Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သခင်ဘုရား​ထံမှ လာသော ပညတ်​မဟုတ်​သော်လည်း အခြားသော​သူတို့​အား ကျွန်ုပ်​ပြောလို၏။ ယုံကြည်သော​အမျိုးသား​တစ်ဦး​တွင် မယုံကြည်သော​ဇနီး ရှိ​ပြီး ထို​ဇနီး​သည် သူ​နှင့်အတူ ဆက်​၍ ပေါင်းသင်းနေထိုင်​လို​ပါက သူ​သည် ထို​ဇနီး​ကို မကွာရှင်းရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 (သ​ခင်​ဘု​ရား​ပ​ညတ်​တော်​မ​မူ​သော်​လည်း) အ​ခြား​သူ​တို့​အား​ငါ​ပ​ညတ်​လို​သည်​မှာ ယုံ​ကြည်​သူ​အ​မျိုး​သား​တစ်​ယောက်​သည် မ​ယုံ​ကြည်​သူ​မ​ယား​ရှိ​က ထို​အ​မျိုး​သ​မီး က​ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​မူ သူ့​အား မ​ကွာ​မ​ရှင်း​ရ​ဟူ​၍​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 လင် လည်း မ ယား ကို မ ကွာ စေ နှင့်။ ကြွင်း သူ တို့ အား အ ရှင် ဘု ရား မ ဟုတ်၊ ငါ ဆို သည် ကား ညီ အစ် ကို တစ် ဦး၌ မ ယုံ ကြည် သော မ ယား ရှိ ရာ ထို မိန်း မ သည် အ တူ နေ ထိုင် ရန် သ ဘော ရှိ လျှင် မ ကွာ စေ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ကြွင်း​သော​သူ​တို့​ကို သ​ခင်​ဘု​ရား​သည် ကိုယ်​တိုင်​မ​ပ​ညတ်​ဘဲ၊ ငါ​ပ​ညတ်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော ညီ​အစ်​ကို​သည် မ​ယုံ​ကြည်​သော မ​ယား​ရှိ၍၊ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​နှင့် နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အခြား​သော​သူ​တို့​အား သခင်​ဘုရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင်​ပြောဆို​သည်​မှာ ညီအစ်ကို​တစ်စုံတစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​မယား​ရှိ​၍ ထို​မိန်းမ​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​မိန်းမ​နှင့်​မ​ကွာ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:12
8 ပူးပေါင်းရင်းမြစ်များ  

ခင်ပွန်း​နှင့် ခွဲနေ​လျှင် သူ​သည် နောက်​အိမ်ထောင်​မပြုဘဲ​နေရမည်။ ထိုသို့​မဟုတ်​လျှင် ခင်ပွန်း​နှင့် ပြန်လည်​ပေါင်းသင်းရမည်။ ခင်ပွန်း​သည်လည်း မိမိ​ဇနီး​ကို မကွာရှင်းရ။


ထို​နည်းတူ ယုံကြည်သော​အမျိုးသမီး​တစ်ဦး​တွင် မယုံကြည်သော​ခင်ပွန်း ရှိ​ပြီး ထို​ခင်ပွန်း​သည် သူ​နှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်​လို​ပါက သူ​သည် ထို​ခင်ပွန်း​ကို မကွာရှင်းရ။


အိမ်ထောင်​မပြုသေးသူများ​နှင့်​ပတ်သက်၍ သခင်ဘုရား​ထံမှ လာသော​ပညတ်​ကို ကျွန်ုပ်​မရ​သော်လည်း သခင်ဘုရား​၏ ကျေးဇူးတော်​ကို ခံစားရသည့် ယုံကြည်ထိုက်သူ​တစ်ဦး​အနေဖြင့် ကျွန်ုပ်​၏ ထင်မြင်ချက်​ကို ပေးပါမည်။


သင်​၌ ဇနီး​ရှိ​ပါက ကွာရှင်း​ရန် မကြံစည်နှင့်။ ဇနီး​မရှိ​ပါက အိမ်ထောင်ပြု​ရန် မကြံစည်နှင့်။


ဤသို့ ကျွန်ုပ်​ပြောဆိုသည်​မှာ အမိန့်ပေးခြင်း​မဟုတ်ဘဲ အခွင့်ပေးခြင်း​သာ​ဖြစ်၏။


ဤ​ကဲ့သို့ စိတ်ချယုံကြည်မှု​ဖြင့် ပြောဆိုခြင်း​မှာ သခင်ဘုရား​၏​စံနှုန်း​အရ ပြောဆိုခြင်း​မဟုတ်။ မိုက်မဲသောသူ​ကဲ့သို့ ကြွားဝါခြင်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ