Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 တိတု​အကြောင်း​နှင့် ပတ်သက်၍ ပြောရ​လျှင် သူ​သည် သင်တို့​ကို ကူညီ​ရန် ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော ကျွန်ုပ်​၏ လုပ်ဖော်ကိုင်ဖက်​တစ်ဦး​ဖြစ်သည်​ဟု ဆိုရပေမည်။ သူ​နှင့်အတူ​ပါရှိသော အခြား​ညီအစ်ကိုများ​မှာ ခရစ်တော်​၏ ဘုန်းတော်​ဖြစ်သော အသင်းတော်တို့​၏ ကိုယ်စားလှယ်များ​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 တိ​တု​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ရ​မည်​ဆို​သော် သူ​သည်​သင်​တို့​၏​အ​မှု​ကိစ္စ​များ​တွင် ငါ​နှင့် အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​သူ​ငါ​၏​လုပ်​ဖော်​ကိုင် ဘက်​ဖြစ်​၏။ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ သော​အ​ခြား​ညီ​အစ်​ကို​များ​မှာ​အ​သင်း တော်​တို့​၏​ကိုယ်​စား​လှယ်​များ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 တိ တု မှာ ငါ့ အ ပေါင်း အ ဖော်၊ သင် တို့ အ ဖို့ ငါ့ လုပ် ဖော် ဆောင် ဘက် ဖြစ်၏။ ဆို ခဲ့ သည့် ညီ အစ် ကို တို့ မှာ ခရစ် တော်၏ ကြက် သ ရေ ဆောင် အ သင်း တော် တို့ တ မန် များ ဖြစ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 တိ​တု​သည် အ​ဘယ်​သို့​သော​သူ​နည်း​ဟု တစ်​စုံ​တစ်​ယောက်​မေး​လျှင် ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်၏။ သင်​တို့​အ​မှု​ကို ငါ​နှင့်​အ​တူ ဆောင်​ရွက်​သော​သူ​လည်း ဖြစ်၏။ အ​ခြား​သော ညီ​အစ်​ကို​တို့​မူ​ကား၊ အ​ဘယ်​သို့​သော​သူ​နည်း​ဟု မေး​လျှင်၊ အ​သင်း​တော်​များ၏ တ​မန်​ဖြစ်​ကြ၏။ ခ​ရစ်​တော်၏​ဘုန်း​အ​သ​ရေ​လည်း ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 တိတု​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​သည် ငါ​၏​အပေါင်းအဖော်​ဖြစ်​ပြီး သင်​တို့​အတွက် ငါ​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​၏။ ငါ​တို့​၏​အခြား​ညီအစ်ကို​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​တို့​သည် ခရစ်တော်​၏​ဘုန်း​အသရေ​တည်းဟူသော အသင်းတော်​များ​၏​စေတမန်​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:23
20 ပူးပေါင်းရင်းမြစ်များ  

ရှိမုန်​နှင့်​လုပ်ဖော်ကိုင်ဖက်​ဖြစ်သည့် ဇေဗေဒဲ​၏​သား​နှစ်ဦး ယာကုပ်​နှင့် ယောဟန်​တို့​သည်လည်း အံ့ဩကြ၏။ ယေရှု​က “မကြောက်နှင့်။ ယခု​မှစ၍ သင်​သည် လူများ​ကို​ဖမ်းသော​တံငါ ဖြစ်​လိမ့်မည်” ဟု ရှိမုန်​အား မိန့်တော်မူ၏။


ထို့ကြောင့် သူတို့​သည် အခြား​လှေ​မှ အဖော်​တံငါသည်များ​ကို အချက်ပြ​၍ အကူအညီ​တောင်းကြ၏။ ထို​သူတို့​သည်​လာ​၍ လှေ​နှစ်စင်းလုံး​တွင် ငါးများ​ပြည့်အောင်​ထည့်ကြ​သဖြင့် လှေတို့​သည် နစ်မြုပ်​လုမတတ် ဖြစ်၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ကျွန်​သည် သခင်​ထက် သာ​၍ ကြီးမြတ်သည်​မဟုတ်။ အစေလွှတ်ခံ​သည်လည်း စေလွှတ်သူ​ထက် သာ​၍ ကြီးမြတ်သည်​မဟုတ်။


ယောက်ျား​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​အတိုင်း ဖန်ဆင်းခံရသူ​ဖြစ်ပြီး ဘုရားသခင်​၏ ဘုန်းအသေရေတော်​ထင်ဟပ်​သောကြောင့် မိမိ​ဦးခေါင်း​ကို မဖုံးသင့်ပေ။ မိန်းမ​မှာမူ ယောက်ျား​၏ ဘုန်းအသရေ​ထင်ဟပ်သူ​ဖြစ်၏။


ကျွန်ုပ်​သည် တိတု​ကို သင်တို့​ထံ သွား​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ အခြား​ညီအစ်ကို​တစ်ယောက်​ကိုလည်း စေလွှတ်ခဲ့၏။ တိတု​သည် သင်တို့​အပေါ် အမြတ်ထုတ်​ခဲ့ဖူးသလော။ ကျွန်ုပ်တို့​သည် စိတ်​သဘောချင်း​တူ​၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်​မဟုတ်လော။


သို့သော်လည်း အားငယ်သောသူတို့​ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်​သည် တိတု​ရောက်လာခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို နှစ်သိမ့်ပေးတော်မူ၏။


သင်တို့​အား ကူညီ​ရန် ကျွန်ုပ်​၌​စိတ်အားထက်သန်မှု​ရှိ​သကဲ့သို့ တိတု​၌လည်း ရှိစေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


တိတု​နှင့်အတူ အခြား​ညီအစ်ကို​တစ်ဦး​ကိုလည်း ကျွန်ုပ်တို့​စေလွှတ်လိုက်ပါ၏။ ထို​ညီအစ်ကို​သည် သတင်းကောင်း​ကို ဟောပြောရာ​တွင် အသင်းတော်တို့​၌ ချီးမွမ်းခံရသောသူ​ဖြစ်၏။


ထို့ပြင် ကျွန်ုပ်တို့​ကောက်ခံ​ဆောင်ရွက်နေသော အလှူငွေ​ကို သယ်ယူပို့ဆောင်ပေးသည့်​အမှု​၌ ကျွန်ုပ်တို့​နှင့်အတူ ခရီးပြု​ရန် အသင်းတော်များ​၏ ရွေးချယ်​ခန့်ထားခြင်း​ခံရသူ​လည်း ဖြစ်၏။ ဤ​အလှူငွေ​ကောက်သည့်​အမှု​မှာ ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန်​နှင့် ကျွန်ုပ်တို့​၏ စေတနာစိတ်​ကို ပြ​ရန်​ဖြစ်၏။


ထို​သူတို့​နှစ်ယောက်​နှင့်အတူ နောက်ထပ်​ညီအစ်ကို​တစ်ဦး​ကိုလည်း ကျွန်ုပ်တို့​စေလွှတ်လိုက်၏။ ထို​သူ​အား အကြိမ်ကြိမ် စိစစ်ကြည့်​ရာ သူ​သည် ကူညီ​ရန် အစဉ်​စိတ်အား​ထက်သန်ကြောင်း ကျွန်ုပ်တို့​တွေ့ရှိရ၏။ သူ​သည် သင်တို့​အပေါ် ယုံကြည်မှု​ရှိသောကြောင့် ယခု ပို၍​ပင် စေတနာ​စိတ်အားထက်သန်​လျက်​ရှိ၏။


ထို့ကြောင့် တိတု​သည် သင်တို့​အထဲ​၌ ဤ​လှူဒါန်းခြင်း​ကို စတင်​ဆောင်ရွက်ခဲ့သည့်​အားလျော်စွာ ပြီးမြောက်​အောင် ဆောင်ရွက်​နိုင်ရန် သူ့​အား ကျွန်ုပ်တို့​တိုက်တွန်းခဲ့၏။


သို့သော် ဤ​အတောအတွင်း ဧပဖြောဒိတ်​ကို သင်တို့​ထံသို့ ပြန်လည်​စေလွှတ်​သင့်သည်​ဟု ကျွန်ုပ်​ထင်မြင်ယူဆ၏။ သူ​သည် ကျွန်ုပ်​၏​လိုအပ်ချက်များ​ကို ကူညီ​ဖြည့်ဆည်း​ရန် သင်တို့​စေလွှတ်လိုက်သော သင်တို့​၏​တမန်၊ ကျွန်ုပ်​၏​ညီ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်​ဖြစ်၏။


ကျွန်ုပ်​၏ စစ်မှန်သော​လုပ်ဖော်ကိုင်ဖက်… ဤ​အမျိုးသမီး​နှစ်ဦး သင့်မြတ်​ရန် ကူညီပါလော့ ဟု သင့်​ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့​သည် အသက်​စာစောင်​တွင် အမည်​ပါရှိသော ကလေမင်​မှစ၍ အခြား​လုပ်ဖော်ကိုင်ဖက်များ​နှင့်တကွ သတင်းကောင်း​ကို ဟောပြော​ရာတွင် ကျွန်ုပ်​နှင့်အတူ လက်တွဲ​ကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။


သင်တို့​သည် ထို​သတင်းကောင်း​ကို ကျွန်ုပ်တို့​နှင့် အစေခံ​ချင်း​ဖြစ်သည့် ချစ်ခင်ရသော ဧပဖြ​ထံမှ ကြားနာခဲ့ရ၏။ သူ​သည် ခရစ်တော်​၏ သစ္စာရှိသော​အမှုဆောင်​ဖြစ်ပြီး ကျွန်ုပ်တို့​ကိုယ်စား ကူညီ​ဆောင်ရွက်နေသောသူ ဖြစ်၏။


ကျွန်ုပ်တို့​သည် ဖိလိပ္ပိမြို့​၌ ဒုက္ခ​ဆင်းရဲခြင်း​နှင့် ညှဉ်းပန်း​နှိပ်စက်ခြင်း​များ​ကို ခံခဲ့ကြောင်း သင်တို့​သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူ​သောကြောင့် ပြင်းထန်သည့် ဆန့်ကျင်​တိုက်ခိုက်မှု​ကြား​ကပင် ကိုယ်တော်​၏ သတင်းကောင်း​ကို သင်တို့​ထံ ရဲဝံ့​စွာ ဟောပြောခဲ့ကြ၏။


ဒေမ​သည် ဤ​လောက​ကို ချစ်​၍ ကျွန်ုပ်​ကို စွန့်ခွာ​ပြီး သက်သာလောနိတ်မြို့​သို့ သွားလေပြီ။ ကရက္ကေ​သည် ဂလာတိပြည်​သို့ သွားပြီ။ တိတု​သည် ဒါလမာတိပြည်​သို့ သွားပြီ။


ကျွန်ုပ်​နှင့် ယုံကြည်ချက်​တူညီ​၍ ကျွန်ုပ်​၏ သား အရင်းအချာ​ကဲ့သို့ ဖြစ်သော တိတု​ထံသို့ ဤ​စာ​ကို ပို့လိုက်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကယ်တင်ရှင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။


သင်​သည် ကျွန်ုပ်​ကို လုပ်ဖော်ကိုင်ဖက်​အဖြစ် သတ်မှတ်​လျှင် ကျွန်ုပ်​ကို​လက်ခံ​သကဲ့သို့ သူ့​ကိုလည်း လက်ခံလော့။


ကျွန်ုပ်​၏​လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြသော မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာ​တို့​သည်လည်း သင့်​ကို နှုတ်ဆက်လိုက်ပါ၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် သမ္မာတရား​အတွက် ထို​သူတို့​၏ လုပ်ဖော်ကိုင်ဖက်​ဖြစ်​နိုင်ရန် ထိုသို့သော​သူများ​ကို ကူညီထောက်ပံ့​သင့်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ