Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 12:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ရန်​ကို ရန်ချင်း မတုံ့ပြန်နှင့်။ လူအပေါင်းတို့​က မွန်မြတ်သည်​ဟု လက်ခံထားသော​အပြုအမူ​ကို ပြုကျင့်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 အ​ဘယ်​သူ​ကို​မျှ​လက်​စား​မ​ချေ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တင့်​တယ်​လျောက်​ပတ် စွာ​ပြု​ကျင့်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အ ဆိုး အ တွက် အ ဆိုး ကို မ တုံ့ မ ပြန် ဘဲ လူ ခပ် သိမ်း တို့ ရှေ့ သင့် လျော် စွာ ပြု မူ ကြံ စည် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 မည်သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မ​တုံ့ပြန်​ကြ​နှင့်။ လူ​အပေါင်း​တို့​ရှေ့​၌ တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 12:17
22 ပူးပေါင်းရင်းမြစ်များ  

ထို​ပူဇော်စရာ​ကို ယဇ်ပလ္လင်​ရှေ့တွင် ချထား​၍ ထို​သူ​ထံသို့ သွားလော့။ သူ​နှင့် ပြန်လည်​သင့်မြတ်​ရန် ဦးစွာ​လုပ်ဆောင်​ပြီးနောက် ပြန်လာ​၍ ပူဇော်စရာ​ကို ဘုရားသခင်​ထံ ဆက်သလော့။


သို့သော်လည်း သင်တို့​အား ငါ​ပြောဆိုသည်​မှာ မကောင်းသော​သူ​ကို အတိုက်အခံ​မပြုကြနှင့်။ သင်​၏ ပါး​တစ်ဖက်​ကို ရိုက်သော​သူ​အား အခြား​တစ်ဖက်​ကိုလည်း လှည့်ပေးလော့။


ချစ်ရသော​သူတို့… ကိုယ်တိုင်​လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်​ကသာ စီရင်ပါစေ။ ကျမ်းစာ​၌ “ထာဝရဘုရား​က ‘လက်တုံ့ပြန်ခြင်း​သည် ငါ့​တာဝန် ဖြစ်၏။ သူတို့​ကို အပြစ်​နှင့်​အလျောက် ငါ​ဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍​ရေးသားထား၏။


သင်တို့​အတွက် ကောင်းသော​အရာ​ကို ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်စေနှင့်။


ပြင်ပ​လူတို့​ရှေ့​တွင် ပညာရှိ​စွာ ပြုမူနေထိုင်​၍ အခွင့်အရေး​ကို အကျိုးရှိ​စွာ အသုံးပြုကြလော့။


ထိုသို့ သင်တို့​၏ နေ့စဉ်​ပြုမူ​နေထိုင်ခြင်း​ကို မယုံကြည်သူများ​က မြင်​သောအခါ သင်တို့​ကို လေးစား​လာကြမည်။ သင်တို့​သည်​လည်း မည်သူ့​ကိုမျှ မှီခို​ရန် လိုအပ်​တော့မည်​မဟုတ်။


အဆိုး​ကို အဆိုး​ဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်း​အတွက်​ဖြစ်စေ၊ လူ​တိုင်း​အတွက်​ဖြစ်စေ အကျိုး​ရှိသော​အရာများ​ကို အမြဲ​ကြိုးစား​လုပ်ဆောင်ကြလော့။


မကောင်းသည့် အရာ​မှန်သမျှ​ကို ရှောင်ကြလော့။


ထို့ကြောင့် လမ်းလွဲ​၍ စာတန်​နောက်သို့ လိုက်ပါသွားကြသော အချို့​မုဆိုးမတို့​ကို ထောက်​၍ ငယ်ရွယ်သော​မုဆိုးမတို့​သည် ရန်သူ​အား ကဲ့ရဲ့ခွင့်​ကို မပေးဘဲ ထပ်မံ​အိမ်ထောင်ပြု​ရန်၊ သားသမီးများ​ယူ​ရန်၊ အိမ်မှု​ကိစ္စများ​ထိန်းသိမ်း​ရန် ကျွန်ုပ်​အကြံပေး​လို၏။


ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​အလယ်တွင် ကောင်းမွန်စွာ​ပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထို​သူတို့​သည် သင်တို့​ကို မကောင်းမှု​ပြုသူများ​ဟု အသရေဖျက်ကြ​သော်လည်း သင်တို့​၏ ကောင်းသော​အကျင့်​ကို ထောက်​၍ ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​၌ ကိုယ်တော်​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


သို့သော် နူးညံ့သိမ်မွေ့သော​စိတ်​နှင့် တလေးတစား​ဖြေဆိုကြလော့။ သင်တို့​ကို ကဲ့ရဲ့​ရှုတ်ချကြသော​သူတို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သင်တို့​၏ ကောင်းမွန်​စွာ ပြုမူနေထိုင်ပုံ​ကို မြင်​၍ အရှက်ရကြ​စေရန် လိပ်ပြာသန့်​စွာ ပြုမူနေထိုင်ကြလော့။


အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့ခြင်း​ကို ကဲ့ရဲ့ခြင်း​ဖြင့်​လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီး​ကို​သာ ပေးကြလော့။ သင်တို့​သည် ဤသို့​ပြု​ရန် ရွေးကောက်တော်မူခြင်း​ခံရ၏။ သို့ပြုလျှင် သင်တို့​သည် ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ