သူတို့လုပ်ဆောင်သမျှသည် လူမြင်သာစေရန်သာ ဖြစ်၏။ သူတို့၏လက်မောင်းများပေါ်တွင် ကျမ်းစာပိုဒ်များပါရှိသည့် အဆောင်ကို အပြားကြီးပြုလုပ်၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်ပါသောဝတ်ရုံတို့ကိုလည်း ဝတ်ဆင်တတ်ကြ၏။
၂ ကော 8:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သခင်ဘုရားရှေ့တော်၌ သာမက အခြားသူတို့ရှေ့၌လည်း မှန်သောအရာကို လုပ်ဆောင်ရန် ရည်ရွယ်ကြ၏။ Common Language Bible သခင်ဘုရား၏ရှေ့တော်၌သာမကလူ တို့၏ရှေ့၌လည်းလျောက်ပတ်မှန်ကန်သည့် အမှုကိုသာပြုရန်ရည်ရွယ်ချက်ရှိကြ၏။ Judson Bible သခင်ဘုရားရှေ့တော်၌သာမက၊ လူတို့ရှေ့၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကို ကြံစည်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် သခင်ဘုရားရှေ့တော်၌သာမက လူတို့ရှေ့၌လည်း တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြ၏။ |
သူတို့လုပ်ဆောင်သမျှသည် လူမြင်သာစေရန်သာ ဖြစ်၏။ သူတို့၏လက်မောင်းများပေါ်တွင် ကျမ်းစာပိုဒ်များပါရှိသည့် အဆောင်ကို အပြားကြီးပြုလုပ်၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်ပါသောဝတ်ရုံတို့ကိုလည်း ဝတ်ဆင်တတ်ကြ၏။
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
သင်တို့၏ ကောင်းသောအကျင့်ကို လူမြင်သာအောင် အများရှေ့တွင် မကျင့်မိရန် သတိပြုကြလော့။ လူမြင်သာအောင် ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖထံမှ ဆုလာဘ်ကို ရရှိမည်မဟုတ်။
ထိုသို့ပြုလျှင် အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
ရန်ကို ရန်ချင်း မတုံ့ပြန်နှင့်။ လူအပေါင်းတို့က မွန်မြတ်သည်ဟု လက်ခံထားသောအပြုအမူကို ပြုကျင့်ကြလော့။
ဤသို့သော စိတ်ထားဖြင့် ခရစ်တော်ကို အစေခံသောသူအား ဘုရားသခင်နှစ်သက်တော်မူ၏။ လူတို့ကလည်း ချီးမွမ်းကြ၏။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
ဤသို့ ရက်ရောစွာ လှူဒါန်းကြသော အလှူငွေကို ကိုင်တွယ်စီမံခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို မည်သူမျှ အပြစ်မတင်စေရန် ကျွန်ုပ်တို့သတိနှင့် ဆောင်ရွက်လျက် ရှိကြ၏။
ထိုသူတို့နှစ်ယောက်နှင့်အတူ နောက်ထပ်ညီအစ်ကိုတစ်ဦးကိုလည်း ကျွန်ုပ်တို့စေလွှတ်လိုက်၏။ ထိုသူအား အကြိမ်ကြိမ် စိစစ်ကြည့်ရာ သူသည် ကူညီရန် အစဉ်စိတ်အားထက်သန်ကြောင်း ကျွန်ုပ်တို့တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်မှုရှိသောကြောင့် ယခု ပို၍ပင် စေတနာစိတ်အားထက်သန်လျက်ရှိ၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… မှန်ကန်သောအရာ၊ ဂုဏ်သရေရှိသောအရာ၊ ဖြောင့်မတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ကောင်းမြတ်၍ ချီးမွမ်းဖွယ်ဖြစ်သည့် နှစ်လိုဖွယ်ကောင်းသောအရာ ဟူသမျှတို့ကို နှလုံးသွင်းကြလော့။
သူတစ်ပါး ကဲ့ရဲ့ရှုတ်ချခြင်းမခံရစေရန်နှင့် မာရ်နတ်၏ ကျော့ကွင်းထဲသို့ မကျရောက်စေရန် သူသည် အသင်းတော်ပြင်ပတွင် ဂုဏ်သရေရှိသူ ဖြစ်ရမည်။
ထို့ကြောင့် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်ပါသွားကြသော အချို့မုဆိုးမတို့ကို ထောက်၍ ငယ်ရွယ်သောမုဆိုးမတို့သည် ရန်သူအား ကဲ့ရဲ့ခွင့်ကို မပေးဘဲ ထပ်မံအိမ်ထောင်ပြုရန်၊ သားသမီးများယူရန်၊ အိမ်မှုကိစ္စများထိန်းသိမ်းရန် ကျွန်ုပ်အကြံပေးလို၏။
ဘုရားသခင်ကို မကိုးကွယ်သောသူများအလယ်တွင် ကောင်းမွန်စွာပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထိုသူတို့သည် သင်တို့ကို မကောင်းမှုပြုသူများဟု အသရေဖျက်ကြသော်လည်း သင်တို့၏ ကောင်းသောအကျင့်ကို ထောက်၍ ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့၌ ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။