Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ချစ်သော ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း ငြင်းခုံ​လျက်​ရှိကြောင်း ခလောဣ​အိမ်သား တချို့​က ကျွန်ုပ်​ကို ပြောပြကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း ခိုက်​ရန်​ဖြစ်​လျက်​ရှိ​ကြ​ကြောင်း​ကို က​လော​ဣ ၏​အိမ်​သူ​အိမ်​သား​များ​ထံ​မှ​ငါ​ကြား​သိ ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ငါ့ ညီ အစ် ကို တို့၊ သင် တို့ ဘောင် တွင် ခိုက် ရန် ဖြစ် ခြင်း များ ရှိ ကြောင်း ခ လော ဧ အိမ် သူ အိမ် သား တို့ ဖော် ပြ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ကြောင်း​မူ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ချင်း​ချင်း​မ​သင့်၊ ရန်​တွေ့​ခြင်း​ရှိ​သည်​ကို၊ ခ​လော​ဣ အိမ်​သား​အ​ချို့​တို့​သည် ပြော​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကြောင်းမူကား ငါ့​ညီအစ်ကို​တို့၊ သင်​တို့​အထဲတွင် ပဋိပက္ခ​ဖြစ်​ခြင်း​ရှိ​သည်​ဟု ခလောဣ​အိမ်သား​များ​က သင်​တို့​အကြောင်း​ကို ငါ့​အား​ပြောပြ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:11
19 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း စည်းလုံးကြ​ရန် သခင်​ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။ သဘောထား​မကွဲလွဲကြနှင့်။ တူညီသော​စိတ်၊ တူညီသော​ရည်ရွယ်ချက်တို့​ဖြင့် စည်းလုံးကြလော့။


သင်တို့​ထဲမှ တချို့​က “ငါ​သည် ပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် အာပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ပေတရု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ခရစ်တော်​၏​တပည့်​ဖြစ်၏” ဟူ၍ အသီးသီး​က ပြောဆို​နေကြ​သောကြောင့် ဤ​စကား​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။


ပထမ​အချက်​အနေဖြင့် သင်တို့​သည် အသင်းတော်​အစည်းအဝေးများ​၌ စုဝေးကြ​သောအခါ သဘောထား​ကွဲလွဲမှုများ ရှိကြောင်း ကျွန်ုပ်​ကြားသိရ၏။ ကြားရသည့်​အရာ​ကို အထိုက်အလျောက် ကျွန်ုပ်​ယုံကြည်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် လူ့​ဗီဇစိတ်​၏ ထိန်းချုပ်မှု​အောက်​၌ ရှိနေကြသေး​သောကြောင့်​ဖြစ်၏။ သင်တို့​သည် အချင်းချင်း မနာလို​လျက်၊ ရန်ဖြစ်​လျက် ရှိနေကြသည်​မှာ သင်တို့​၏ လူ့ဗီဇစိတ်​က သင်တို့​ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်း​ပင် မဟုတ်လော။ သင်တို့​သည် လောကီသား​ကဲ့သို့​ပင် ပြုမူနေထိုင်ကြသည်​မဟုတ်လော။


ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​ကို ကျွန်ုပ်​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်​သကဲ့သို့ ကျွန်ုပ်​ကိုလည်း သင်တို့​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်မည်​ကို ကျွန်ုပ်​စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း​စသည်တို့​ရှိမည်​ကို စိုးရိမ်၏။


သို့သော် သင်တို့​သည် အချင်းချင်း ကိုက်ဖြတ်​ဝါးမျိုကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​သွားမည်​ဖြစ်​၍ သတိပြုကြလော့။


ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊


ဘဝင်မြင့်ခြင်း၊ အချင်းချင်း​အမျက်​ကို​နှိုးဆော်ခြင်း၊ အချင်းချင်း​မနာလိုခြင်းတို့​မရှိဘဲ နေကြစို့။


ပြုလေ​သမျှ​တို့​တွင် မငြင်းခုံ၊ မညည်းညူဘဲ ပြုကြလော့။


မည်သည့်​အရာ​ကိုမျှ နားမလည်သူ​ဖြစ်၏။ သူတို့​သည် စကားလုံး​အသုံးအနှုန်းများ​နှင့်​ပတ်သက်၍ ငြင်းခုံရခြင်း​ကို နှစ်သက်၏။ ထို​အပြုအမူ​သည် တစ်ဦး​နှင့်​တစ်ဦး မနာလိုခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ဆိုးညစ်သော​သံသယစိတ်​ရှိခြင်းတို့ ဖြစ်လာ​စေ၏။


မိုက်မဲသော​ငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေး​ရာတွင် အချိန်ပေးခြင်း၊ ပညတ်တရား​နှင့်ပတ်သက်​၍ စကားများ​ခိုက်ရန်​ဖြစ်ခြင်းတို့​ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထို​အရာများ​သည် အကျိုး​မရှိ။ အသုံး​လည်း​မဝင်​သောကြောင့် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ