မည်သူကမျှ ငါ့အသက်ကို စွန့်စေသည်မဟုတ်။ မိမိသဘောဖြင့်သာ ငါစွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့အသက်ကို စွန့်ရန်နှင့် ပြန်ယူရန် ငါ့ထံ၌ အခွင့်အာဏာရှိသောကြောင့်ဖြစ်၏။ ထိုအမိန့်ကို ခမည်းတော်ထံမှ ငါရရှိ၏” ဟု မိန့်တော်မူ၏။
၂ ကော 13:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့စဉ် လူသားအနေဖြင့် အားနည်းသောအခြေအနေ၌ ရှိခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်မည်ဖြစ်၍ သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းကြမည်မဟုတ်ပေ။ Common Language Bible ကိုယ်တော်သည်လက်ဝါးကပ်တိုင်တွင်အသတ်ခံရ စဉ်အခါ၌စွမ်းအားနည်းသည့်အခြေအနေ၌ ရှိတော်မူခဲ့သော်လည်း၊ ယခုအခါဘုရားသခင် ၏တန်ခိုးတော်အားဖြင့်အသက်ရှင်လျက်နေတော် မူလေပြီ။ ငါတို့သည်လည်းကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိသဖြင့်စွမ်းအားနည်းရကြ၏။ သို့ ရာတွင်ငါတို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်လျက် သင်တို့နှင့်ဆက်ဆံမည်။ Garrad Bible အား နည်း ခြင်း အ ဖြစ် ကြောင့် ကား တင် ခံ သည် မှန် သော် လည်း ဘု ရား သ ခင့် တန် ခိုး တော် ကြောင့် အ သက် ရှင် လျက် ရှိ တော် မူ သည့် နည်း တူ ကိုယ် တော်၌ အား နည်း သော ငါ တို့ လည်း ဘု ရား သ ခင့် တန် ခိုး တော် ကြောင့် ကိုယ် တော် ကဲ့ သို့ သင် တို့ နှင့် စပ်၍ အ သက် ပြည့် စုံ ရ ကြ လိမ့် မည်။ Judson Bible အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်းသော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။ |
မည်သူကမျှ ငါ့အသက်ကို စွန့်စေသည်မဟုတ်။ မိမိသဘောဖြင့်သာ ငါစွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့အသက်ကို စွန့်ရန်နှင့် ပြန်ယူရန် ငါ့ထံ၌ အခွင့်အာဏာရှိသောကြောင့်ဖြစ်၏။ ထိုအမိန့်ကို ခမည်းတော်ထံမှ ငါရရှိ၏” ဟု မိန့်တော်မူ၏။
ထို့ကြောင့် အစ္စရေးလူမျိုးအပေါင်းတို့… လက်ဝါးကပ်တိုင်ပေါ်တွင် သင်တို့သတ်သော ထိုယေရှုကို ဘုရားသခင်သည် အရှင်သခင်နှင့်ခရစ်တော်အရာ၌ ခန့်ထားတော်မူသည်ကို သေချာစွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။
ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် ဤလူကို သန်စွမ်းစေတော်မူ၏။ ယခင်က ဤလူသည် ခြေမသန်စွမ်းသူဖြစ်ကြောင်း သင်တို့သိမြင်ကြ၏။ ထိုသခင်အားဖြင့် ရရှိသော ယုံကြည်ခြင်းသည်လည်း ဤခြေမသန်စွမ်းသူအား သင်တို့အားလုံးရှေ့၌ အကောင်းပကတိအတိုင်း ဖြစ်စေပြီ။
ထိုသားတော်မှာ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောအခါ ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခံရသော ကျွန်ုပ်တို့၏သခင်၊ ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
ခရစ်တော်သည် သေလွန်သောသူများနှင့် အသက်ရှင်သောသူများ၏ အရှင်သခင်ဖြစ်ရန်အတွက် အသေခံပြီး ရှင်ပြန်ထမြောက်တော်မူခဲ့၏။
ထိုသို့ ကျွန်ုပ်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ခရစ်တော်နှင့်အတူ အသေခံ၍ သင်္ဂြိုဟ်ခံခဲ့ကြ၏။ ဤသို့ပြုရသည်မှာ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘဝသစ်၌ အသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ မိုက်မဲခြင်းသည် လူတို့၏ပညာရှိခြင်းထက် ပို၍ ပညာရှိသောကြောင့်ဖြစ်၏။ ဘုရားသခင်၏ အားနည်းခြင်းသည်လည်း လူတို့၏ခွန်အားကြီးခြင်းထက် ပို၍ ခွန်အားကြီး၏။
စိုက်ပျိုးသောအခါ ဂုဏ်အသရေပျက်၍ ထမြောက်သောအခါ ဂုဏ်သရေရှိလိမ့်မည်။ စိုက်ပျိုးသောအခါ အားနည်း၍ ထမြောက်သောအခါ အားကြီးလိမ့်မည်။
ကျွန်ုပ်သည် သင်တို့ထံသို့ ရောက်လာချိန်က အားနည်း၍ ကြောက်ရွံ့လျက်၊ တုန်လှုပ်လျက် ရှိ၏။
ဘုရားသခင်သည် သခင်ခရစ်တော်ကို ထမြောက်စေတော်မူသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း တန်ခိုးတော်အားဖြင့် သေရာမှ ထမြောက်စေတော်မူလိမ့်မည်။
တချို့က “ပေါလု၏ စာများသည် ဩဇာပါ၍ အထင်ကြီးဖွယ်ဖြစ်သော်လည်း လူချင်းတွေ့လျှင် သူသည် သတ္တိနည်း၍ အဟောအပြောလည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့အားနည်းနေလျှင်ပင် သင်တို့အားကြီးပါက ကျွန်ုပ်တို့ဝမ်းမြောက်၏။ ကျွန်ုပ်တို့ဆုတောင်းသည်မှာ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် ဖြစ်၏။
ကျွန်ုပ်သည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းတန်ခိုးကို ရရှိခံစားခြင်း၊ ကိုယ်တော်ကဲ့သို့ အသေခံ၍ ကိုယ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားခြင်းတို့ကိုသာ အလိုရှိ၏။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။