Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 6:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထိုသို့ ကျွန်ုပ်တို့​သည် နှစ်ခြင်းမင်္ဂလာ​ခံယူခြင်း​ဖြင့် ခရစ်တော်​နှင့်အတူ အသေခံ​၍ သင်္ဂြိုဟ်ခံခဲ့ကြ၏။ ဤသို့​ပြုရသည်​မှာ ခရစ်တော်​သည် ခမည်းတော်​၏ ဘုန်းတန်ခိုးတော်​အားဖြင့် သေခြင်း​မှ ရှင်ပြန်ထမြောက်တော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း ဘဝသစ်​၌ အသက်ရှင်​နေထိုင်​နိုင်ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သို့​ဖြစ်​၍​ငါ​တို့​သည်​ဗတ္တိ​ဇံ​အား​ဖြင့်​ခ​ရစ်​တော် နှင့်​အ​တူ မြှုပ်​နှံ​ခြင်း​ကို​ခံ​သ​ဖြင့်​ကိုယ်​တော် နှင့်​အ​တူ​အ​သေ​ခံ​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ရ​သည့်​အ​ကြောင်း​မှာ​ခ​မည်း​တော် သည်​ဘုန်း​တန်​ခိုး​တော်​အား​ဖြင့် ကိုယ်​တော်​အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သည် နည်း​တူ​ငါ​တို့​အား​လည်း​ဘ​ဝ​သစ်​၌​ကျင် လည်​ရ​ကြ​စေ​ရန်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သို့ ဖြစ်၍ ခ ရစ် တော် သည် ခ မည်း တော်၏ ဘုန်း တန် ခိုး တော် ကြောင့် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ သည့် နည်း တူ ငါ တို့ လည်း အ သစ် အ သက် ရှင် လျက် ကျင့် ကြံ ပြု မူ အံ့ သော ငှါ သေ တော် မူ ခြင်း ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ဖြင့် ကိုယ် တော် နှင့် အ တူ သင်္ဂြိုဟ် ခံ ရ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထိုသို့ ငါ​တို့​သည် အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​သော​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ကြ​၏။ ဤသည်ကား ခရစ်တော်​သည် ခမည်းတော်​၏​ဘုန်း​အသရေ​တော်​အားဖြင့် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သည့်​နည်းတူ ငါ​တို့​သည်​လည်း အသက်တာ​သစ်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 6:4
33 ပူးပေါင်းရင်းမြစ်များ  

မည်သူမဆို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်လျှင် အသစ်​ဖန်ဆင်းခံရသူ​ဖြစ်၏။ ထို​သူ​၏ ဘဝဟောင်း​သည် ပြီးဆုံး​၍ ဘဝသစ်​သည် အစပြု၏။


လူသစ်​ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်​ကို မှန်ကန်​စွာ သိနိုင်​ရန် ထို​လူသစ်​သည် ဖန်ဆင်းရှင်​၏ ပုံသဏ္ဌာန်တော်​နှင့်​အညီ အစဉ် အသစ်​ပြုပြင်​မွမ်းမံခံရ၏။


သို့သော် ယခု​တွင်မူ ကျွန်ုပ်တို့​သည် ပညတ်တရား​၏​ချုပ်နှောင်ခြင်း​ခံရသော​ဘဝ​ကို အဆုံးသတ်ပြီ​ဖြစ်​သောကြောင့် ပညတ်တရား​၏​လက်အောက်​မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခု​တွင် ကျွန်ုပ်တို့​သည် ကျမ်းစာ​၌ ရေးသားထားသော​ပညတ်တရား​ကို နာခံသည့်​နည်းဟောင်း​ဖြင့် မဟုတ်ဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​လက်အောက်​၌ အသက်ရှင်သော​နည်းသစ်​ဖြင့် ဘုရားသခင်​ကို အစေခံကြ၏။


ဤ​အရာ​သည် ယခု​သင်တို့​ကို ကယ်တင်သည့်​နှစ်ခြင်းမင်္ဂလာ​ကို ပုံဆောင်၏။ နှစ်ခြင်း​မင်္ဂလာ​သည် ကိုယ်ခန္ဓာ​အညစ်အကြေး​ကို ဖယ်ရှားခြင်း​မဟုတ်။ ယေရှု​ခရစ်တော်​၏​ရှင်ပြန်ထမြောက်ခြင်း​မှ​တစ်ဆင့် ကယ်တင်တော်မူခြင်း​ခံရကြောင်း လိပ်ပြာသန့်​နိုင်ရန် ဘုရားသခင်​ထံ တောင်းလျှောက်ခြင်း​ဖြစ်၏။


သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူသော ခရစ်တော်​သည် ထပ်မံ​သေဆုံးမည်​မဟုတ်ကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ သေခြင်းတရား​သည် ခရစ်တော်​ကို အစိုးမရတော့ချေ။


ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​တွင် အသေခံခဲ့​စဉ် လူသား​အနေဖြင့် အားနည်းသော​အခြေအနေ​၌ ရှိခဲ့​သော်လည်း ယခုအခါ ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် ကိုယ်တော်​နှင့်အတူ အသက်ရှင်မည်​ဖြစ်၍ သင်တို့​ကို အပြစ်ပေး​ရာ​၌​ဖြစ်စေ၊ ကူညီမစ​ရာ​၌​ဖြစ်စေ အားနည်းကြမည်​မဟုတ်ပေ။


ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ရန် နှစ်ခြင်းမင်္ဂလာ​ကို ခံယူထားသော ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်အတူ အသေခံ​ရန်အတွက်​လည်း နှစ်ခြင်းမင်္ဂလာ​ခံယူသည်​ကို သင်တို့​မသိကြသလော။


ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြောင်း ကြွေးကြော်သောသူ​သည် ယေရှု​ကဲ့သို့ အသက်ရှင်​နေထိုင်​ရမည်။


ဘုရားသခင်​သည် သခင်​ခရစ်တော်​ကို ထမြောက်စေတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​ကိုလည်း တန်ခိုးတော်​အားဖြင့် သေရာ​မှ ထမြောက်စေတော်မူ​လိမ့်မည်။


ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


ထို့ကြောင့် ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ မနေထိုင်ကြ​ရန် သခင်ဘုရား​၏ အခွင့်အာဏာ​ဖြင့် သင်တို့​ကို ကျွန်ုပ် သတိပေး​လို၏။ ထို​သူတို့​၏ တွေးခေါ်ကြံဆမှု​သည် အကျိုး​မရှိပေ။


သင်တို့​၏ လူ့သဘာဝ​အားနည်းချက်​ကြောင့် ဤ​အကြောင်းအရာ​ကို သင်တို့​နားလည်​စေရန် ကျွန်ခံခြင်း​ဥပမာ​ကို ကျွန်ုပ်​အသုံးပြုရခြင်း​ဖြစ်၏။ ယခင်က သင်တို့​သည် စက်ဆုပ်​ညစ်ညမ်းခြင်း​နှင့် တရားမဲ့ခြင်းတို့​၏​ကျွန်​အဖြစ် မိမိတို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဆက်သ​၍ ပိုမို​ကြီးလေးသော​အပြစ်​ကို ကျူးလွန်ကြ၏။ ယခု​တွင်မူ သင်တို့​သည် သန့်ရှင်းသောသူများ​ဖြစ်လာကြ​စေရန် ဖြောင့်မတ်ခြင်းတရား​၏​ကျွန်​အဖြစ် အပ်နှံကြလော့။


ယေရှု​က “သင်​ယုံကြည်​လျှင် ဘုရားသခင်​၏ ဘုန်းတော်​ကို မြင်ရမည်​ဟု သင့်​အား ငါ​ပြောခဲ့ပြီ မဟုတ်လော” ဟု မာသ​ကို မိန့်တော်မူ၏။


သို့သော်လည်း ဘုရားသခင်​သည် ထို​အရှင်​ကို သေခြင်းမှ​ရှင်ပြန်​ထမြောက်စေတော်မူ​၍ သေခြင်းနှင့်​ဆိုင်သော​ဝေဒနာ​မှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုး​သည် ထို​အရှင်​ကို အစဉ်​ချုပ်နှောင်ထား​ရန် မဖြစ်နိုင်​သောကြောင့်​ပင်။


သခင်​ဖြစ်သူတို့… သင်တို့​သည်လည်း ကောင်းကင်ဘုံ​၌ ရှိတော်မူသော သခင်​၏ ကျွန်များ​ဖြစ်ကြောင်း​ကို သိမှတ်​လျက် မိမိတို့​၏ ကျွန်များ​ကို မှန်မှန်ကန်ကန်​နှင့် တရားမျှတ​စွာ ပြုမူ​ဆက်ဆံကြလော့။


သင်တို့​သည် ယခင်​က အမှောင် ဖြစ်ခဲ့​သော်လည်း ယခု​တွင်မူ သခင်ဘုရား​၏ လူများ ဖြစ်လာကြ​သောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း​၏ သားသမီးများ​ကဲ့သို့ ပြုမူနေထိုင်ကြလော့။


ဤသို့ဖြင့် ယေရှု​သည် ပထမဦးဆုံးသော​နိမိတ်​လက္ခဏာ​ကို ဂါလိလဲပြည်၊ ကာနမြို့​၌ ပြုတော်မူ​လျက် မိမိ​ဘုန်းတော်​ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့​သည်လည်း ကိုယ်တော်​ကို ယုံကြည်ကြ၏။


ဘုရားသခင်​သည် ယေရှု​အား သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ​၍ ငါတို့​သည်လည်း ထို​ထမြောက်ခြင်း​၏​သက်သေများ​ဖြစ်ကြ၏။


ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ အသေခံခဲ့ပြီး​ဖြစ်၍ ခရစ်တော်​နှင့်အတူ အသက်ရှင်ရမည်​ကို ယုံကြည်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ