Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ရောမလူမျိုးတို့​ထံမှ ကြိမ်လုံး​နှင့် သုံးကြိမ်​တိုင်တိုင် အရိုက်​ခံခဲ့ရ၏။ ကျောက်ခဲ​နှင့်​ပေါက်ခြင်း​ကို တစ်ကြိမ် ခံခဲ့ရ၏။ သင်္ဘော​ပျက်ရာ​တွင် သုံးကြိမ်​ပါ​၍ ပင်လယ်ပြင်​တွင် တစ်နေ့​နှင့်​တစ်ည မျောခဲ့ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ရော​မ​အ​မျိုး​သား​တို့​ထံ​၌​ငါ​သည်​သုံး​ကြိမ် တိုင်​တိုင်​ကြိမ်​ဒဏ်​ခံ​ခဲ့​ရ​သည်။ ခဲ​နှင့်​အ​ပေါက် ခံ​ရ​သည်​မှာ​တစ်​ကြိမ်၊ သင်္ဘော​ပျက်​သည်​မှာ သုံး​ကြိမ်​ဖြစ်​၏။ ပင်​လယ်​ပြင်​တွင်​နှစ်​ဆယ့် လေး​နာ​ရီ​မျော​ခဲ့​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ရာ ဇ ကြိမ် ဒဏ် သုံး ကြိမ်၊ ခဲ ပစ် ဒဏ် တစ် ကြိမ် ခံ ရ သည့် ပြင် သင်္ဘော ပျက် ခြင်း သုံး ကြိမ် နှင့် တစ် နေ့ တစ် ညဉ့် ပတ် လုံး နစ် မွန်း ခြင်း ကို ခံ ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သုံး​ကြိမ်​မြောက်​အောင် ကြိမ်​လုံး​နှင့် ရိုက်​ခြင်း​ကို​လည်း​ကောင်း၊ တစ်​ကြိမ် ခဲ​နှင့် ပစ်​ခြင်း​ကို​လည်း​ကောင်း ငါ​ခံ​ရ​ပြီ။ သုံး​ကြိမ်​မြောက်​အောင် သင်္ဘော​ပျက်​ခြင်း​ကို ခံ​ရ​ပြီ။ တစ်​နေ့​နှင့် တစ်​ည​ပတ်​လုံး ပင်​လယ်​ထဲ​မှာ နေ​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ကြိမ်လုံး​နှင့်​ရိုက်နှက်​ခြင်း​ကို သုံး​ကြိမ်၊ ခဲ​နှင့်​ပေါက်​ခြင်း​ကို တစ်ကြိမ် ခံ​ခဲ့​ရ​၏။ သင်္ဘော​ပျက်စီး​ရာ​၌ သုံး​ကြိမ်​ပါ​၍ ပင်လယ်​ပြင်​တွင် တစ်နေ့​နှင့်​တစ်ည မျော​ခဲ့​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:25
12 ပူးပေါင်းရင်းမြစ်များ  

လူသား​ကို လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံ​၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း စသည်တို့​ကို​ပြု​စေ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့သော် စပျစ်ခြံလုပ်သားများ​က သူ​၏​အစေခံများ​ကို ဖမ်းချုပ်​လျက် တစ်ဦး​ကို​ရိုက်​၍ တစ်ဦး​ကို​သတ်​ကာ တစ်ဦး​ကို ကျောက်ခဲ​နှင့်​ပေါက်ကြ၏။


သို့သော် အန္တိအုတ်မြို့​နှင့် ဣကောနိမြို့​မှ ဂျူးများ​ရောက်လာ​၍ လူထု​ကို သိမ်းသွင်း​ပြီးလျှင် ပေါလု​အား ကျောက်ခဲ​နှင့်​ပေါက်​ကာ သေပြီ​အထင်​ဖြင့် မြို့​ပြင်​သို့​ဆွဲထုတ်ကြ၏။


လူမျိုးခြား​တချို့​နှင့် ဂျူးတို့​သည် သူတို့​၏​အာဏာပိုင်များ​နှင့်အတူ တမန်တော်တို့​ကို နှိပ်စက်​၍ ကျောက်ခဲ​နှင့်​ပေါက်​ရန် ကြံစည်​အားထုတ်ကြ၏။


ထို​ညတွင်းချင်း​ပင် ထောင်မှူး​သည် သူတို့​ကို​ခေါ်​၍ ဒဏ်ရာများ​ကို ဆေးကြောပေး၏။ ထိုသို့​ပြုပြီး​နောက် သူ​နှင့် အိမ်သား​အားလုံး​သည် ချက်ချင်း​ပင် နှစ်ခြင်းမင်္ဂလာ​ကို ခံယူကြ၏။


သို့သော် ပေါလု​က ရဲအရာရှိတို့​အား “သူတို့​သည် ရောမနိုင်ငံသား​ဖြစ်သော အကျွန်ုပ်တို့​ကို မစစ်ဆေးဘဲ လူထု​ပရိသတ်တို့​ရှေ့​တွင် ရိုက်နှက်​၍ အကျဉ်းချထားခဲ့ကြ၏။ ယခု​တွင် သူတို့​သည် အကျွန်ုပ်တို့​အား တိတ်တဆိတ်​လွှတ်မည်လော။ ထိုသို့​မပြုသင့်။ သူတို့​ကိုယ်တိုင်​လာ​၍ အကျွန်ုပ်တို့​ကို ထောင်​မှ​ထုတ်ပါစေ” ဟု ပြော၏။


ထိုအခါ တပ်မှူးကြီး​သည် ပေါလု​ကို စခန်း​ထဲသို့ ခေါ်ဆောင်သွား​ရန် အမိန့်ပေးလေ၏။ သူ​က “လူထု​သည် အဘယ်ကြောင့် ထိုသို့​ဆန့်ကျင်​လျက် အော်ဟစ်ကြသည်​ကို သိရှိ​နိုင်ရန် သူ့​ကို ကျာပွတ်​နှင့် ရိုက်​၍ စစ်ဆေးလော့” ဟု ညွှန်ကြားလေ၏။


ခရစ်တော်​ကို ဆက်​၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်​စွာ နေလော့။ အချို့သော​သူတို့​သည် မိမိတို့​၏​အသိတရား​ကို လျစ်လျူရှုခြင်း​ဖြင့် သူတို့​၏ ယုံကြည်ခြင်း​သည် သင်္ဘောပျက်​သဖွယ် ဖြစ်လာ၏။


သူတို့​သည် ကျောက်ခဲ​နှင့် ပေါက်သတ်ခြင်း၊ လွှ​နှင့် နှစ်ပိုင်း​ဖြတ်ခြင်း၊ စမ်းသပ်ခြင်း၊ ဓား​နှင့် သတ်ခြင်းတို့​ကို ခံကြရ၏။ သူတို့​သည် ဆင်းရဲနွမ်းပါး​လျက်၊ ဒုက္ခ​ရောက်​လျက်၊ နှိပ်စက်ခံရ​လျက် သိုးသားရေ၊ ဆိတ်သားရေ​တို့​ကို ဝတ်​၍ သွားလာကြရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ