Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 မကြာခဏ ခရီး​သွားခဲ့ရာ​တွင် မြစ်​၌ ကြုံတွေ့ရသော ဘေး၊ ဓားပြ​ဘေး၊ ကိုယ့်​လူမျိုးချင်း​ပြုသော​ဘေး၊ လူမျိုးခြားတို့​ပြုသော​ဘေး၊ မြို့​၌ ကြုံတွေ့ရသော​ဘေး၊ တောကန္တာရ​၌ ကြုံတွေ့ရသော​ဘေး၊ ပင်လယ်​၌ ကြုံတွေ့ရသော​ဘေး၊ ယုံကြည်သူ​အတုအယောင်များ​ပြုသော​ဘေး စသည်တို့​နှင့် ရင်ဆိုင်ခဲ့ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ငါ​သည်​ခ​ရီး​အ​ကြိမ်​ကြိမ်​ပြု​ရာ​တွင်​မြစ် ရေ​လျှံ​သည့်​ဘေး၊ ဋ္ဌား​ပြ​များ​၏​ဘေး၊ ငါ့ လူ​မျိုး​များ​ဖြစ်​သော​ယု​ဒ​ပြည်​သူ​တို့​၏ ဘေး၊ လူ​မျိုး​ခြား​တို့​၏​ဘေး၊ မြို့​ကြီး​များ တွင်​တွေ့​ရ​တတ်​သည့်​ဘေး၊ တော​ကျေး​လက် ၌​ဆိုက်​ရောက်​တတ်​သည့်​ဘေး၊ ပင်​လယ်​ဘေး၊ မိတ်​ဆွေ​အ​တု​အ​ယောင်​တို့​၏​ဘေး​များ နှင့်​ကြုံ​တွေ့​ခဲ့​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ခ ရီး များ သ ဖြင့် မြစ် ချောင်း ဘေး၊ ဓား ပြ ဘေး၊ အ မျိုး သား ခြင်း တို့ ဘေး၊ လူ မျိုး ခြား တို့ ဘေး၊ မြို့ ရွာ ဘေး၊ တော အ ရပ် ဘေး၊ ပင် လယ် ဘေး၊ ညီ အစ် ကို ယောင် ဆောင် သူ တို့ ဘေး များ နှင့် တွေ့ ကြုံ ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 မကြာခဏ ခရီးထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓားပြ​တို့​၏​ဘေး၊ ကိုယ့်​လူမျိုး​တို့​ပြု​သော​ဘေး၊ လူမျိုးခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်လယ်​ထဲ၌​ကြုံ​ရ​သော​ဘေး၊ ညီအစ်ကို​အတုအယောင်​များ​ပြု​သော​ဘေး စသည်​တို့​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:26
35 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဂျူးတို့​သည် ထို​လူအုပ်​ကို မြင်​သောအခါ မနာလိုစိတ်​နှင့် ပြည့်ကြ​သဖြင့် ပေါလု​ဟောပြောသော​အရာများ​ကို ဆန့်ကျင်​၍ ပေါလု​အား စော်ကားပြောဆိုကြ၏။


သို့သော် ဂျူးတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော ဂုဏ်သရေရှိ​အမျိုးသမီးများ​နှင့် မြို့​၌​အရေးပါသော​အမျိုးသားများ​အား လှုံ့ဆော်​ကာ ပေါလု​နှင့် ဗာနဗ​ကို ဆန့်ကျင်​၍ ညှဉ်းပန်းနှိပ်စက်​စေပြီး သူတို့​ကို မိမိတို့​၏​နယ်များ​မှ နှင်ထုတ်ကြ၏။


သို့သော် အန္တိအုတ်မြို့​နှင့် ဣကောနိမြို့​မှ ဂျူးများ​ရောက်လာ​၍ လူထု​ကို သိမ်းသွင်း​ပြီးလျှင် ပေါလု​အား ကျောက်ခဲ​နှင့်​ပေါက်​ကာ သေပြီ​အထင်​ဖြင့် မြို့​ပြင်​သို့​ဆွဲထုတ်ကြ၏။


လူမျိုးခြား​တချို့​နှင့် ဂျူးတို့​သည် သူတို့​၏​အာဏာပိုင်များ​နှင့်အတူ တမန်တော်တို့​ကို နှိပ်စက်​၍ ကျောက်ခဲ​နှင့်​ပေါက်​ရန် ကြံစည်​အားထုတ်ကြ၏။


ပေါလု​သည်လည်း သိလ​ကို​ခေါ်​၍ ထွက်ခွာ​စဉ် ယုံကြည်သူများ​သည် ပေါလု​အား သခင်ဘုရား​၏​ကျေးဇူးတော်​သို့ အပ်နှံကြ၏။


သို့သော် ဗေရိမြို့​တွင် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ဟောနေကြောင်း​ကို သက်သာလောနိတ်မြို့​ရှိ ဂျူးလူမျိုးများ​သည် ကြား​သောအခါ ထို​မြို့​သို့ လိုက်လာ​၍ လူထု​ပရိသတ်တို့​ကို ဆူပူထကြွ​အောင် လှုံ့ဆော်ကြပြန်၏။


သို့သော် ဂျူးလူမျိုး​တချို့​သည် မနာလို​သဖြင့် ဈေးအရပ်များ​ရှိ ဆိုးသွမ်းသူများ​ကို စုစည်း​၍ မြို့​ထဲ၌ ရုန်းရင်းဆန်ခတ်​ဖြစ်စေကြ၏။ ယာသုန်​၏​အိမ်​ကို​လည်း နိုင်ထက်စီးနင်းပြု​၍ ပေါလု​နှင့် သိလ​တို့​ကို လူများ​ရှေ့သို့ ဆွဲခေါ်လာ​ရန် ရှာဖွေကြလေ၏။


သို့သော် ဂါလျန်မင်း​သည် အခါယပြည်​၏​မြို့ဝန်မင်း​ဖြစ်​သောအခါ ဂျူးတို့​သည် ပေါလု​ကို ပူးပေါင်း​ဆန့်ကျင်​၍ တရားခွင်​သို့ ခေါ်ဆောင်သွားကြ၏။


အာပေါလု​သည် ကောရိန္သုမြို့​၌ ရှိနေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​မြို့များ​ကို ဖြတ်၍ ဧဖက်မြို့​သို့ ရောက်လာ၏။ ထို​မြို့​၌ တပည့်တော်​တချို့​ကို တွေ့​လျှင်


ထို​အချိန်​တွင် ခရစ်တော်​၏​တရားလမ်း​နှင့်​ပတ်သက်​၍ ကြီးမားသော ဆူပူလှုပ်ရှားမှု​တစ်ရပ် ပေါ်ပေါက်လာ၏။


ဂျူးတို့​၏​မကောင်းသော​အကြံစည်များ​အားဖြင့် ကျွန်ုပ်​ထံ​ရောက်လာသော နှောင့်ယှက်မှုများ​ကို သည်းခံ​လျက်နှင့်ပင် နှိမ့်ချ​၍ မျက်ရည်များ​ကျ​ကာ သခင်ဘုရား​အား အစေခံခဲ့၏။


ထို​မြို့​တွင် သုံးလခန့်​နေထိုင်​၍ ဆီးရီးယားပြည်​သို့ ရွက်လွှင့်​ရန် ပြင်ဆင်​နေစဉ် ဂျူးလူမျိုးတို့​က မိမိ​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်နေကြ​ကြောင်း​ကို ပေါလု​ကြားသိရ၏။ ထို့ကြောင့် ပေါလု​သည် မာကေဒေါနိပြည်​ကို​ဖြတ်​၍ လှည့်ပြန်သွား​ရန် ဆုံးဖြတ်လေ၏။


ငြင်းခုံမှု​ပို၍​ပြင်းထန်လာ​သဖြင့် တပ်မှူးကြီး​က ပေါလု​အပိုင်းပိုင်း​ဆွဲဖြတ်ခံရမည်​ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူ​က “ပေါလု​ကို သူတို့​ထံမှ အတင်း​ခေါ်ဆောင်လာ​၍ စခန်း​အတွင်း​သို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများ​အား အမိန့်ပေးလေ၏။


ထို​သူတို့​က မိမိတို့​အား​ကျေးဇူးပြု​သည့်​အနေဖြင့် ပေါလု​ကို ဂျေရုဆလင်မြို့​သို့​ဆင့်ခေါ်​ရန် တောင်းဆိုကြ၏။ ဤသို့​တောင်းဆိုရခြင်း​မှာ ထို​သူတို့​သည် ပေါလု​ကို​လမ်း​တွင် ချောင်းမြောင်း​၍ လုပ်ကြံသတ်ဖြတ်​ရန် ဖြစ်၏။


စစ်သားများ​သည် အကျဉ်းသားများ ကုန်း​သို့ ရေကူး​၍​ထွက်ပြေးမည်​ကို စိုး​သောကြောင့် သတ်​ရန်​ကြံစည်ကြ၏။


နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​၏ တန်ခိုး​ဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့်​လည်းကောင်း ပြုတော်မူသော​အမှုတို့​မှလွဲ၍ မည်သည့်​အရာ​အတွက်​မျှ ကျွန်ုပ်​ဂုဏ်မယူဝံ့ပါ။ ဤ​နည်း​ဖြင့် ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဂျေရုဆလင်မြို့​မှ ဣလုရိတ်ပြည်​အထိ ရောက်ရှိရာ အရပ်​ဒေသတို့​၌ အကုန်အစင်​ဟောပြောခဲ့၏။


မည်သည့်​အရာ​က ကျွန်ုပ်တို့​ကို ခရစ်တော်​၏ ချစ်ခြင်းမေတ္တာ​နှင့် ကွဲကွာ​စေမည်နည်း။ ဆင်းရဲဒုက္ခ၊ ဘေးဆိုး၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာခေါင်းပါးခြင်း၊ မွဲတေခြင်း၊ ဘေးအန္တရာယ်​နှင့် ဓားဘေးတို့​က ကွဲကွာ​စေမည်လော။


ကျွန်ုပ်တို့​သည်လည်း အဘယ်ကြောင့် အန္တရာယ်​နှင့် အစဉ်အမြဲ​ရင်ဆိုင်​နေရသနည်း။


ကျွန်ုပ်​သည် လူ့သဘော​ဖြင့် ဧဖက်မြို့​၌ သားရဲ​တိရစ္ဆာန်များ​နှင့် တိုက်ခိုက်ခဲ့မည်​ဆိုလျှင် ကျွန်ုပ်​အတွက် မည်သည့်​အကျိုး ရှိမည်နည်း။ သေလွန်သော​သူတို့ မထမြောက်​လျှင် “ကျွန်ုပ်တို့​သည် မနက်ဖြန် သေကြမည်​ဖြစ်​၍ စားသောက်​လျက် နေကြစို့” ဟူ၍ ဆိုထားသည့်​အတိုင်း ပြုကြစို့။


ဒမတ်စကပ်မြို့​၌ အာရေတ​မင်းကြီး ခန့်ထားသော​မြို့ဝန်​သည် ကျွန်ုပ်​ကို​ဖမ်းဆီး​ရန် မြို့တံခါးများ​တွင် အစောင့်များ​ဖြင့် စောင့်ကြပ်ထားခဲ့၏။


ဤ​အရေပြားလှီးခြင်း​ကိစ္စ ပေါ်လာရခြင်း​မှာ ယုံကြည်သူ​အတုအယောင်များ​ကြောင့် ဖြစ်၏။ ထို​သူတို့​သည် ကျွန်ုပ်တို့​အား ယေရှု​ခရစ်တော်​ပေးသော လွတ်လပ်ခွင့်​ကို စုံစမ်း​ပြီး ဖယ်ရှား​လို​သဖြင့် အစည်းအဝေး​ထဲသို့ လျှို့ဝှက်​စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့​အား ပညတ်တရား​လက်အောက်​တွင် ကျွန်ခံ​စေနိုင်ရန်​အတွက် ဂျူး​ဓလေ့ထုံးတမ်းများ​ကို အတင်းအကျပ် လိုက်နာ​စေလိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ