သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
၂ ကော 11:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မကြာခဏ ခရီးသွားခဲ့ရာတွင် မြစ်၌ ကြုံတွေ့ရသော ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးချင်းပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့၌ ကြုံတွေ့ရသောဘေး၊ တောကန္တာရ၌ ကြုံတွေ့ရသောဘေး၊ ပင်လယ်၌ ကြုံတွေ့ရသောဘေး၊ ယုံကြည်သူအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။ Common Language Bible ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။- Garrad Bible ခ ရီး များ သ ဖြင့် မြစ် ချောင်း ဘေး၊ ဓား ပြ ဘေး၊ အ မျိုး သား ခြင်း တို့ ဘေး၊ လူ မျိုး ခြား တို့ ဘေး၊ မြို့ ရွာ ဘေး၊ တော အ ရပ် ဘေး၊ ပင် လယ် ဘေး၊ ညီ အစ် ကို ယောင် ဆောင် သူ တို့ ဘေး များ နှင့် တွေ့ ကြုံ ရ ၏။ Judson Bible အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း မကြာခဏ ခရီးထွက်၍ မြစ်ချောင်းတို့၌ကြုံရသောဘေး၊ ဓားပြတို့၏ဘေး၊ ကိုယ့်လူမျိုးတို့ပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့တွင်း၌ကြုံရသောဘေး၊ တောကန္တာရ၌ကြုံရသောဘေး၊ ပင်လယ်ထဲ၌ကြုံရသောဘေး၊ ညီအစ်ကိုအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။ |
သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
သို့သော် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ဂျူးများရောက်လာ၍ လူထုကို သိမ်းသွင်းပြီးလျှင် ပေါလုအား ကျောက်ခဲနှင့်ပေါက်ကာ သေပြီအထင်ဖြင့် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
လူမျိုးခြားတချို့နှင့် ဂျူးတို့သည် သူတို့၏အာဏာပိုင်များနှင့်အတူ တမန်တော်တို့ကို နှိပ်စက်၍ ကျောက်ခဲနှင့်ပေါက်ရန် ကြံစည်အားထုတ်ကြ၏။
ပေါလုသည်လည်း သိလကိုခေါ်၍ ထွက်ခွာစဉ် ယုံကြည်သူများသည် ပေါလုအား သခင်ဘုရား၏ကျေးဇူးတော်သို့ အပ်နှံကြ၏။
သို့သော် ဗေရိမြို့တွင် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ဟောနေကြောင်းကို သက်သာလောနိတ်မြို့ရှိ ဂျူးလူမျိုးများသည် ကြားသောအခါ ထိုမြို့သို့ လိုက်လာ၍ လူထုပရိသတ်တို့ကို ဆူပူထကြွအောင် လှုံ့ဆော်ကြပြန်၏။
သို့သော် ဂျူးလူမျိုးတချို့သည် မနာလိုသဖြင့် ဈေးအရပ်များရှိ ဆိုးသွမ်းသူများကို စုစည်း၍ မြို့ထဲ၌ ရုန်းရင်းဆန်ခတ်ဖြစ်စေကြ၏။ ယာသုန်၏အိမ်ကိုလည်း နိုင်ထက်စီးနင်းပြု၍ ပေါလုနှင့် သိလတို့ကို လူများရှေ့သို့ ဆွဲခေါ်လာရန် ရှာဖွေကြလေ၏။
သို့သော် ဂါလျန်မင်းသည် အခါယပြည်၏မြို့ဝန်မင်းဖြစ်သောအခါ ဂျူးတို့သည် ပေါလုကို ပူးပေါင်းဆန့်ကျင်၍ တရားခွင်သို့ ခေါ်ဆောင်သွားကြ၏။
အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင်
ထိုအချိန်တွင် ခရစ်တော်၏တရားလမ်းနှင့်ပတ်သက်၍ ကြီးမားသော ဆူပူလှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်လာ၏။
ဂျူးတို့၏မကောင်းသောအကြံစည်များအားဖြင့် ကျွန်ုပ်ထံရောက်လာသော နှောင့်ယှက်မှုများကို သည်းခံလျက်နှင့်ပင် နှိမ့်ချ၍ မျက်ရည်များကျကာ သခင်ဘုရားအား အစေခံခဲ့၏။
ထိုမြို့တွင် သုံးလခန့်နေထိုင်၍ ဆီးရီးယားပြည်သို့ ရွက်လွှင့်ရန် ပြင်ဆင်နေစဉ် ဂျူးလူမျိုးတို့က မိမိကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်နေကြကြောင်းကို ပေါလုကြားသိရ၏။ ထို့ကြောင့် ပေါလုသည် မာကေဒေါနိပြည်ကိုဖြတ်၍ လှည့်ပြန်သွားရန် ဆုံးဖြတ်လေ၏။
ငြင်းခုံမှုပို၍ပြင်းထန်လာသဖြင့် တပ်မှူးကြီးက ပေါလုအပိုင်းပိုင်းဆွဲဖြတ်ခံရမည်ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူက “ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာ၍ စခန်းအတွင်းသို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများအား အမိန့်ပေးလေ၏။
ထိုသူတို့က မိမိတို့အားကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ဆင့်ခေါ်ရန် တောင်းဆိုကြ၏။ ဤသို့တောင်းဆိုရခြင်းမှာ ထိုသူတို့သည် ပေါလုကိုလမ်းတွင် ချောင်းမြောင်း၍ လုပ်ကြံသတ်ဖြတ်ရန် ဖြစ်၏။
စစ်သားများသည် အကျဉ်းသားများ ကုန်းသို့ ရေကူး၍ထွက်ပြေးမည်ကို စိုးသောကြောင့် သတ်ရန်ကြံစည်ကြ၏။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များ၏ တန်ခိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ပြုတော်မူသောအမှုတို့မှလွဲ၍ မည်သည့်အရာအတွက်မျှ ကျွန်ုပ်ဂုဏ်မယူဝံ့ပါ။ ဤနည်းဖြင့် ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဂျေရုဆလင်မြို့မှ ဣလုရိတ်ပြည်အထိ ရောက်ရှိရာ အရပ်ဒေသတို့၌ အကုန်အစင်ဟောပြောခဲ့၏။
မည်သည့်အရာက ကျွန်ုပ်တို့ကို ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကွဲကွာစေမည်နည်း။ ဆင်းရဲဒုက္ခ၊ ဘေးဆိုး၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာခေါင်းပါးခြင်း၊ မွဲတေခြင်း၊ ဘေးအန္တရာယ်နှင့် ဓားဘေးတို့က ကွဲကွာစေမည်လော။
ကျွန်ုပ်သည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ကျွန်ုပ်အတွက် မည်သည့်အကျိုး ရှိမည်နည်း။ သေလွန်သောသူတို့ မထမြောက်လျှင် “ကျွန်ုပ်တို့သည် မနက်ဖြန် သေကြမည်ဖြစ်၍ စားသောက်လျက် နေကြစို့” ဟူ၍ ဆိုထားသည့်အတိုင်း ပြုကြစို့။
ဒမတ်စကပ်မြို့၌ အာရေတမင်းကြီး ခန့်ထားသောမြို့ဝန်သည် ကျွန်ုပ်ကိုဖမ်းဆီးရန် မြို့တံခါးများတွင် အစောင့်များဖြင့် စောင့်ကြပ်ထားခဲ့၏။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။