Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ မိုက်မဲခြင်း​သည် လူတို့​၏​ပညာရှိခြင်း​ထက် ပို​၍ ပညာရှိ​သောကြောင့်​ဖြစ်၏။ ဘုရားသခင်​၏ အားနည်းခြင်း​သည်လည်း လူတို့​၏​ခွန်အားကြီးခြင်း​ထက် ပို​၍ ခွန်အား​ကြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​မဲ့​မှု​ဟု​ထင်​ရ သော​အ​ရာ​သည် လူ​တို့​ဉာဏ်​ပ​ညာ​ရှိ​မှု​ထက် ပို​၍​ထက်​မြက်​၏။ ဘု​ရား​သခင်​၏​အား​နည်း​မှု ဟု​ထင်​ရ​သော​အ​ရာ​သည်​လူ​တို့​၏​စွမ်း​သန် မှု​ထက်​ပို​၍​အား​ကြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ဘု ရား သ ခင်၏ မိုက် မဲ ခြင်း သည် လူ တို့ ပ ညာ ထက် ကောင်း၏။ ဘု ရား သ ခင်၏ အား နည်း ခြင်း လည်း လူ တို့ ခွန် အား ထက် သန် စွမ်း ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ဘု​ရား​သ​ခင်၏ မိုက်​မဲ​ခြင်း​အ​ရာ​သည် လူ​တို့၏ ပ​ညာ​ထက်​သာ၍ ပ​ညာ​ရှိ၏။ ဘု​ရား​သ​ခင်၏ အား​နည်း​ခြင်း​အ​ရာ​သည် လူ​တို့၏ အ​စွမ်း​ထက်​သာ၍ အ​စွမ်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​မိုက်မဲ​ခြင်း​သည် လူ​တို့​၏​ပညာရှိ​ခြင်း​ထက် ပညာရှိ​၏။ ဘုရားသခင်​၏​အားနည်း​ခြင်း​သည် လူ​တို့​ထက် ခွန်အားကြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:25
16 ပူးပေါင်းရင်းမြစ်များ  

လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော သတင်းစကား​သည် ပျက်စီးမည့်​သူတို့​အတွက် မိုက်မဲသော​သတင်းစကား​ဖြစ်၏။ ကယ်တင်ခြင်း​ခံရသည့် ကျွန်ုပ်တို့​အတွက်​မှာမူ ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်၏။


လူ​၏ ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို မသိနိုင်​စေရန် ဘုရားသခင်​သည် ဉာဏ်တော်​ဖြင့် စီမံ​ခန့်ခွဲ​ထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသော​တရား​ဟု လူတို့​ယူဆသည့် ကျွန်ုပ်တို့​ဟောသော​တရား​အားဖြင့် ဘုရားသခင်​သည် ယုံကြည်သော​သူတို့​ကို ကယ်တင်​ရန် အလိုရှိတော်မူ၏။


သို့သော် ဝိညာဉ်တော်​ကို မရရှိထားသောသူ​သည် ဘုရားသခင်​၏​ဝိညာဉ်တော်​ထံမှ အမှန်တရား​ကို မခံယူနိုင်ပေ။ ထို​အရာတို့​သည် သူ့​အတွက် မိုက်မဲသော​အရာများ​ဖြစ်၏။ ထို​အရာတို့​ကို ဝိညာဉ်တော်​အားဖြင့်​သာ ပိုင်းခြားသိမြင်နိုင်​သောကြောင့် သူ​သည် နားမလည်နိုင်ပေ။


ကျွန်ုပ်တို့​သည် ခရစ်တော်​အတွက်ကြောင့် မိုက်မဲသောသူများ​ဖြစ်ကြ၏။ သင်တို့​မှာမူ ခရစ်တော်​အတွက်ကြောင့် အလွန်​ပညာရှိကြ၏။ ကျွန်ုပ်တို့​သည် အားနည်း​၍ သင်တို့​မှာမူ အလွန်​ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့​သည် ဂုဏ်သရေ​မဲ့ကြ​၍ သင်တို့​မှာမူ အလွန်​ဂုဏ်သရေ​ရှိကြ၏။


ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​တွင် အသေခံခဲ့​စဉ် လူသား​အနေဖြင့် အားနည်းသော​အခြေအနေ​၌ ရှိခဲ့​သော်လည်း ယခုအခါ ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် ကိုယ်တော်​နှင့်အတူ အသက်ရှင်မည်​ဖြစ်၍ သင်တို့​ကို အပြစ်ပေး​ရာ​၌​ဖြစ်စေ၊ ကူညီမစ​ရာ​၌​ဖြစ်စေ အားနည်းကြမည်​မဟုတ်ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ