သူတစ်ပါးကို ချစ်ခင်ဟန် မဆောင်နှင့်။ စစ်မှန်စွာ ချစ်လော့။ မကောင်းမှုကို မုန်းတီး၍ ကောင်းမှုကို စွဲလမ်းကြလော့။
၂ ကော 8:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသည်မှာ ကျွန်ုပ်သည် သင်တို့ကို အမိန့်ပေးနေခြင်းမဟုတ်။ သို့သော် သင်တို့၏ ချစ်ခြင်းမေတ္တာစစ်မှန်မှုကို အခြားသူတို့၏ စိတ်အားထက်သန်မှုနှင့် နှိုင်းယှဉ်၍ စစ်ဆေးခြင်းသာဖြစ်၏။ Common Language Bible ဤကားအမိန့်ပေးခြင်းမဟုတ်။ သူတစ်ပါး တို့၏စေတနာထက်သန်ကြပုံကိုသင်တို့ အားပြောရခြင်းမှာသင်တို့၏မေတ္တာအဘယ် မျှစစ်မှန်သည်ကိုသိရှိနိုင်ရန်အတွက်ဖြစ် ၏။- Garrad Bible ထို သို့ ဆို သော် ငါ ပ ညတ် ထား သည် မ ဟုတ်၊ အ ခြား သူ တို့၏ စိတ် အား ကြီး ခြင်း ကို ထောက် လျက် သင် တို့၌ မေတ္တာ စင် စစ် ရှိ ကြောင်း ထင် ရှား စေ လို၍ ပြော ဆို၏။ Judson Bible ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့် ဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဆိုသော် ပညတ်ချက်အနေဖြင့် ငါဆိုသည်မဟုတ်။ အခြားသူတို့၏စိတ်အားထက်သန်မှုအားဖြင့် သင်တို့ချစ်ခြင်းမေတ္တာ၏စစ်မှန်မှုကို စစ်ဆေးနေခြင်းသာဖြစ်၏။ |
သူတစ်ပါးကို ချစ်ခင်ဟန် မဆောင်နှင့်။ စစ်မှန်စွာ ချစ်လော့။ မကောင်းမှုကို မုန်းတီး၍ ကောင်းမှုကို စွဲလမ်းကြလော့။
သခင်ဘုရားထံမှ လာသော ပညတ်မဟုတ်သော်လည်း အခြားသောသူတို့အား ကျွန်ုပ်ပြောလို၏။ ယုံကြည်သောအမျိုးသားတစ်ဦးတွင် မယုံကြည်သောဇနီး ရှိပြီး ထိုဇနီးသည် သူနှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်လိုပါက သူသည် ထိုဇနီးကို မကွာရှင်းရ။
အိမ်ထောင်မပြုသေးသူများနှင့်ပတ်သက်၍ သခင်ဘုရားထံမှ လာသောပညတ်ကို ကျွန်ုပ်မရသော်လည်း သခင်ဘုရား၏ ကျေးဇူးတော်ကို ခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ကျွန်ုပ်၏ ထင်မြင်ချက်ကို ပေးပါမည်။
ဖြူစင်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံခြင်း၊ စစ်မှန်သောချစ်ခြင်းမေတ္တာရှိခြင်း၊
ဤအမှုနှင့်ပတ်သက်၍ သင်တို့အတွက် ကျွန်ုပ် အကောင်းဆုံး အကြံပေးမည်။ လွန်ခဲ့သောနှစ်က သင်တို့သည် ဤအမှုကို အစပြုခဲ့သည်သာမက ပြုလုပ်ရန်လည်း ဆန္ဒရှိခဲ့ကြ၏။
ထို့ကြောင့် သင်တို့၏ ချစ်ခြင်းမေတ္တာကို သူတို့အား ပြ၍ သင်တို့အကြောင်း ကျွန်ုပ်တို့ ကြွားဝါထားသောအရာများကို အသင်းတော်များ ရှေ့၌ သက်သေပြကြလော့။
လှူဒါန်းလိုသော သင်တို့၏စေတနာစိတ်ကို ကျွန်ုပ်သိ၏။ ထိုသို့စေတနာစိတ်ရှိကြောင်းကို မာကေဒေါနိပြည်သားတို့အား “အခါယပြည်၌ရှိသော ညီအစ်ကိုတို့သည် လွန်ခဲ့သောနှစ်ကတည်းကပင် လှူဒါန်းရန် အသင့်ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ကျွန်ုပ်ပြောပြထား၏။ ထိုအခါ သင်တို့၏ စေတနာစိတ်သည် သူတို့အားလုံးနီးနီးကို နှိုးဆော်စေခဲ့၏။
လူတိုင်း မိမိစိတ်ထဲ၌ လှူဒါန်းရန် ဆုံးဖြတ်ထားသည့်အတိုင်း လှူဒါန်းသင့်၏။ နှမြောသောစိတ်ဖြင့် သော်လည်းကောင်း၊ ဝတ္တရားအရဟူသောစိတ်ဖြင့်သော်လည်းကောင်း မလှူဒါန်းရ။ ဘုရားသခင်သည် စေတနာစိတ်ဖြင့် ရက်ရောစွာ လှူဒါန်းသောသူကို နှစ်သက်တော်မူ၏။
ကျွန်ုပ်တို့သည် သမ္မာတရားကို မေတ္တာဖြင့် အစဉ် နာခံဟောပြောလျက် အသင်းတော်၏ ဦးခေါင်း ဖြစ်တော်မူသော ခရစ်တော်နှင့် ပိုမို တူညီလာ၍ အစစအရာရာတွင် ကြီးထွားကြမည် ဖြစ်၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို မပျက်ပြယ်သော ချစ်ခြင်းဖြင့် ချစ်သောသူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါစေသော။ ဧဖက်ဩဝါဒစာ ပြီးပါပြီ။
မေတ္တာထားရန်နှင့် ကောင်းမှုပြုရန် အချင်းချင်း မည်သို့နှိုးဆော်ရမည်ကို စဉ်းစားဆင်ခြင်ကြပါစို့။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။