရန် လှည့်ဖြားတတ်သော သူတို့​၏ အမျိုးမျိုးသော သွန်သင်မှု​နောက်သို့ ပါသွားမည် မဟုတ်ပေ။


မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်း​နှင့် ကောင်းကင်တမန်များ​ကို ကိုးကွယ်ခြင်းတို့​ကို အတင်းအကျပ်​ပြုစေသော​သူ တစ်စုံတစ်ယောက်​ကိုမျှ သင်တို့​၏ ဆု​ကို လုယူခွင့် မပေးနှင့်။ ထိုသို့သော​သူတို့​သည် မိမိတို့​မြင်ရသော အထူး​ရူပါရုံများ​ကြောင့် အခြား​သူတို့​ထက် သာလွန်သည်​ဟု မှတ်ယူ​၍ လူ့​အတွေးအခေါ်​ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။


ထိုသို့သော​သူ​သည် စိတ်​နှစ်ခွ​ရှိပြီး လုပ်ဆောင်​သမျှ​တွင် တည်ကြည်မှု​မရှိသောသူ​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။


ထို​သူတို့​သည် မိမိတို့​၏ လောဘစိတ်​နှင့် လုပ်ကြံ​ဇာတ်လမ်းများ​ဖြင့် သင်တို့​အပေါ် အမြတ်ထုတ်ကြ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သူတို့ ခံရမည့်​ပြစ်ဒဏ်​ကို ယခင်​ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့​၏ ပျက်စီးခြင်း​ကိုလည်း နှောင့်နှေး​စေတော်မူမည် မဟုတ်။


ပေါလု​သည် ဤ​အကြောင်းအရာများ​နှင့်​ပတ်သက်​၍ သူ​၏​စာ​အားလုံး​တွင်လည်း ဤ​အတိုင်း​ပင် ရေးသားထား၏။ သူ​၏ စာများ​ထဲတွင် နားလည်​ရန် ခက်ခဲသော အကြောင်းအရာ​တချို့ ပါဝင်၏။ မသိ​နားမလည်သူများ​နှင့် တည်ငြိမ်​ရင့်ကျက်မှု​မရှိသော​သူများ​သည် အခြား​ကျမ်းများ​ကို ပြု​သကဲ့သို့ ထို​စာ​၏ အနက်​ကိုလည်း မှောက်လှန်​၍ မိမိကိုယ်ကိုယ် ပျက်စီး​စေတတ်ကြ၏။


အဘယ်ကြောင့်ဆိုသော် လောက​၌ ရှိသမျှသော အသွေးအသား​၏​တပ်မက်ခြင်း၊ မျက်စိ​၏​တပ်မက်ခြင်း၊ စည်းစိမ်​ကြွားဝါခြင်း​တို့​သည် ခမည်းတော်​ထံမှ မဟုတ်ဘဲ ဤ​လောက​မှ လာ​သောကြောင့်​ဖြစ်၏။


သူတို့​သည် အမင်္ဂလာ​ရှိကြ၏။ သူတို့​သည် ကာဣန​၏​လမ်းစဉ်​သို့ လိုက်ကြပြီ။ ဗာလမ်​သည် အခကြေးငွေ​ကို ရလို​၍ မှားယွင်း​သကဲ့သို့ ဗာလမ်​နည်းတူ အလျင်အမြန်​မှားယွင်းကြပြီ။ ကောရ​ကဲ့သို့ ပုန်ကန်​သဖြင့် ပျက်စီး​ဆုံးရှုံးကြပြီ။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ