Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဤ​အမှု​နှင့်​ပတ်သက်၍ သင်တို့​အတွက် ကျွန်ုပ် အကောင်းဆုံး အကြံ​ပေးမည်။ လွန်ခဲ့သော​နှစ်​က သင်တို့​သည် ဤ​အမှု​ကို အစပြုခဲ့သည်​သာမက ပြုလုပ်​ရန်လည်း ဆန္ဒ​ရှိခဲ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ယ​မန်​နှစ်​က​သင်​တို့​အ​စ​ပြု​သည့်​အ​မှု​ကို ယ​ခု​အ​ဆုံး​သတ်​သင့်​ကြ​သည်​ဟု​ငါ​ထင် မြင်​၏။ သင်​တို့​သည်​စေ​တ​နာ​နှင့်​ပေး​လှူ​မှု ကို​အ​စ​ပြု​ခဲ့​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အ ထက် ဆို ရာ၌ ယ မန် နှစ် က ဦး စွာ ထောက် ပံ့ သည် သာ မ က ထောက် ပံ့ မည့် ဆန္ဒ ရှိ သော သင် တို့ နှင့် သင့် လျော် သည့် အ တိုင်း အ ကြံ ကို သာ ငါ ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဤ​အ​မှု၌ ငါ​သည် ကိုယ်​သ​ဘော​ကို​ပြ၏။ မ​နှစ်​က​ပင် အ​ဦး​ပြု​သည်​သာ​မ​က၊ စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​သော​သင်​တို့​သည် ဤ​အ​မှု​ကို​ပြီး​စေ​လျှင် သာ၍ ကောင်း​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဤ​ကျေးဇူးပြု​ခြင်း​အမှု​နှင့်​ပတ်သက်၍ အကြံ​တစ်​ခု​ကို ငါ​ပေး​မည်။ ဤ​အကြံ​ကား လွန်ခဲ့​သော​နှစ်​ကတည်းက ဤ​အမှု​ကို အစပြု​ခဲ့​သည်​သာမက ပြုလုပ်​ရန်​လည်း ဆန္ဒ​ရှိ​ကြ​သော​သင်​တို့​အတွက် အကျိုး​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:10
18 ပူးပေါင်းရင်းမြစ်များ  

ငါ့​တပည့်​၏ မျက်နှာ​ကို​ထောက်​၍ ဤ​အသေးနုပ်ဆုံးသောသူ​ထဲမှ တစ်ဦး​အား ရေအေး​တစ်ခွက်​ကို တိုက်သော​သူသည် အကျိုးကျေးဇူး​ကို မခံစားဘဲ​မနေရ​ဟု ငါ​အမှန်​ဆို၏” ဟု ညွှန်ကြား​လျက် မိန့်တော်မူ၏။


တစ်မျိုးသားလုံး သေကျေ​ပျက်စီးခြင်း​ထက် လူထု​ကိုယ်စား လူတစ်ဦး​တစ်ယောက် အသေခံခြင်း​သည် ပို​၍​ကောင်းသည်​ကို သင်တို့​မသိကြသလော” ဟု ဆို၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ထိုသို့​ငါ​သွားရခြင်း​သည် သင်တို့​အတွက် အကျိုး​ရှိ၏။ ငါ​မသွား​လျှင် ကူညီမစမည့်​အရှင်​သည် ကြွလာမည်​မဟုတ်။ ငါ​သွား​လျှင် ထို​အရှင်​ကို သင်တို့​ထံသို့ ငါ​စေလွှတ်မည်။


ထို​ကယာဖ​မှာ “လူထု​ကိုယ်စား လူတစ်ဦး​တစ်ယောက်​အသေခံခြင်း​သည် ပို​၍​ကောင်းသည်” ဟူ၍ အခြား​ဂျူးခေါင်းဆောင်များ​ကို အကြံပေးခဲ့သူ​ဖြစ်၏။


သင်တို့​က “ငါ​၌ မည်သည့်​အရာ​ကို​မဆို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာတိုင်း​သည် သင်တို့​အတွက် ကောင်းသည်​မဟုတ်။ သင်တို့​က “ငါ​၌ မည်သည့်​အရာ​ကို​မဆို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာ​အားလုံး​သည် အကျိုး​ရှိစေသည်​မဟုတ်။


ကျွန်ုပ်​ရောက်လာ​သောအခါ အလှူငွေ​ကောက်ခံစရာ မလို​စေရန် အပတ်တိုင်း​၏ ပထမနေ့​တွင် သင်တို့​တစ်ဦးချင်းစီ​က ရရှိသော​ဝင်ငွေ​ထဲမှ တချို့​ကို ထုတ်​၍ စုထားကြလော့။


သင်တို့​က “ငါ​သည် အရာ​အားလုံး​ကို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆို၏။ သို့သော် အရာ​အားလုံး​သည် အကျိုး​ရှိသည်​မဟုတ်ပေ။ “ငါ​သည် အရာ​အားလုံး​ကို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆို​သော်လည်း မည်သည့်​အရာ​၏ စိုးမိုးခြင်း​ကိုမျှ ကျွန်ုပ်​ခံမည်​မဟုတ်။


အိမ်ထောင်​မပြုသေးသူများ​နှင့်​ပတ်သက်၍ သခင်ဘုရား​ထံမှ လာသော​ပညတ်​ကို ကျွန်ုပ်​မရ​သော်လည်း သခင်ဘုရား​၏ ကျေးဇူးတော်​ကို ခံစားရသည့် ယုံကြည်ထိုက်သူ​တစ်ဦး​အနေဖြင့် ကျွန်ုပ်​၏ ထင်မြင်ချက်​ကို ပေးပါမည်။


မည်သို့ပင်​ဖြစ်စေ ကျွန်ုပ်​၏ ထင်မြင်ချက်​အရ သူ​သည် နောက်ထပ်​အိမ်ထောင်​မပြုဘဲ​နေလျှင် ပို၍ ကောင်း၏။ ဤသို့ ကျွန်ုပ်​ပြောဆို​ရာတွင် ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် သင်တို့​ကို အကြံပေး​ပြောဆိုခြင်း​ဖြစ်ကြောင်း ကျွန်ုပ်​မှတ်ယူပါ၏။


ကြွားဝါခြင်း​သည် အကျိုး​မရှိသော်လည်း ကျွန်ုပ်​ဆက်​၍ ကြွားဝါ​ရမည်။ ယခု​တွင်မူ သခင်ဘုရား​ထံမှ ရူပါရုံ​နှင့် ဗျာဒိတ်တော်​အကြောင်း​ကို ပြောဦးမည်။


ထို့ကြောင့် တိတု​သည် သင်တို့​အထဲ​၌ ဤ​လှူဒါန်းခြင်း​ကို စတင်​ဆောင်ရွက်ခဲ့သည့်​အားလျော်စွာ ပြီးမြောက်​အောင် ဆောင်ရွက်​နိုင်ရန် သူ့​အား ကျွန်ုပ်တို့​တိုက်တွန်းခဲ့၏။


ဤ​သည်​မှာ ကျွန်ုပ်​သည် သင်တို့​ကို အမိန့်ပေးနေခြင်း​မဟုတ်။ သို့သော် သင်တို့​၏ ချစ်ခြင်းမေတ္တာ​စစ်မှန်မှု​ကို အခြားသူတို့​၏ စိတ်အားထက်သန်မှု​နှင့် နှိုင်းယှဉ်​၍ စစ်ဆေးခြင်း​သာ​ဖြစ်၏။


လှူဒါန်း​လိုသော သင်တို့​၏​စေတနာစိတ်​ကို ကျွန်ုပ်​သိ၏။ ထိုသို့​စေတနာစိတ်​ရှိကြောင်း​ကို မာကေဒေါနိပြည်သားတို့​အား “အခါယပြည်​၌​ရှိသော ညီအစ်ကိုတို့​သည် လွန်ခဲ့သော​နှစ်​ကတည်း​ကပင် လှူဒါန်း​ရန် အသင့်​ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွား​စွာ ကျွန်ုပ်​ပြောပြထား၏။ ထိုအခါ သင်တို့​၏ စေတနာစိတ်​သည် သူတို့​အားလုံး​နီးနီး​ကို နှိုးဆော်စေခဲ့၏။


ဤသို့​ပြောခြင်း​သည် သင်တို့​ထံမှ နောက်ထပ်​အလှူ​ကို ရလို​၍ မဟုတ်။ သင်တို့​၏ ရက်ရောမှု​အတွက်​ကြောင့် အသီးအပွင့်​ကို သင်တို့ ပို​၍ ရရှိခံစား​စေလို​သောကြောင့် ဖြစ်၏။


ကောင်းမှုပြု​ရန်​နှင့် သူတစ်ပါး​ကို ကူညီ​ရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော​ယဇ်ပူဇော်ခြင်း​ကို ဘုရားသခင်​နှစ်သက်တော်မူ​သောကြောင့် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ