Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 9:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 လှူဒါန်း​လိုသော သင်တို့​၏​စေတနာစိတ်​ကို ကျွန်ုပ်​သိ၏။ ထိုသို့​စေတနာစိတ်​ရှိကြောင်း​ကို မာကေဒေါနိပြည်သားတို့​အား “အခါယပြည်​၌​ရှိသော ညီအစ်ကိုတို့​သည် လွန်ခဲ့သော​နှစ်​ကတည်း​ကပင် လှူဒါန်း​ရန် အသင့်​ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွား​စွာ ကျွန်ုပ်​ပြောပြထား၏။ ထိုအခါ သင်တို့​၏ စေတနာစိတ်​သည် သူတို့​အားလုံး​နီးနီး​ကို နှိုးဆော်စေခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သင်​တို့​ကူ​ညီ​ထောက်​ပံ့​ရန်​စိတ်​စေ​တ​နာ ထက်​သန်​ကြ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် တို့​အ​ကြောင်း​ကို​မာ​ကေ​ဒေါ​နိ​ပြည်​သား တို့​အား​ငါ​ကြွား​ဝါ​ခဲ့​၏။ ``အ​ခါ​ယ​ပြည် ရှိ​ညီ​အစ်​ကို​တို့​သည်​ယ​မန်​နှစ်​က​ပင်​လျှင် ပေး​လှူ​ရန်​အ​သင့်​ရှိ​ကြ​၏'' ဟု​သူ​တို့​အား ငါ​ပြော​ကြား​ခဲ့​၏။ သင်​တို့​၏​စိတ်​စေ​တ​နာ ထက်​သန်​မှု​ကြောင့်​ထို​သူ​တို့​အား​လုံး​လို လို​ပင်​စိတ်​အား​တက်​ကြွ​လာ​ပေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ကြောင်း​မူ​ကား၊ သင်​တို့၏ စေ​တ​နာ​စိတ်​ကို ငါ​သိ၏။ သင်​တို့၌​ရှိ​သော ထို​စေ​တ​နာ​စိတ်​ကို ငါ​ဝါ​ကြွား၍ အ​ခါ​ယ​ပြည်​သူ​ပြည်​သား​တို့​သည် မ​နှစ်​က​ပင် အ​သင့်​ရှိ​ကြ​ပြီ​ဟု မာ​ကေ​ဒေါ​နိ​လူ​တို့​အား ငါ​ဆို​တတ်၏။ ထို​သို့ သင်​တို့ စေ​တ​နာ​စိတ်​အား​ကြီး​ခြင်း အ​ကြောင်း​အ​ရာ​သည် အ​များ​သော​သူ​တို့​ကို နှိုး​ဆော် တိုက်​တွန်း​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အကြောင်းမူကား သင်​တို့​၏​စေတနာ​စိတ်​ကို ငါ​သိ​၏။ ထို​စေတနာ​စိတ်​အတွက် ငါ​သည် မာကေဒေါနိ​ပြည်သား​တို့​အား “အခါယ​ပြည်​သည် လွန်ခဲ့​သော​နှစ်​ကတည်းက​ပင် အသင့်​ပြင်ဆင်​ထား​ပြီ”​ဟု သင်​တို့​အကြောင်း​ကို​ဝါကြွား​ထား​၏။ ထိုအခါ သင်​တို့​၏​စိတ်အား​ထက်သန်​မှု​သည် များစွာ​သော​သူ​တို့​ကို နှိုးဆော်​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 9:2
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဂါလျန်မင်း​သည် အခါယပြည်​၏​မြို့ဝန်မင်း​ဖြစ်​သောအခါ ဂျူးတို့​သည် ပေါလု​ကို ပူးပေါင်း​ဆန့်ကျင်​၍ တရားခွင်​သို့ ခေါ်ဆောင်သွားကြ၏။


ယခု​နှစ်ပေါင်းများစွာ​ကြာ​ပြီးနောက် အကျွန်ုပ်​သည် မိမိ​လူမျိုး​ထဲမှ ဆင်းရဲနွမ်းပါးသော​သူတို့​အား ပေးကမ်းစွန့်ကြဲ​ရန်​နှင့် ဘုရားသခင်​အား ပူဇော်စရာများ​လှူဒါန်း​ရန် ဂျေရုဆလင်မြို့​သို့ ပြန်လာပါ၏။


အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်​နှင့် အခါယပြည်​ရှိ ယုံကြည်သောသူများ​က မိမိတို့​၏​ငွေများ​ကို ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူများ​ထဲမှ ဆင်းရဲသော​သူတို့​အား စေတနာ​ထက်သန်​စွာ လှူဒါန်း​လို​သောကြောင့် ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… သတေဖနာ​နှင့် သူ​၏ အိမ်သူအိမ်သားတို့​သည် ဂရိပြည်​တွင် ပထမဆုံး ယုံကြည်​သက်ဝင်လာကြသော​သူများ​ဖြစ်ပြီး ယုံကြည်သူများ​ကို အစေခံ​ရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများ​ဖြစ်ကြောင်း သင်တို့​သိကြ၏။


ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရသော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က ကောရိန္သုမြို့​ရှိ ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယပြည်​တစ်ဝန်းလုံး​၌ နေထိုင်သော ယုံကြည်သူ​အားလုံး​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​အကြောင်း​ကို တိတု​အား ကြွားဝါခဲ့​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို အရှက်​မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့​အား ကျွန်ုပ်​ပြောခဲ့သော အရာ​အားလုံး​သည် မှန်နေ​သကဲ့သို့ တိတု​ကို ကျွန်ုပ်တို့​ကြွားဝါခဲ့သော သင်တို့​အကြောင်း​သည်လည်း မှန်နေ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ကို အလွန်​ယုံကြည်စိတ်ချ​၍ သင်တို့​အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်​သည် နှစ်သိမ့်မှု​ကို အပြည့်အဝ​ရရှိ​သဖြင့် ဆင်းရဲဒုက္ခ​အမျိုးမျိုး​နှင့် ရင်ဆိုင်ရ​သော်လည်း ဝမ်းမြောက်​လျက်​ရှိ၏။


ဤ​အမှု​နှင့်​ပတ်သက်၍ သင်တို့​အတွက် ကျွန်ုပ် အကောင်းဆုံး အကြံ​ပေးမည်။ လွန်ခဲ့သော​နှစ်​က သင်တို့​သည် ဤ​အမှု​ကို အစပြုခဲ့သည်​သာမက ပြုလုပ်​ရန်လည်း ဆန္ဒ​ရှိခဲ့ကြ၏။


သို့ဖြစ်၍ သင်တို့​အစပြုခဲ့သည့်​အရာ​ကို ပြီးမြောက်​အောင် ဆောင်ရွက်ကြလော့။ ဆောင်ရွက်​ရန် ဆန္ဒ​ပြင်းပြခဲ့ကြ​သကဲ့သို့ ဆောင်ရွက်ရာ​တွင်​လည်း စေတနာစိတ်​ရှိကြလော့။ သင်တို့​တတ်နိုင်သမျှ​ကို လှူဒါန်းကြလော့။


ထို့ပြင် ကျွန်ုပ်တို့​ကောက်ခံ​ဆောင်ရွက်နေသော အလှူငွေ​ကို သယ်ယူပို့ဆောင်ပေးသည့်​အမှု​၌ ကျွန်ုပ်တို့​နှင့်အတူ ခရီးပြု​ရန် အသင်းတော်များ​၏ ရွေးချယ်​ခန့်ထားခြင်း​ခံရသူ​လည်း ဖြစ်၏။ ဤ​အလှူငွေ​ကောက်သည့်​အမှု​မှာ ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန်​နှင့် ကျွန်ုပ်တို့​၏ စေတနာစိတ်​ကို ပြ​ရန်​ဖြစ်၏။


ထို့ကြောင့် သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို သူတို့​အား ပြ​၍ သင်တို့​အကြောင်း ကျွန်ုပ်တို့ ကြွားဝါထားသော​အရာများ​ကို အသင်းတော်များ ရှေ့​၌ သက်သေပြကြလော့။


ဤ​သည်​မှာ ကျွန်ုပ်​သည် သင်တို့​ကို အမိန့်ပေးနေခြင်း​မဟုတ်။ သို့သော် သင်တို့​၏ ချစ်ခြင်းမေတ္တာ​စစ်မှန်မှု​ကို အခြားသူတို့​၏ စိတ်အားထက်သန်မှု​နှင့် နှိုင်းယှဉ်​၍ စစ်ဆေးခြင်း​သာ​ဖြစ်၏။


သို့ဖြစ်၍ သင်တို့​သည် မာကေဒေါနိပြည်​၌​သာမက အခါယပြည်​တွင် ရှိကြသော ယုံကြည်သူ​အားလုံး​အတွက် စံနမူနာ​ဖြစ်ကြ၏။


မေတ္တာ​ထား​ရန်​နှင့် ကောင်းမှုပြု​ရန် အချင်းချင်း မည်သို့​နှိုးဆော်​ရမည်​ကို စဉ်းစား​ဆင်ခြင်ကြပါစို့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ