Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 1:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထို့ကြောင့် သင်တို့​သည် ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ဆင်းရဲဒုက္ခ​အားလုံး​ကြားက​ပင် သည်းခံ​၍ ယုံကြည်​သဖြင့် ဘုရားသခင်​၏ အသင်းတော်များ​အလယ်​၌ သင်တို့​အကြောင်း ကျွန်ုပ်တို့​ကိုယ်တိုင် ဂုဏ်ယူ​ဝင့်ကြွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို့​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​ကြောင်း​ကို​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် များ​တွင်​ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို ခံ​ရ​သော်​လည်း​ကြံ့​ခိုင်​လျက်၊ ယုံ​ကြည်​ခြင်း ခိုင်​မြဲ​လျက်​ရှိ​သည်​ကို​ထောက်​၍​ငါ​တို့ ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သို့ နှင့် အ ညီ တွေ့ ကြုံ ရ သော နှိပ် စက် ခြင်း၊ ဒု က္ခ ရောက် ခြင်း ရှိ သ မျှ တွင် သင် တို့ တည် ကြည် လျက်၊ ယုံ ကြည် လျက် နေ ကြ သည် ကို အ ကြောင်း ပြု၍ ဘု ရား သ ခင့် အ သင်း တော် များ၌ ငါ တို့ ကိုယ် တိုင် ဂုဏ် တင် ခွင့် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သို့​ဖြစ်၍၊ သင်​တို့​သည် ညှဉ်း​ဆဲ​ခြင်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သ​မျှ​တို့၌ သည်း​ခံ၍ ယုံ​ကြည်​ခြင်း​ရှိ​သည်​ကို ငါ​တို့​သည် ထောက်၍၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​များ​တွင် သင်​တို့​ကြောင့် ဝါ​ကြွား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သို့ဖြစ်၍ သင်​တို့​ခံရ​သော ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဆင်းရဲ​ခြင်း​ရှိသမျှ​တို့​၌​ထင်ရှား​သော သင်​တို့​၏​သည်းခံ​ခြင်း​နှင့် ယုံကြည်​ခြင်း​တို့​အတွက် ငါ​တို့​ကိုယ်တိုင် ဘုရားသခင်​၏​အသင်းတော်​များ​တွင် သင်​တို့​အကြောင်း​ကို ဝါကြွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 1:4
24 ပူးပေါင်းရင်းမြစ်များ  

မျှော်လင့်​လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ​၌ သည်းခံ​၍ မပျက်မကွက်​ဆုတောင်းကြလော့။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


သို့သော် ကျွန်ုပ်တို့​မတွေ့မြင်ရသေးသော​အရာ​ကို မျှော်လင့်ကြ​လျှင်မူ ထို​အရာ​ကို သည်းခံသော​စိတ်​နှင့် စောင့်မျှော်ကြ၏။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေ​တွင်​မဆို ဆက်လက်​ပြုမူနေထိုင်​၍ သင်တို့​ကို စတင်​ရွေးကောက်တော်မူသည့်​အချိန်​က ကဲ့သို့ပင် ဆက်လက်​ရှိနေ​သင့်၏။ ဤသည်​မှာ အသင်းတော်​အားလုံး​ကို ကျွန်ုပ်​ညွှန်ကြားသော​အချက်​ဖြစ်၏။


သို့ဖြစ်၍ ခရစ်တော်​အတွက်​ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ခက်ခဲခြင်းတို့​ကို ကျွန်ုပ်​ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အားနည်း​သောအခါ ခရစ်တော်​၏​တန်ခိုး​အားဖြင့် အားကြီး​လျက်​ရှိ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​အကြောင်း​ကို တိတု​အား ကြွားဝါခဲ့​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို အရှက်​မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့​အား ကျွန်ုပ်​ပြောခဲ့သော အရာ​အားလုံး​သည် မှန်နေ​သကဲ့သို့ တိတု​ကို ကျွန်ုပ်တို့​ကြွားဝါခဲ့သော သင်တို့​အကြောင်း​သည်လည်း မှန်နေ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ကို အလွန်​ယုံကြည်စိတ်ချ​၍ သင်တို့​အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်​သည် နှစ်သိမ့်မှု​ကို အပြည့်အဝ​ရရှိ​သဖြင့် ဆင်းရဲဒုက္ခ​အမျိုးမျိုး​နှင့် ရင်ဆိုင်ရ​သော်လည်း ဝမ်းမြောက်​လျက်​ရှိ၏။


လှူဒါန်း​လိုသော သင်တို့​၏​စေတနာစိတ်​ကို ကျွန်ုပ်​သိ၏။ ထိုသို့​စေတနာစိတ်​ရှိကြောင်း​ကို မာကေဒေါနိပြည်သားတို့​အား “အခါယပြည်​၌​ရှိသော ညီအစ်ကိုတို့​သည် လွန်ခဲ့သော​နှစ်​ကတည်း​ကပင် လှူဒါန်း​ရန် အသင့်​ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွား​စွာ ကျွန်ုပ်​ပြောပြထား၏။ ထိုအခါ သင်တို့​၏ စေတနာစိတ်​သည် သူတို့​အားလုံး​နီးနီး​ကို နှိုးဆော်စေခဲ့၏။


ထိုသို့​မဟုတ်ဘဲ မာကေဒေါနိပြည်သား​တချို့​သည် ကျွန်ုပ်​နှင့်အတူ သင်တို့​ထံ​ရောက်လာ​၍ သင်တို့​၌ အသင့်​ပြင်ဆင်ထားခြင်း​မရှိသည်​ကို တွေ့ရ​လျှင် သင်တို့​သာမက ဤ​အမှု​၌ သင်တို့​ကို စိတ်ချယုံကြည်ထားသော ကျွန်ုပ်တို့​သည်လည်း အရှက်ကွဲရကြ​လိမ့်မည်။


ညီအစ်ကို​မောင်နှမတို့… ယေရှု​ခရစ်တော်​ကို ယုံကြည်သည့် ယုဒပြည်​၌ ရှိကြသော ဘုရားသခင်​၏​အသင်းတော်များ တွေ့ကြုံ​သကဲ့သို့ သင်တို့​တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများ​လက်​တွင် ထို​အသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ​မျိုး​ကို သင်တို့​သည်လည်း မိမိတို့​လူမျိုးချင်း​၏​လက်​တွင် ခံစားကြရ၏။


သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို သင်တို့​နားလည်သဘောပေါက်​စေရန်​နှင့် ခရစ်တော်​ကဲ့သို့ သည်းခံတတ်​စေရန် သခင်ဘုရား​သည် သင်တို့​ကို လမ်းညွှန်တော်မူပါစေသော။


ဘုရားသခင်​၏​အလိုတော်​ကို ဆောင်ရွက်​နိုင်ရန်​နှင့် ကတိထားသော​အရာ​ကို ရရှိ​နိုင်ရန် သင်တို့​သည် သည်းခံစိတ်​မွေး​ရမည်။


ဤ​သို့​ဖြင့် သင်တို့​သည် ပျင်းရိသော​သူများ​မဖြစ်ဘဲ ကတိထားတော်မူသော​အရာ​ကို ယုံကြည်ခြင်း​နှင့် စိတ်ရှည်ခြင်းတို့​ဖြင့် ရရှိသော​သူတို့​အား အတုယူ​ရန်​ဖြစ်၏။


ထိုသို့ အာဗြဟံ​သည် စိတ်ရှည်​စွာ စောင့်ဆိုင်း​ပြီးနောက် ဘုရားသခင်​ကတိထားတော်မူသော​အရာ​ကို ရရှိခဲ့၏။


အဆုံး​တိုင်အောင် စိတ်ရှည်​သည်းခံသော​သူတို့​သည် မင်္ဂလာရှိသည်​ဟု ကျွန်ုပ်တို့​ယူဆ၏။ ယောဘ​၏​စိတ်ရှည်​သည်းခံမှု​အကြောင်း​ကို သင်တို့​အားလုံး ကြားကြပြီ။ ထာဝရဘုရား​သည် သနား​ကြင်နာခြင်း​နှင့် ကရုဏာ​အပြည့်​ရှိ​သောကြောင့် အဆုံး​တွင် ယောဘ​ကို မည်သို့​ကြည့်ရှုသည်​ကိုလည်း သင်တို့​သိကြပြီ။


အသိပညာ​၌ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း​ကို​လည်းကောင်း၊ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း​၌ သည်းခံခြင်း​ကို​လည်းကောင်း၊ သည်းခံခြင်း​၌ ဘုရားတရား​ကိုင်းရှိုင်းခြင်း​ကို​လည်းကောင်း၊


ဤ​အကြောင်း​ကြောင့် ဘုရားသခင်​၏​ပညတ်တော်တို့​ကို လိုက်နာ​၍ ယေရှု​ကို စွဲမြဲ​စွာ ယုံကြည်သည့် သန့်ရှင်းသူတို့​သည် သည်းခံ​ရန် လို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ