Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 အလုပ်​ကို ခက်ခက်ခဲခဲ​ဖြင့် ပင်ပန်းကြီးစွာ​လုပ်ကိုင်ရခြင်း၊ မကြာခဏ​အိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ​အစာ​ပြတ်လပ်ခြင်း၊ အအေးဒဏ်​ခံရခြင်း၊ ဝတ်စရာ​မလုံလောက်ခြင်း စသည်တို့​နှင့် ကြုံခဲ့ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ကြိုး ပန်း လုပ် ကိုင် ခြင်း၊ အ ကြိမ် ကြိမ် အ အိပ် ဖျက် ခြင်း၊ အ စား အ​သောက် မဲ့ ခြင်း၊ အ ကြိမ် ကြိမ် အ စား ဖျက် ခြင်း၊ ချမ်း အေး ခြင်း၊ အ ဝတ် မဲ့ ခြင်း များ ကို ခံ ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ကြိုးပမ်း​အားထုတ်​ခြင်း​နှင့် ပင်ပန်း​ခက်ခဲ​ခြင်း၊ မကြာခဏ​အိပ်ရေးပျက်​ခြင်း၊ အစာငတ်​ခြင်း​နှင့် ရေငတ်​ခြင်း၊ မကြာခဏ အစာ​ပြတ်လပ်​ခြင်း၊ ချမ်းအေး​ဒဏ်​ခံရ​ခြင်း​နှင့် အဝတ်​အချည်းစည်း​နေ​ရ​ခြင်း​တို့​ကို​လည်း ကြုံတွေ့​ခဲ့​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:27
17 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဆုတောင်းခြင်း​နှင့် အစာရှောင်ခြင်း​အားဖြင့်​သာလျှင် ဤ​နတ်ဆိုးမျိုး​ကို နှင်ထုတ်နိုင်သည်” ဟု မိန့်တော်မူ၏။


အသင်းတော်​တိုင်း​တွင် အကြီးအကဲများ​ကို​ခန့်ထားကြ၏။ ထို့နောက် အစာရှောင်​ဆုတောင်း​၍ ထို​အကြီးအကဲများ​ကို သူတို့​ယုံကြည်သော သခင်ဘုရား​ထံ အပ်နှံကြ၏။


ထို့ကြောင့် သတိ​နှင့်​နေကြလော့။ ကျွန်ုပ်​သည် သုံးနှစ်တာ​ပတ်လုံး နေထိုင်ခဲ့သည်​တွင် နေ့ည​မပြတ် မျက်ရည်ကျ​လျက် သင်တို့​အား တိုက်တွန်း​နိုးဆော်ခဲ့သည်​ကို သတိရကြလော့။


လင်မယား​ဝတ်​ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်​တွင် အပြည့်အဝ​ဆုတောင်း​နိုင်ရန် နှစ်ဦး​သဘောတူညီချက်​ဖြင့် သတ်မှတ်ထားသော အချိန်​အတိုင်းအတာ​အတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယား​ဝတ်​ကို ရှောင်​လျှင် စာတန်​သည် သင်တို့​၏ မထိန်းချုပ်နိုင်ခြင်း​အပေါ် အခွင့်ကောင်း​ယူ​၍ သင်တို့​ကို သွေးဆောင်မည်​ကို စိုးရ​သောကြောင့် အချိန်စေ့​လျှင် လင်မယား​ဝတ်​ကို ပြန်​၍ ပြုကြလော့။


သူတို့​သည် ခရစ်တော်​၏ အစေခံများ​ဖြစ်ကြသလော။ ကျွန်ုပ်​သည် ပို၍​ပင် ဖြစ်သည်​ဟူ၍ အရူး​ကဲ့သို့ ပြောလို၏။ ကျွန်ုပ်​သည် ပို၍​အလုပ်​ကြိုးစားခဲ့၏။ ခရစ်တော်​အကြောင်း ဟောပြော​သောကြောင့် အကြိမ်ပေါင်း​များစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်း​များစွာ ကြိမ်ဒဏ်​ခံခဲ့ရ၏။ မကြာခဏ သေဘေး​နှင့် ရင်ဆိုင်ခဲ့ရ၏။


ရိုက်နှက်ခံရခြင်း၊ ထောင်ကျခြင်း၊ ရုန်းရင်းဆန်ခတ်​ပြုလုပ်ခံရခြင်း၊ အလုပ်​ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အစာ​ပြတ်လပ်ခြင်း​တို့​ကို သည်းခံကြ၏။


ဆင်းရဲနွမ်းပါးခြင်း​ကို ကျွန်ုပ်​သိ၏။ ချမ်းသာ​ကြွယ်ဝခြင်း​ကိုလည်း ကျွန်ုပ်​သိ၏။ ဝလင်​စွာ စားရသည်​ဖြစ်စေ၊ ဆာလောင်​မွတ်သိပ်သည်​ဖြစ်စေ၊ ချမ်းသာ​ကြွယ်ဝသည်​ဖြစ်စေ၊ ငတ်မွတ်​ခေါင်းပါးသည်​ဖြစ်စေ အခြေအနေ​တိုင်း​နှင့် အရာရာ​တိုင်း​၌ တင်းတိမ်​ရောင့်ရဲတတ်သော သော့ချက်​ကို ကျွန်ုပ်​သင်ယူထားပြီ ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ မည်မျှ​ပင်ပန်း​စွာ လုပ်ဆောင်ကြသည်​ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​ကို ဘုရားသခင်​၏ သတင်းကောင်း ဟောပြောသည့်​အချိန်​တွင် မိမိတို့​၏ ဝမ်းစာ​အတွက် မည်သူ့​ကိုမျှ ဝန်ထုပ်ဝန်ပိုး​မဖြစ်​စေရန် နေ့ရောညပါ အလုပ်​လုပ်ခဲ့ကြ၏။


ကျွန်ုပ်တို့​သည် အဖိုးအခ​မပေးဘဲ မည်သူ​တစ်ဦးတစ်ယောက်​၏ အစားအစာ​ကိုမျှ မစားခဲ့ကြ။ သင်တို့​တစ်ဦးတစ်ယောက်​ကို​မျှ ကျွန်ုပ်တို့​ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်​စေရန် နေ့ရောညပါ ကြိုးစား​၍ အလုပ်​လုပ်ခဲ့ကြ၏။


သူတို့​သည် ကျောက်ခဲ​နှင့် ပေါက်သတ်ခြင်း၊ လွှ​နှင့် နှစ်ပိုင်း​ဖြတ်ခြင်း၊ စမ်းသပ်ခြင်း၊ ဓား​နှင့် သတ်ခြင်းတို့​ကို ခံကြရ၏။ သူတို့​သည် ဆင်းရဲနွမ်းပါး​လျက်၊ ဒုက္ခ​ရောက်​လျက်၊ နှိပ်စက်ခံရ​လျက် သိုးသားရေ၊ ဆိတ်သားရေ​တို့​ကို ဝတ်​၍ သွားလာကြရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ