Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 20:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို​မြို့​တွင် သုံးလခန့်​နေထိုင်​၍ ဆီးရီးယားပြည်​သို့ ရွက်လွှင့်​ရန် ပြင်ဆင်​နေစဉ် ဂျူးလူမျိုးတို့​က မိမိ​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်နေကြ​ကြောင်း​ကို ပေါလု​ကြားသိရ၏။ ထို့ကြောင့် ပေါလု​သည် မာကေဒေါနိပြည်​ကို​ဖြတ်​၍ လှည့်ပြန်သွား​ရန် ဆုံးဖြတ်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သူ​သည်​ထို​ပြည်​တွင်​သုံး​လ​မျှ​နေ​၏။ ထို နောက်​ရှု​ရိ​ပြည်​သို့​သင်္ဘော​လွှင့်​မည်​အ​ပြု တွင်​သူ​၏​အ​သက်​ကို​ရန်​ရှာ​ရန် ယု​ဒ​အ​မျိုး သား​တို့​လျှို့​ဝှက်​ကြံ​စည်​နေ​ကြ​ကြောင်း​ကို ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​မာ​ကေ ဒေါ​နိ​ပြည်​ကို​ဖြတ်​၍​ပြန်​ရန်​စိတ်​ပိုင်း​ဖြတ် လိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဂ ရိတ် ပြည် သို့ သွား ရောက်၍ သုံး လ ကြာ မှ ရှု ရိ ပြည် သို့ သင်္ဘော စီး မည့် အ ခိုက် အ သက် အ န္တ ရာယ် ကို ယု ဒ လူ မျိုး တို့ ရှာ ကြံ ကြ သ ဖြင့် မာ ကေ ဒေါ နိ ပြည် ကို ဖြတ်၍ ပြန် မည် ပြ ဋ္ဌာန်း ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သုံး​လ​နေ​ပြီး​လျှင် ပင်​လယ်​ကို​ကူး၍ ရှု​ရိ​ပြည်​သို့ သွား​မည်​ပြု​သော်၊ ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​ကြောင့်၊ မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​ဖြင့် ပြန်​မည်​ဟု အ​ကြံ​ရှိ​ပြန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို​ပြည်​၌ သုံး​လ​နေ​ပြီးနောက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​မည်​ပြု​စဉ်​တွင် ဂျူး​လူမျိုး​တို့​သည် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်​ကြ​သဖြင့် မာကေဒေါနိ​ပြည်​ကို​ဖြတ်​၍ ပြန်သွား​ရန် ဆုံးဖြတ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 20:3
19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။


ထို​မှ​တစ်ဆင့် ဖိလိပ္ပိမြို့​သို့ ရောက်ကြ၏။ ထို​မြို့​သည် မာကေဒေါနိပြည်​၏​အရေးပါသော​မြို့​တစ်မြို့​ဖြစ်​၍ ရောမ​လက်အောက်ခံ​မြို့​လည်း​ဖြစ်၏။ ကျွန်ုပ်တို့​သည် ထို​မြို့​၌ ရက်​အတန်ကြာ​နေကြ၏။


ပေါလု​သည် ညအခါ ရူပါရုံ​တစ်ခု​ကို​မြင်ရ၏။ ထို​ရူပါရုံ​၌ မာကေဒေါနိပြည်သား​တစ်ဦး​သည် ရပ်​လျက် “မာကေဒေါနိပြည်​သို့​လာ​၍ ကျွန်ုပ်တို့​ကို ကူညီပါ” ဟု တောင်းပန်​ပြောဆိုနေ၏။


ပေါလု​သည် ကောရိန္သုမြို့​၌ ရက်ပေါင်း​များစွာ နေ​ပြီးနောက် ယုံကြည်သူတို့​အား နှုတ်ဆက်​ကာ ကင်ခြေမြို့​သို့ သွားလေ၏။ ပေါလု​သည် ယခင်က သစ္စာပြုထားခဲ့​သည် ဖြစ်​၍ ရွက်​မလွှင့်မီ ကင်ခြေမြို့​တွင် ဆံပင်ရိတ်လေ၏။ ထို့နောက် ပြစ်ကိလ၊ အာကုလ​တို့​နှင့်အတူ ဆီးရီးယားပြည်​သို့ ရွက်လွှင့်ကြ၏။


ဤအရာများ ဖြစ်ပျက်​ပြီးနောက် ပေါလု​သည် ဝိညာဉ်တော်​အားဖြင့် မာကေဒေါနိပြည်​နှင့် အခါယပြည်​တစ်လျှောက်​သွား​ပြီးလျှင် ဂျေရုဆလင်မြို့​သို့ သွား​ရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလု​က “ထို​မြို့​သို့​သွားပြီး​လျှင် ငါ​သည် ရောမမြို့​သို့​လည်း သွားရမည်” ဟု ပြောလေ၏။


ထို​ရုန်းရင်းဆန်ခတ်​ပြုခြင်း​အမှု ပြီးဆုံးသွား​သောအခါ ပေါလု​သည် တပည့်တော်များ​ကို ခေါ်​၍ အားပေးစကား​ပြောဆိုကာ နှုတ်ဆက်ပြီး မာကေဒေါနိပြည်​သို့ ထွက်ခွာသွားလေ၏။


ဂျူးတို့​၏​မကောင်းသော​အကြံစည်များ​အားဖြင့် ကျွန်ုပ်​ထံ​ရောက်လာသော နှောင့်ယှက်မှုများ​ကို သည်းခံ​လျက်နှင့်ပင် နှိမ့်ချ​၍ မျက်ရည်များ​ကျ​ကာ သခင်ဘုရား​အား အစေခံခဲ့၏။


ထို​ဒေသများ​တစ်လျှောက် လှည့်ပတ်​သွားလာ​ကာ ယုံကြည်သူတို့​အား အားပေးစကားများ​ပြောကြား​ပြီးနောက် အခါယပြည်​သို့​သွား၏။


ဆိုက်ပရပ်ကျွန်း​ကို မြင်ရ​သောအခါ တောင်​ဘက်​မှ ဖြတ်ကျော်​၍ ဆီးရီးယားပြည်​သို့ သင်္ဘော​ဖြင့်​ရွက်လွှင့်ပြန်၏။ သင်္ဘော​ပေါ်မှ ကုန်ပစ္စည်း​ကို​ချ​ရန် တိုင်ရာမြို့​၌ ကမ်းကပ်ကြ၏။


ထို​သူတို့​က မိမိတို့​အား​ကျေးဇူးပြု​သည့်​အနေဖြင့် ပေါလု​ကို ဂျေရုဆလင်မြို့​သို့​ဆင့်ခေါ်​ရန် တောင်းဆိုကြ၏။ ဤသို့​တောင်းဆိုရခြင်း​မှာ ထို​သူတို့​သည် ပေါလု​ကို​လမ်း​တွင် ချောင်းမြောင်း​၍ လုပ်ကြံသတ်ဖြတ်​ရန် ဖြစ်၏။


ထိုသို့ သင်တို့​သိကြ​လိမ့်မည်​ဟု စိတ်ချယုံကြည်​သောကြောင့် ကျွန်ုပ်​သည် သင်တို့​ထံသို့ နှစ်ကြိမ် လည်ပတ်​၍ နှစ်ဆသော​ကောင်းချီး​ကို ပေးလို၏။


မကြာခဏ ခရီး​သွားခဲ့ရာ​တွင် မြစ်​၌ ကြုံတွေ့ရသော ဘေး၊ ဓားပြ​ဘေး၊ ကိုယ့်​လူမျိုးချင်း​ပြုသော​ဘေး၊ လူမျိုးခြားတို့​ပြုသော​ဘေး၊ မြို့​၌ ကြုံတွေ့ရသော​ဘေး၊ တောကန္တာရ​၌ ကြုံတွေ့ရသော​ဘေး၊ ပင်လယ်​၌ ကြုံတွေ့ရသော​ဘေး၊ ယုံကြည်သူ​အတုအယောင်များ​ပြုသော​ဘေး စသည်တို့​နှင့် ရင်ဆိုင်ခဲ့ရ၏။


မာကေဒေါနိပြည်​သို့ ကျွန်ုပ်တို့​ရောက်​သောအခါ ကျွန်ုပ်တို့​သည် စိတ်သက်သာရာ​ရသည်​ဟူ၍​မရှိ။ ပြင်ပ​အတိုက်အခိုက်များ၊ အတွင်း​ကြောက်စိတ်များ​ဖြင့် အဘက်ဘက်​မှ နှိပ်စက်မှုများ​ကို ခံရကြ၏။


ထို့နောက်​တွင်မူ ဆီးရီးယားပြည်​နှင့် ဆီလီဆီးယားပြည်​သို့ ကျွန်ုပ်​သွားခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ