Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 5:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 မကောင်းသည့် အရာ​မှန်သမျှ​ကို ရှောင်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 အ ဆိုး ဟူ သ မျှ ကို ကြဉ် ရှောင် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 မကောင်း​မှု​အမျိုးစုံ​တို့​ကို ရှောင်ကြဉ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 5:22
15 ပူးပေါင်းရင်းမြစ်များ  

ရန်​ကို ရန်ချင်း မတုံ့ပြန်နှင့်။ လူအပေါင်းတို့​က မွန်မြတ်သည်​ဟု လက်ခံထားသော​အပြုအမူ​ကို ပြုကျင့်ကြလော့။


ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော အသား​ကို ကျွန်ုပ်​စား​သဖြင့် အခြား​ယုံကြည်သူ​ကို မှားယွင်း​စေမည်​ဆိုပါက ထိုသို့​မမှားယွင်း​စေရန် ကျွန်ုပ် အသက်ရှင်​သမျှ​ကာလပတ်လုံး အသား​ကို မစားဘဲ​နေမည်။ အဘယ်ကြောင့်ဆိုသော် အခြား​ယုံကြည်သူ​ကို မမှားယွင်း​စေလို​သောကြောင့်​ဖြစ်၏။


အမှုတော်​လုပ်ငန်း​တွင် အပြစ်တင်စရာ​အကြောင်း တစ်စုံတစ်ခု​မျှ မရှိ​စေရန် ကျွန်ုပ်တို့​သည် သူတစ်ပါး​ရှေ့​၌ ထိမိ​၍ လဲစရာ​မဖြစ်စေကြ။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… မှန်ကန်သော​အရာ၊ ဂုဏ်သရေ​ရှိသော​အရာ၊ ဖြောင့်မတ်သော​အရာ၊ ဖြူစင်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ကောင်းမြတ်​၍ ချီးမွမ်းဖွယ်​ဖြစ်သည့် နှစ်လိုဖွယ်​ကောင်းသော​အရာ ဟူသမျှတို့​ကို နှလုံးသွင်းကြလော့။


ထိုသို့ သင်တို့​၏ နေ့စဉ်​ပြုမူ​နေထိုင်ခြင်း​ကို မယုံကြည်သူများ​က မြင်​သောအခါ သင်တို့​ကို လေးစား​လာကြမည်။ သင်တို့​သည်​လည်း မည်သူ့​ကိုမျှ မှီခို​ရန် လိုအပ်​တော့မည်​မဟုတ်။


သို့သော် အရာ​အားလုံး​ကို မှန်​မ​မှန် စစ်ဆေး​ပြီး ကောင်းမွန်သည့် အရာတို့​ကို လက်ခံကြလော့။


ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။


အချို့သော​သူတို့​ကို မီး​ထဲမှ ဆွဲထုတ်​၍ ကယ်ကြလော့။ လူ့​ဗီဇစိတ်​၏ အညစ်အကြေး​စွန်းထင်းနေသည့် သူတို့​၏​အဝတ်​ကို​ပင် ရွံမုန်း​၍ ကြောက်ရွံ့သော​စိတ်​နှင့် သူတို့​ကို သနားကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ