သူတို့၏ဘဝသည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိ၏။
၂ ကော 12:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။ Common Language Bible သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။- Garrad Bible အ သို့ ဆို သော် ငါ ရောက် သည့် ကာ လ သင် တို့ သ ဘော မ ကျ သည် မှာ ငါ့ ကို တွေ့ မြင် ကြ သည့် ပြင် ငါ သ ဘော ကျ သည် မှာ သင် တို့ ကို မ တွေ့ မ မြင် သည့် အ လျောက် ခိုက် ရန် ဖြစ် ခြင်း၊ ပြိုင် ဆိုင် ခြင်း၊ အ မျက် ထွက် ခြင်း၊ ဖီ ဆန် ခြင်း၊ အ သ ရေ ဖျက် ခြင်း၊ ကုန်း ချော ခြင်း၊ ဝင့် ဝါ ခြင်း၊ ဘက် ပြိုင် ခြင်း များ ဖြစ် မည် ကိုလည်း ကောင်း၊ Judson Bible ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူ မဖြစ်၊ ငါသည်လည်း သင်တို့ မနှစ်သက်သောသူ ဖြစ်မည်ဟူ၍လည်းကောင်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူလည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။ |
သူတို့၏ဘဝသည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိ၏။
သူတို့သည် အသရေပျက်အောင်ပြောဆိုသူများ၊ ဘုရားသခင်ကို မုန်းတီးသူများ၊ မောက်မာသူများ၊ မာနထောင်လွှားသူများ၊ ကြွားဝါသူများ၊ မကောင်းမှုဖန်တီးသူများ၊ မိဘစကားနားမထောင်သူများဖြစ်ကြ၏။
သို့သော် မိမိတို့ကိုယ်ကျိုးအတွက်သာ အသက်ရှင်၍ သမ္မာတရားကို မလိုက်နာဘဲ ဆိုးယုတ်စွာ အသက်ရှင်သောသူတို့အပေါ် ဘုရားသခင်သည် မိမိ၏ ဒေါသနှင့်အမျက်ကို ကျရောက်စေတော်မူလိမ့်မည်။
ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့အချင်းချင်း ငြင်းခုံလျက်ရှိကြောင်း ခလောဣအိမ်သား တချို့က ကျွန်ုပ်ကို ပြောပြကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောက်ယက်ခတ်စေတတ်သောဘုရားမဟုတ်ဘဲ ယုံကြည်သူတို့၏ အသင်းတော်များ၌ ပြုသကဲ့သို့ ငြိမ်းချမ်းခြင်းကို ဖြစ်စေသောဘုရား ဖြစ်တော်မူသောကြောင့်ပင်။
ဤသို့ဖြစ်လျက်ပင် သင်တို့သည် မာနထောင်လွှားဆဲရှိကြ၏။ အမှန်တွင်မူ သင်တို့သည် ဝမ်းနည်းပူဆွေးလျက် ထိုသူကို သင်တို့အထဲမှ ထုတ်ပယ်သင့်သည်မဟုတ်လော။
ကောရိန္သုမြို့သို့ ကျွန်ုပ် ပြန်မလာရခြင်းအကြောင်းရင်းမှာ ကျွန်ုပ်၏ ပြင်းထန်သောဆုံးမခြင်းမှ သင်တို့ကို လွတ်စေလိုသောကြောင့်ဖြစ်ကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျွန်ုပ်ပြော၏။
လူတချို့က ကျွန်ုပ်တို့သည် လောကီစံနှုန်းအတိုင်း ပြုမူနေထိုင်ကြသည်ဟု ထင်မြင်ကြ၏။ ကျွန်ုပ်ရောက်လာသောအခါ ထိုသူတို့အား ရဲရင့်ပြတ်သားစွာ ပြုမူရန် ကြံစည်ထား၏။ သို့သော် သင်တို့ကိုမူ ထိုသို့ရဲရင့်ပြတ်သားစွာ မပြုမူရစေရန် ကျွန်ုပ်တောင်းပန်ပါ၏။
သင်တို့အကြွင်းမဲ့ နာခံကြသောအခါ ကျွန်ုပ်တို့သည် မနာခံသောသူအပေါင်းတို့ကို ပြစ်ဒဏ်ပေးရန် အသင့်ရှိမည်။
နောက်တစ်ကြိမ် ကျွန်ုပ်ရောက်လာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ကျွန်ုပ်ကို နှိမ့်ချတော်မူ၍ ယခင်က ကျူးလွန်ခဲ့သည့် စက်ဆုပ်ညစ်ညမ်းခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ကာမဂုဏ်လိုက်စားခြင်းတို့ကို ယခုတိုင်အောင် ကျူးလွန်လျက် နောင်တမရသေးသောသူများစွာအတွက်ကြောင့် ကျွန်ုပ်ဝမ်းနည်းရမည်ကိုလည်း စိုးရိမ်၏။
ဒုတိယအကြိမ် ကျွန်ုပ်သင်တို့နှင့်အတူ ရှိခဲ့စဉ်က ယခင် အပြစ်ကျူးလွန်သူများနှင့် အခြားသူအပေါင်းတို့အား နောက်တစ်ကြိမ် ရောက်လာလျှင် ညှာတာမည်မဟုတ်ဟု သတိပေးခဲ့သည့်အတိုင်း ယခုအဝေး၌ ရှိစဉ်တွင်လည်း ထပ်မံ၍ သတိပေးလိုက်၏။
ထို့ကြောင့် သင်တို့ထံသို့ လာ၍ သင်တို့အား ဝမ်းနည်းစေမည့် အဖြစ်မျိုးကို နောက်ထပ်မပြုရန် ကျွန်ုပ်ဆုံးဖြတ်ထား၏။
သို့သော် သင်တို့သည် အချင်းချင်း ကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးသွားမည်ဖြစ်၍ သတိပြုကြလော့။
ဘဝင်မြင့်ခြင်း၊ အချင်းချင်းအမျက်ကိုနှိုးဆော်ခြင်း၊ အချင်းချင်းမနာလိုခြင်းတို့မရှိဘဲ နေကြစို့။
ညီအစ်ကိုမောင်နှမတို့… အချင်းချင်း မပုတ်ခတ်ကြနှင့်။ ညီအစ်ကိုမောင်နှမချင်း ပုတ်ခတ်ပြောဆိုသူ၊ သို့မဟုတ် အပြစ်စီရင်တတ်သောသူသည် ပညတ်တရားတော်ကို ပုတ်ခတ်၍ စီရင်သောသူဖြစ်၏။ ပညတ်တရားကို စီရင်လျှင် ပညတ်တရားကို လိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ စီရင်သောသူဖြစ်၏။
ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထားဖြစ်ခြင်းမှစ၍ ရှိသမျှသောလှည့်စားခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်းအားလုံးတို့ကို ဖယ်ရှားကြလော့။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။
ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။