၂ ကော 9:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့ကို လှူဒါန်းသောအမှုအကြောင်းနှင့်ပတ်သက်၍ သင်တို့ထံ ကျွန်ုပ်စာရေးရန် မလိုအပ်ပေ။ အခန်းကိုကြည့်ပါ။Common Language Bible1 ယုဒပြည်ရှိဘုရားသခင်၏လူစုတော် အား ကူညီထောက်ပံ့ရေးအကြောင်းကိုသင် တို့ထံရေးသားဖော်ပြရန်မလိုပါ။- အခန်းကိုကြည့်ပါ။Garrad Bible1-2 သင် တို့ စေ တ နာ ကို ငါ သိ သည့် အ တိုင်း ယ မန် နှစ် က ပင် အ ခါ ယ အ သင်း တော် အ သင့် ရှိ နေ ကြောင်း ကို မာ ကေ ဒေါ နိ အ သင်း တော် အား ငါ ဂုဏ် တင် သည့် အ လျောက် သင် တို့ စေ တ နာ ထက် သန် ခြင်း ကြောင့် အ များ တို့ အား ကျ သော စိတ် ရှိ သည် ဖြစ်၍ သီး သန့် ထား တော် မူ သူ တို့ အား ထောက် ပံ့ မှု အ ကြောင်း သင် တို့ ထံ ရေး လိုက် သော် ပို မို ၏။ အခန်းကိုကြည့်ပါ။Judson Bible1 သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမှုအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သန့်ရှင်းသူတို့ကိုထောက်ပံ့ခြင်းအမှုနှင့်ပတ်သက်၍ ငါသည် သင်တို့ထံသို့ အထူးရေးသားရန်မလိုအပ်ပေ။ အခန်းကိုကြည့်ပါ။ |
သို့သော် ကိုယ်တော်သည် မိမိဝိညာဉ်တော်ကို သင်တို့အပေါ် သွန်းလောင်းတော်မူပြီ။ ထိုဝိညာဉ်တော်သည် သင်တို့ထဲ၌ ကိန်းအောင်း၍ သင်တို့အား အရာအားလုံးကို သွန်သင်ပေးတော်မူသဖြင့် မည်သူမျှ သင်တို့ကို သွန်သင်ပေးရန် မလိုအပ်ပါ။ ဝိညာဉ်တော်သွန်သင်ပေးတော်မူသောအရာတို့သည် မှန်ကန်၍ အမှားမရှိ။ ထို့ကြောင့် သင်တို့သည် ထိုသွန်သင်မှုအတိုင်း ခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။
အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို ငြင်းပယ်ကြသောကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်ကြပြီး ထိုအရာသည် လူမျိုးခြားဖြစ်သော သင်တို့အတွက် အကျိုးဖြစ်လာစေ၏။ သို့သော်လည်း ဘုရားသခင်သည် သူတို့၏ ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို ရွေးကောက်ထားတော်မူသောကြောင့် သူတို့အား ချစ်တော်မူဆဲ ဖြစ်၏။
သေလွန်သောသူတို့ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူသည်ကို ကျမ်းစာ၌ သင်တို့ မဖတ်ဖူးကြသလော။ သို့ဖြစ်၍ ဘုရားသခင်သည် သေလွန်သောသူတို့၏ ဘုရားမဟုတ်ပါ။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်၏” ဟု မိန့်တော်မူ၏။