တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
၂ ကော 7:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။ Common Language Bible ငါသည်သင်တို့အားယုံကြည်စိတ်ချ၏။ သင် တို့အတွက်များစွာဂုဏ်ယူဝါကြွား၏။ အမျိုး မျိုးသောဆင်းရဲဒုက္ခများကိုငါတို့ခံရသော် လည်း ငါသည်အားတက်လျက်အတိုင်းထက် အလွန်ရွှင်လန်းဝမ်းမြောက်၏။ Garrad Bible သင် တို့ နှင့် စပ်၍ ငါ စိတ် ချ ခွင့်၊ သင် တို့ အ တွက် ငါ ဂုဏ် ရောက် ခွင့် များ လှ၍ ငါ တို့ ခံ ရ သော ဒု က္ခ အ မျိုး မျိုး၌ ပြည့် သော နှစ် သိမ့် ခြင်း၊ ပြည့် လျှံ သော ရွှင် လန်း ခြင်း ကို ခံ ရ၏။ Judson Bible သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့် အလွန်ကြွားဝါခြင်း ရှိရ၏။ သက်သာခြင်းနှင့် ပြည့်စုံ၏။ ညှဉ်းဆဲခြင်းကို ခံလေရာရာ၌ အတိုင်းထက်အလွန် ဝမ်းမြောက်ခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် များစွာဂုဏ်ယူ၏။ ငါသည် နှစ်သိမ့်မှုကို အပြည့်အဝခံစားရ၍ ငါတို့ခံရသောဆင်းရဲဒုက္ခအပေါင်းတို့၌ ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝလျက်ရှိ၏။ |
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
ထိုမျှမက ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရလျှင်လည်း ကျွန်ုပ်တို့သည် ဂုဏ်ယူဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့အား သည်းခံခြင်းကိုလည်းကောင်း၊
ယေရှုခရစ်တော်အားဖြင့် သင်တို့အား ဘုရားသခင်ပေးသော ကျေးဇူးတော်ကို ထောက်၍ သင်တို့အတွက် ကျွန်ုပ်၏ဘုရားသခင်ကို ကျွန်ုပ်အစဉ်ကျေးဇူးတင်၏။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
ဆင်းရဲဒုက္ခအမျိုးမျိုးကို ကျွန်ုပ်တို့ခံရသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဆင်းရဲဒုက္ခကြုံသော အခြားသူတို့ကို နှစ်သိမ့်ပေးနိုင်ရန်ဖြစ်၏။
ထို့ကြောင့် သင်တို့ကို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ကျွန်ုပ်တို့အား သခင်ဘုရားပေးသော အခွင့်အာဏာကိုအကြောင်းပြုလျက် အနည်းငယ်ပို၍ ကြွားဝါမိလျှင်ပင် မရှက်ပါ။
ကျွန်ုပ်တို့သည် သင်တို့အား ထိုသို့ပြုရန် သတ္တိနည်းကြောင်း ကျွန်ုပ်ရှက်ရွံ့စွာ ဝန်ခံပါ၏။ သို့သော် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ရာအတွက် ကြွားဝါဝံ့ပါက ကျွန်ုပ်သည်လည်း ကြွားဝါဝံ့သည်ဟု မိုက်မဲစွာ ဆိုရပေမည်။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။
ကျွန်ုပ်သည် သင်တို့အကြောင်းကို တိတုအား ကြွားဝါခဲ့သော်လည်း သင်တို့သည် ကျွန်ုပ်ကို အရှက်မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် မှန်နေသကဲ့သို့ တိတုကို ကျွန်ုပ်တို့ကြွားဝါခဲ့သော သင်တို့အကြောင်းသည်လည်း မှန်နေသောကြောင့်ဖြစ်၏။
ထို့ကြောင့် သင်တို့၏ ချစ်ခြင်းမေတ္တာကို သူတို့အား ပြ၍ သင်တို့အကြောင်း ကျွန်ုပ်တို့ ကြွားဝါထားသောအရာများကို အသင်းတော်များ ရှေ့၌ သက်သေပြကြလော့။
ကျွန်ုပ်အကျဉ်းချခံရခြင်းကြောင့် အများစုသော ညီအစ်ကိုမောင်နှမတို့သည် သခင်ဘုရားအပေါ် စိတ်ချယုံကြည်လျက် မကြောက်ရွံ့ဘဲ သတင်းကောင်းကို ဟောပြောရန် ပိုမိုရဲရင့်လာကြ၏။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
ဤသည်မှာ သင်တို့ထံသို့ ကျွန်ုပ်ပြန်ရောက်လာသောအခါ ကျွန်ုပ်ကြောင့် သင်တို့သည် ယေရှုခရစ်တော်အကြောင်းကို ပို၍ ဂုဏ်ယူဝင့်ကြွားနိုင်ရန် ဖြစ်၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဘုရားသခင်အား ပူဇော်ပြီး မိမိအသက်ကို သွန်းလောင်းရာပူဇော်စရာကဲ့သို့ သွန်းလောင်းရမည်ဆိုလျှင်ပင် ဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ကျွန်ုပ်ဝမ်းမြောက်၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
သခင်ယေရှု ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဆုသရဖူသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်လော။
ကျွန်ုပ်တို့သည် ဖိလိပ္ပိမြို့၌ ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံခဲ့ကြောင်း သင်တို့သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူသောကြောင့် ပြင်းထန်သည့် ဆန့်ကျင်တိုက်ခိုက်မှုကြားကပင် ကိုယ်တော်၏ သတင်းကောင်းကို သင်တို့ထံ ရဲဝံ့စွာ ဟောပြောခဲ့ကြ၏။
ထို့ကြောင့် သင်တို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခအားလုံးကြားကပင် သည်းခံ၍ ယုံကြည်သဖြင့် ဘုရားသခင်၏ အသင်းတော်များအလယ်၌ သင်တို့အကြောင်း ကျွန်ုပ်တို့ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားကြ၏။
ကျွန်ုပ်၏ညီ… သင်သည် ယုံကြည်သူအပေါင်းတို့၏ စိတ်ကို လန်းဆန်းစေသည်ဖြစ်၍ သင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်အား အလွန်ဝမ်းမြောက်စေလျက် စိတ်ခွန်အားဖြစ်စေ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် အမျိုးမျိုးသောဒုက္ခဆင်းရဲများနှင့် ကြုံတွေ့သောအခါ ဝမ်းမြောက်စရာသက်သက် ဖြစ်ကြောင်း မှတ်ယူကြလော့။