၂ ကော 8:21 - မြန်မာ့စံမီသမ္မာကျမ်း21 အကြောင်းမူကား ငါတို့သည် သခင်ဘုရားရှေ့တော်၌သာမက လူတို့ရှေ့၌လည်း တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 သခင်ဘုရား၏ရှေ့တော်၌သာမကလူ တို့၏ရှေ့၌လည်းလျောက်ပတ်မှန်ကန်သည့် အမှုကိုသာပြုရန်ရည်ရွယ်ချက်ရှိကြ၏။ အခန်းကိုကြည့်ပါ။Judson Bible21 သခင်ဘုရားရှေ့တော်၌သာမက၊ လူတို့ရှေ့၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကို ကြံစည်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း21 ကျွန်ုပ်တို့သည် သခင်ဘုရားရှေ့တော်၌ သာမက အခြားသူတို့ရှေ့၌လည်း မှန်သောအရာကို လုပ်ဆောင်ရန် ရည်ရွယ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့နှင့်အတူ ငါတို့၏အခြားညီအစ်ကိုတစ်ဦးကိုလည်း စေလွှတ်လိုက်ပါ၏။ ငါတို့သည် သူ့ကို အကြိမ်ကြိမ်စစ်ဆေးပြီး သူသည် အကြောင်းကိစ္စများစွာတို့၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသောကြောင့် ယခု ပို၍ပင်စိတ်အားထက်သန်လျက်ရှိ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။