၂ ကော 13:4 - မြန်မာ့စံမီသမ္မာကျမ်း
4 အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
4 ကိုယ်တော်သည်လက်ဝါးကပ်တိုင်တွင်အသတ်ခံရ စဉ်အခါ၌စွမ်းအားနည်းသည့်အခြေအနေ၌ ရှိတော်မူခဲ့သော်လည်း၊ ယခုအခါဘုရားသခင် ၏တန်ခိုးတော်အားဖြင့်အသက်ရှင်လျက်နေတော် မူလေပြီ။ ငါတို့သည်လည်းကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိသဖြင့်စွမ်းအားနည်းရကြ၏။ သို့ ရာတွင်ငါတို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်လျက် သင်တို့နှင့်ဆက်ဆံမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
4 အား နည်း ခြင်း အ ဖြစ် ကြောင့် ကား တင် ခံ သည် မှန် သော် လည်း ဘု ရား သ ခင့် တန် ခိုး တော် ကြောင့် အ သက် ရှင် လျက် ရှိ တော် မူ သည့် နည်း တူ ကိုယ် တော်၌ အား နည်း သော ငါ တို့ လည်း ဘု ရား သ ခင့် တန် ခိုး တော် ကြောင့် ကိုယ် တော် ကဲ့ သို့ သင် တို့ နှင့် စပ်၍ အ သက် ပြည့် စုံ ရ ကြ လိမ့် မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
4 အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်းသော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
4 ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့စဉ် လူသားအနေဖြင့် အားနည်းသောအခြေအနေ၌ ရှိခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်မည်ဖြစ်၍ သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းကြမည်မဟုတ်ပေ။
အခန်းကိုကြည့်ပါ။ ကော်ပီ