Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ထို့ကြောင့် သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို သူတို့​အား ပြ​၍ သင်တို့​အကြောင်း ကျွန်ုပ်တို့ ကြွားဝါထားသော​အရာများ​ကို အသင်းတော်များ ရှေ့​၌ သက်သေပြကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ထို​ကြောင့်​သင်​တို့​အ​ကြောင်း​ငါ​တို့​ဂုဏ်​ယူ ဝါ​ကြွား​သည့်​အ​တိုင်း​မှန်​ကန်​ကြောင်း​ထို သူ​တို့​သည်​လည်း​ကောင်း၊ အ​သင်း​တော်​များ သည်​လည်း​ကောင်း​သိ​ရှိ​နိုင်​ကြ​စေ​ရန်​သူ တို့​အား​မေတ္တာ​ပြ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 သို့ ဖြစ်၍ အ သင်း တော် တို့ ရှေ့ သင် တို့ ချစ် ခြင်း လ က္ခ ဏာ၊ ငါ တို့ ဂုဏ် တင် ရာ ဂုဏ် တင် ကြောင်း လ က္ခ ဏာ များ ကို သူ တို့ အား ပြ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထို​ကြောင့်၊ သင်​တို့၏ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ ငါ​တို့​သည် သင်​တို့​ကြောင့် ကြွား​ဝါ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​သင်း​တော်​များ​မျက်​မှောက်၌ ထို​သူ​တို့​အား ထင်​ရှား​စွာ​ပြ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့ကြောင့် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​နှင့် သင်​တို့​အကြောင်း ငါ​တို့​ဝါကြွား​ထား​သော​အရာ​တို့​ကို အသင်းတော်​များ​ရှေ့မှောက်​၌ သူ​တို့​အား​သက်သေ​ပြ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:24
5 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​၌ အသင်းတော်​သည် ငြိမ်းချမ်း​၍ တည်တံ့ခိုင်မြဲ​လာ၏။ သခင်ဘုရား​ကို ကြောက်ရွံ့ခြင်း​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​နှစ်သိမ့်အားပေးခြင်း​တို့​ဖြင့် ရှင်သန်​၍ အသင်းသား​အရေအတွက်​သည်လည်း တိုးပွားလာ၏။


ကျွန်ုပ်​သည် သင်တို့​အကြောင်း​ကို တိတု​အား ကြွားဝါခဲ့​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို အရှက်​မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့​အား ကျွန်ုပ်​ပြောခဲ့သော အရာ​အားလုံး​သည် မှန်နေ​သကဲ့သို့ တိတု​ကို ကျွန်ုပ်တို့​ကြွားဝါခဲ့သော သင်တို့​အကြောင်း​သည်လည်း မှန်နေ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ကို အလွန်​ယုံကြည်စိတ်ချ​၍ သင်တို့​အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်​သည် နှစ်သိမ့်မှု​ကို အပြည့်အဝ​ရရှိ​သဖြင့် ဆင်းရဲဒုက္ခ​အမျိုးမျိုး​နှင့် ရင်ဆိုင်ရ​သော်လည်း ဝမ်းမြောက်​လျက်​ရှိ၏။


ဤ​သည်​မှာ ကျွန်ုပ်​သည် သင်တို့​ကို အမိန့်ပေးနေခြင်း​မဟုတ်။ သို့သော် သင်တို့​၏ ချစ်ခြင်းမေတ္တာ​စစ်မှန်မှု​ကို အခြားသူတို့​၏ စိတ်အားထက်သန်မှု​နှင့် နှိုင်းယှဉ်​၍ စစ်ဆေးခြင်း​သာ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ