Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 13:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ဒုတိယ​အကြိမ် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိခဲ့​စဉ်က ယခင် အပြစ်​ကျူးလွန်သူများ​နှင့် အခြားသူ​အပေါင်းတို့​အား နောက်တစ်ကြိမ် ရောက်လာ​လျှင် ညှာတာမည်​မဟုတ်​ဟု သတိပေးခဲ့သည့်​အတိုင်း ယခု​အဝေး​၌ ရှိစဉ်​တွင်လည်း ထပ်မံ​၍ သတိပေးလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ဒု​တိ​ယ​အ​ကြိမ်​ငါ​လာ​ရောက်​ခဲ့​စဉ်​အ​ခါ​က ``နောက် တစ်​ကြိမ်​ငါ​လာ​လျှင်​သင်​တို့​အား​ငါ​ညှာ​တာ​လိမ့် မည်​မ​ဟုတ်'' ဟု​ယ​ခင်​အ​ပြစ်​ကူး​ခဲ့​သူ​များ​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား​ငါ​ကိုယ်​တိုင်​ကြို တင်​သ​တိ​ပေး​ခဲ့​၏။ ယ​ခု​လည်း​ဤ​အ​တိုင်း ပင်​အ​ဝေး​မှ​ငါ​ထပ်​မံ​၍​သ​တိ​ပေး​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2-3 ပြစ် မှား မြဲ ပြစ် မှား သူ တို့ မှ စ၍ ကြွင်း သူ တို့ အား ဒု တိ ယ အ ကြိမ် ငါ ရှိ စဉ် အ ခါ ပြော ဆို ခဲ့ သည့် အ တိုင်း ငါ့ အား ဖြင့် ခ ရစ် တော် မိန့် ဆို တော် မူ ကြောင်း သက် သေ ကို သင် တို့ ရှာ ကြ သည် ဖြစ်၍ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဆို ဦး မည် မှာ ငါ ပြန် ရောက် လျှင် ညှာ မည် မ ဟုတ်။ ထို အ ရှင် သည် သင် တို့ နှင့် စပ်၍ အား မ နည်း ဘဲ သင် တို့ ဘောင် တွင် တန် ခိုး နှင့် ပြည့် စုံ တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 တစ်​ဖန် ငါ​ရောက်​လာ​လျှင် သင်​တို့​ကို​မ​သ​နား​ရ​ဟု ပြစ်​မှား​သော​သူ​မှ​စ၍ ကြွင်း​သော​သူ​အ​ပေါင်း​တို့​အား အ​ထက်​က ငါ​ပြော​သည်​သာ​မ​က၊ ယ​ခု​ပင်​သင်​တို့​နှင့်​အ​တူ မ​ရှိ​သော်​လည်း၊ တစ်​ဖန် ရှိ​ဘိ​သ​ကဲ့​သို့ ငါ​ပြော​နှင့်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ယခင် အပြစ်​ကျူးလွန်​ခဲ့​သူ​များ​နှင့် အခြား​သော​သူ​အပေါင်း​တို့​အား ဒုတိယ​အကြိမ်​ရောက်​ခဲ့​စဉ်​က ငါ​သတိပေး​ခဲ့​သည့်​အတိုင်း ယခု သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ငါ​သတိပေး​သည်​ကား ငါ​သည် နောက်တစ်ဖန်​ရောက်လာ​လျှင် ညှာတာ​လိမ့်မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 13:2
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထို​သူ​၏ ဗီဇစိတ်​ကို ဖျက်ဆီး​ရန် သင်တို့​သည် ထို​သူ​အား နှင်ထုတ်​၍ စာတန်​လက်​သို့ အပ်​ရမည်။ သို့မှသာ သခင်ဘုရား ပြန်လည်​ကြွလာမည့်​နေ့​တွင် သူ​၏​ဝိညာဉ်​သည် ကယ်တင်ခံရ​နိုင်မည်​ဖြစ်၏။


ကောရိန္သုမြို့​သို့ ကျွန်ုပ် ပြန်​မလာရခြင်း​အကြောင်းရင်း​မှာ ကျွန်ုပ်​၏ ပြင်းထန်သော​ဆုံးမခြင်း​မှ သင်တို့​ကို လွတ်စေလို​သောကြောင့်​ဖြစ်ကြောင်း ဘုရားသခင်​ကို တိုင်တည်​၍ ကျွန်ုပ်​ပြော၏။


ယခု ကျွန်ုပ်​သည် သင်တို့​ထံသို့ တတိယ​အကြိမ် လာ​ရန် အသင့်​ရှိ၏။ သို့သော် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်စေမည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သင်တို့​၏ ငွေကြေးဥစ္စာ​ကို အလို​ရှိ​၍​မဟုတ်ဘဲ သင်တို့​ကိုသာ အလိုရှိ​သောကြောင့်​ဖြစ်၏။ သားသမီးတို့​သည် မိဘ​အတွက် ငွေကြေးဥစ္စာ​ကို စုဆောင်းရသည်​မဟုတ်။ မိဘတို့​ကသာ သားသမီးတို့​အတွက် စုဆောင်းရ၏။


ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​အား သခင်ဘုရား ပေးတော်မူသည့်​အခွင့်အာဏာ​ကို ပြင်းထန်​စွာ အသုံးမပြုလို​သောကြောင့် သင်တို့​ထံ မလာမီ ဤ​အကြောင်းအရာများ​ကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထို​အခွင့်အာဏာ​မှာ သင်တို့အား ဖြိုဖျက်​ရန် မဟုတ်ဘဲ တည်ဆောက်​ရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ