Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ဤသို့ ရက်ရော​စွာ လှူဒါန်းကြသော အလှူငွေ​ကို ကိုင်တွယ်​စီမံခြင်း​နှင့်​ပတ်သက်၍ ကျွန်ုပ်တို့​ကို မည်သူမျှ အပြစ်မတင်​စေရန် ကျွန်ုပ်တို့​သတိ​နှင့် ဆောင်ရွက်​လျက် ရှိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ဤ​သို့​ရက်​ရော​စွာ​ပေး​လှူ​ကြ​သော​အ​လှူ ငွေ​ကို​ကိုင်​တွယ်​ရာ​တွင် ငါ​တို့​သည်​သူ​တစ် ပါး​တို့​၏​အ​ပြစ်​တင်​ခြင်း​နှင့်​ကင်း​လွတ် စေ​ရန်​သ​တိ​နှင့်​ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20-21 ထို သို့ ငါ တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် သာ မ က လူ တို့ ရှေ့ လည်း သင့် လျော် စွာ ပြု မူ ကြံ စည် လေ့ ရှိ သည် နှင့် အ ညီ ထို သင်္ဂ ဟ ဝတ် ကို ဆောင် ရွက် မှု နှင့် စပ်၍ ငါ တို့ ကို မည် သူ မျှ အ ပြစ် တင် ခွင့် မ ရှိ စေ ရန် ဂ ရု ပြု ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ငါ​တို့​သည် ထို​များ​စွာ​သော အ​လှူ​ကျေး​ဇူး​ကို ပြု​စု​ရာ​တွင် အ​ပြစ်​တင်​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​တို့​ပြုစု​နေ​သည့် ဤ​ရက်ရော​စွာ​ပေးလှူ​ခြင်း​အမှု​နှင့်​ပတ်သက်၍ မည်သူမျှ ငါ​တို့​ကို ပြစ်တင်​ဝေဖန်​ခြင်း​မ​ပြု​နိုင်​ရန် ငါ​တို့​သတိပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:20
9 ပူးပေါင်းရင်းမြစ်များ  

ဝံပုလွေများ​ထဲသို့ သိုးများ​ကို စေလွှတ်​သကဲ့သို့ သင်တို့​ကို ငါ​စေလွှတ်၏။ ထို့ကြောင့် မြွေများ​ကဲ့သို့ လိမ္မာပါးနပ်​၍ ချိုးငှက်များ​ကဲ့သို့ အဆိပ်ကင်းကြလော့။


သင်တို့​အတွက် ကောင်းသော​အရာ​ကို ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်စေနှင့်။


ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​၏ အလှူငွေ​ကို ဂျေရုဆလင်မြို့​သို့ ယူဆောင်သွား​ရန် သင်တို့​ရွေးချယ်သော​သူတို့​အား စာ​နှင့် လွှတ်လိုက်မည်။


သို့ရာတွင် ကျွန်ုပ်တို့​ကဲ့သို့ လုပ်ဆောင်သည်​ဟူသော တန်းတူ​ကြွားဝါခွင့်​ကို ရလိုသော​သူတို့​အား ထို​အခွင့်​ကို မရ​စေရန် ဆက်​၍ သင်တို့​ထံမှ ထောက်ပံ့ငွေ​ကို ကျွန်ုပ်​လက်ခံမည်​မဟုတ်။


ထို့ပြင် ကျွန်ုပ်တို့​ကောက်ခံ​ဆောင်ရွက်နေသော အလှူငွေ​ကို သယ်ယူပို့ဆောင်ပေးသည့်​အမှု​၌ ကျွန်ုပ်တို့​နှင့်အတူ ခရီးပြု​ရန် အသင်းတော်များ​၏ ရွေးချယ်​ခန့်ထားခြင်း​ခံရသူ​လည်း ဖြစ်၏။ ဤ​အလှူငွေ​ကောက်သည့်​အမှု​မှာ ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန်​နှင့် ကျွန်ုပ်တို့​၏ စေတနာစိတ်​ကို ပြ​ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် သခင်ဘုရား​ရှေ့တော်​၌ သာမက အခြား​သူတို့​ရှေ့​၌လည်း မှန်သော​အရာ​ကို လုပ်ဆောင်​ရန် ရည်ရွယ်ကြ၏။


ထို့ကြောင့် သင်တို့ မည်ကဲ့သို့ ပြုမူနေထိုင်သည်​ကို သတိပြုကြလော့။ ပညာမဲ့​ကဲ့သို့ မဟုတ်ဘဲ ပညာရှိ​ကဲ့သို့ ပြုမူနေထိုင်ကြလော့။


မကောင်းသည့် အရာ​မှန်သမျှ​ကို ရှောင်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ