Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 10:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထို့ကြောင့် သင်တို့​ကို ဖြိုဖျက်​ရန်အတွက် မဟုတ်ဘဲ တည်ဆောက်​ရန်အတွက် ကျွန်ုပ်တို့​အား သခင်ဘုရား​ပေးသော အခွင့်အာဏာ​ကို​အကြောင်းပြု​လျက် အနည်းငယ်​ပို၍ ကြွားဝါ​မိ​လျှင်ပင် မရှက်ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 အ​ကယ်​၍​ငါ​သည်​သ​ခင်​ဘု​ရား​ပေး​တော်​မူ သော​အာ​ဏာ​နှင့်​ပတ်​သက်​၍ အ​လွန်​အ​ကျွံ ဝါ​ကြွား​မိ​ခဲ့​လျှင်​လည်း​မ​ရှက်​ပါ။ ထို​အာ ဏာ​သည်​သင်​တို့​အား​ဖြို​ဖျက်​ရန်​အ​တွက် မ​ဟုတ်။ ပြု​စု​ပျိုး​ထောင်​ပေး​ရန်​အ​တွက် ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သင် တို့ ကို ဖြို လှဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သည့် အ ခွင့် အာ ဏာ နှင့် စပ်၍ ငါ သည် တော် လွန် စွာ ဂုဏ် တင် မိ လျှင် အ ရှက် ရ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သင်​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်။ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ​တို့၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ကို ငါ​သည်​သာ၍ ဝါ​ကြွား​သော်​လည်း၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း မ​ရှိ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အကြောင်းမူကား သင်​တို့​ကို​ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် သခင်​ဘုရား​ပေး​တော်မူ​သော ငါ​တို့​၏​အခွင့်​အာဏာ​နှင့်​ပတ်သက်၍ ငါ​သည် အနည်းငယ်​ပို၍ ဝါကြွား​မိ​ခဲ့​လျှင်​ပင် ရှက်ကြောက်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 10:8
12 ပူးပေါင်းရင်းမြစ်များ  

သို့သော် ကျွန်ုပ်တို့​သည် သင်တို့​၏ ယုံကြည်ခြင်း​ကို ချုပ်ကိုင်ထားသည်​ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့​သည် သင်တို့ ဝမ်းမြောက်​နိုင်ရန် သင်တို့​နှင့်အတူ လက်တွဲ​လုပ်ဆောင်နေခြင်း​သာ ဖြစ်၏။ သင်တို့​သည်လည်း ယုံကြည်ခြင်း​ဖြင့် ခိုင်မြဲ​စွာ ရပ်တည်နေပြီ​ဖြစ်၏။


တိုက်ပွဲ​တွင် ကျွန်ုပ်တို့ အသုံးပြုသည့်​လက်နက်များ​သည် လောကီသားများ​အသုံးပြုသည့် လက်နက်များ​မဟုတ်။ ခံတပ်များ​ကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်​၏ တန်ခိုးတော်​ပါသော လက်နက်များ​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ထံ စာများ​ရေး​၍ ခြိမ်းခြောက်နေသည်​ဟု မထင်​စေလိုပေ။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။


ကျွန်ုပ်​ကြွားဝါ​လို​လျှင်လည်း အမှန်​ကိုသာ ပြောဆိုမည်​ဖြစ်​သောကြောင့် မိုက်မဲသောသူ​ဖြစ်မည်​မဟုတ်။ သို့သော် မည်သူ​ကမျှ ကျွန်ုပ်​ကို မြင်ရသည်​ထက်၊ သို့မဟုတ် ကျွန်ုပ်​ထံက ကြားရသည်​ထက် ပို၍ အထင်မကြီးမိ​စေရန် ကျွန်ုပ်​မကြွားဝါဘဲ​နေမည်။


ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​အား သခင်ဘုရား ပေးတော်မူသည့်​အခွင့်အာဏာ​ကို ပြင်းထန်​စွာ အသုံးမပြုလို​သောကြောင့် သင်တို့​ထံ မလာမီ ဤ​အကြောင်းအရာများ​ကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထို​အခွင့်အာဏာ​မှာ သင်တို့အား ဖြိုဖျက်​ရန် မဟုတ်ဘဲ တည်ဆောက်​ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် သမ္မာတရား​ကို ဆန့်ကျင်​၍ မည်သည့်​အမှု​ကိုမျှ မပြုနိုင်ကြ။ သမ္မာတရား​ဘက်​၌ နေ​၍​သာ ပြုနိုင်ကြ၏။


ကျွန်ုပ်​သည် သင်တို့​အကြောင်း​ကို တိတု​အား ကြွားဝါခဲ့​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို အရှက်​မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့​အား ကျွန်ုပ်​ပြောခဲ့သော အရာ​အားလုံး​သည် မှန်နေ​သကဲ့သို့ တိတု​ကို ကျွန်ုပ်တို့​ကြွားဝါခဲ့သော သင်တို့​အကြောင်း​သည်လည်း မှန်နေ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ကို အလွန်​ယုံကြည်စိတ်ချ​၍ သင်တို့​အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်​သည် နှစ်သိမ့်မှု​ကို အပြည့်အဝ​ရရှိ​သဖြင့် ဆင်းရဲဒုက္ခ​အမျိုးမျိုး​နှင့် ရင်ဆိုင်ရ​သော်လည်း ဝမ်းမြောက်​လျက်​ရှိ၏။


လူတို့​၏ အခွင့်အာဏာ​ဖြင့် မဟုတ်၊ ကြားခံလူ​အားဖြင့်​လည်း မဟုတ်၊ ယေရှု​ခရစ်တော်​နှင့် ထို​သခင်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသည့် ခမည်းတော်​ဘုရားသခင်​အားဖြင့် တမန်တော်​အဖြစ် ခန့်အပ်ခံရသူ​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ