၂ ကော 10:8 - Common Language Bible8 အကယ်၍ငါသည်သခင်ဘုရားပေးတော်မူ သောအာဏာနှင့်ပတ်သက်၍ အလွန်အကျွံ ဝါကြွားမိခဲ့လျှင်လည်းမရှက်ပါ။ ထိုအာ ဏာသည်သင်တို့အားဖြိုဖျက်ရန်အတွက် မဟုတ်။ ပြုစုပျိုးထောင်ပေးရန်အတွက် ဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible8 သင် တို့ ကို ဖြို လှဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သည့် အ ခွင့် အာ ဏာ နှင့် စပ်၍ ငါ သည် တော် လွန် စွာ ဂုဏ် တင် မိ လျှင် အ ရှက် ရ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible8 သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်။ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်း မရှိ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ထို့ကြောင့် သင်တို့ကို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ကျွန်ုပ်တို့အား သခင်ဘုရားပေးသော အခွင့်အာဏာကိုအကြောင်းပြုလျက် အနည်းငယ်ပို၍ ကြွားဝါမိလျှင်ပင် မရှက်ပါ။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။-
ငါသည်တိတုအားသင်တို့အကြောင်းကိုကြွား ဝါခဲ့၏။ ယင်းသို့ကြွားဝါသည့်အတိုင်းဟုတ်မှန် ကြောင်းကိုသင်တို့ပြသလိုက်ပေပြီ။ ငါတို့ သည်သင်တို့အားဟုတ်မှန်ရာကိုသာလျှင် အစဉ်ပြောကြားခဲ့၏။ တိတုအားငါတို့ ကြွားဝါပြောဆိုခဲ့သောအရာများသည် လည်းဟုတ်မှန်လျက်နေပေပြီ။-
တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-