လူတို့သည် လူသားကြောင့် သင်တို့ကို မုန်းကြ၍ ဝိုင်းပယ်ကဲ့ရဲ့လျက် သင်တို့၏နာမည်ကို ဖျက်ကြသောအခါ၌လည်း သင်တို့သည် မင်္ဂလာရှိကြ၏။
၂ ကော 12:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။ Common Language Bible ငါသည်အားနည်းသောအခါ၌တန်ခိုးနှင့် ပြည့်စုံလျက်ရှိသဖြင့် ခရစ်တော်၏အတွက် ကြောင့်အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲ ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနှင့်အနှောင့် အယှက်တို့ကိုခံနေရစဉ်ရောင့်ရဲတင်းတိမ် မှုရှိ၏။ Garrad Bible သို့ ဖြစ်၍ လည်း ငါ သည် ခ ရစ် တော့် အ တွက် အား နည်း ခြင်း၊ အ နာ တ ရ ပြု ခြင်း၊ ညှဉ်း ပန်း ခြင်း၊ နှိပ် စက် ခြင်း၊ ကျဉ်း ကျပ် ခြင်း များ ကို နှစ် သက် စွာ ခံ လေ၏။ ငါ သည် အား နည်း သည့် အ ခါ ခွန် အား နှင့် ပြည့်၏။ Judson Bible သို့ဖြစ်၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ခရစ်တော်ကြောင့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ခက်ခဲကျပ်တည်းခြင်း၊ ညှဉ်းဆဲခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။ |
လူတို့သည် လူသားကြောင့် သင်တို့ကို မုန်းကြ၍ ဝိုင်းပယ်ကဲ့ရဲ့လျက် သင်တို့၏နာမည်ကို ဖျက်ကြသောအခါ၌လည်း သင်တို့သည် မင်္ဂလာရှိကြ၏။
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
ထိုမျှမက ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရလျှင်လည်း ကျွန်ုပ်တို့သည် ဂုဏ်ယူဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့အား သည်းခံခြင်းကိုလည်းကောင်း၊
ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ကြောင့် မိုက်မဲသောသူများဖြစ်ကြ၏။ သင်တို့မှာမူ ခရစ်တော်အတွက်ကြောင့် အလွန်ပညာရှိကြ၏။ ကျွန်ုပ်တို့သည် အားနည်း၍ သင်တို့မှာမူ အလွန်ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့သည် ဂုဏ်သရေမဲ့ကြ၍ သင်တို့မှာမူ အလွန်ဂုဏ်သရေရှိကြ၏။
ဆင်းရဲဒုက္ခအမျိုးမျိုးကို ကျွန်ုပ်တို့ခံရသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဆင်းရဲဒုက္ခကြုံသော အခြားသူတို့ကို နှစ်သိမ့်ပေးနိုင်ရန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရားနှစ်သက်တော်မူသောသူသည် မိမိကိုယ်ကိုယ် ချီးမွမ်းသောသူမဟုတ်ဘဲ ကိုယ်တော်က ချီးမွမ်းသောသူဖြစ်သောကြောင့်ပင်ဖြစ်၏။
သို့သော် ကိုယ်တော်က “ငါပြုသောကျေးဇူးသည် သင့်အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့တန်ခိုးသည် သင်အားနည်းသောအခါ အပြည့်အဝထင်ရှားသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်အပေါ် ခရစ်တော်၏တန်ခိုး တည်နေရန် ကျွန်ုပ်သည် ကျွန်ုပ်၏ အားနည်းချက်ကို ပို၍ ဝမ်းမြောက်စွာ ကြွားဝါမည်။
ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့စဉ် လူသားအနေဖြင့် အားနည်းသောအခြေအနေ၌ ရှိခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်မည်ဖြစ်၍ သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းကြမည်မဟုတ်ပေ။
ကျွန်ုပ်တို့အားနည်းနေလျှင်ပင် သင်တို့အားကြီးပါက ကျွန်ုပ်တို့ဝမ်းမြောက်၏။ ကျွန်ုပ်တို့ဆုတောင်းသည်မှာ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် ဖြစ်၏။
ကျွန်ုပ်တို့ ခဏတာခံရသည့် ပေါ့ပါးသောဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အတွက် အလွန်ထူးမြတ်သော ထာဝရဘုန်းအသရေကို ဖြစ်ပွားစေ၏။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့ကိုယ်ကျိုးအတွက် အသက်မရှင်ဘဲ မိမိတို့အတွက် အသေခံ၍ တစ်ဖန်ရှင်ပြန်ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ရန် ဖြစ်၏။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သံတမန်များဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့” ဟု ခရစ်တော်၏ ကိုယ်စား သင်တို့ကို ကျွန်ုပ်တို့အနူးအညွတ်မေတ္တာရပ်ခံကြ၏။
ထိုသို့ဖြစ်စေမည့်အစား ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများကို အလွန်သည်းခံလျက် ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြ၏။
ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် သင်တို့သည် သခင်ဘုရားအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ သာလွန်ထူးကဲသောတန်ခိုးတော်အားဖြင့်လည်းကောင်း ကြံ့ခိုင်ကြလော့။
ကျွန်ုပ်ရင်ဆိုင်ခဲ့ရသော ဆန့်ကျင်တိုက်ခိုက်မှုကို သင်တို့မြင်တွေ့ခဲ့ရပြီး လက်ရှိ၌လည်း ကျွန်ုပ်ရင်ဆိုင်နေရကြောင်း သင်တို့ကြားသိရသည့် ထိုဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေရ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ကို ယုံကြည်ရမည့် အခွင့်ထူးကို သာမက ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည့် အခွင့်ထူးကိုလည်း ဘုရားသခင်ထံမှ ရရှိထားသောကြောင့် ဖြစ်၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
ထို့ကြောင့် သင်တို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခအားလုံးကြားကပင် သည်းခံ၍ ယုံကြည်သဖြင့် ဘုရားသခင်၏ အသင်းတော်များအလယ်၌ သင်တို့အကြောင်း ကျွန်ုပ်တို့ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားကြ၏။
အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့တွင် ကျွန်ုပ်မည်သို့ညှဉ်းပန်းနှိပ်စက် ခံရ၍ ဆင်းရဲဒုက္ခကြုံခဲ့ရသည်ကိုလည်း သင်သိ၏။ သို့သော် သခင်ဘုရားသည် ထိုဆင်းရဲဒုက္ခအပေါင်းမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် အမျိုးမျိုးသောဒုက္ခဆင်းရဲများနှင့် ကြုံတွေ့သောအခါ ဝမ်းမြောက်စရာသက်သက် ဖြစ်ကြောင်း မှတ်ယူကြလော့။