သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
၁ ယော 3:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးတို့… မည်သူမျှ သင်တို့ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်စွာ ပြုမူသောသူသည် ကိုယ်တော်ဖြောင့်မတ်တော်မူသကဲ့သို့ ဖြောင့်မတ်၏။ Common Language Bible သားသမီးတို့၊ အဘယ်သူမျှသင်တို့အား မှောက်မှားလမ်းလွဲအောင်မပြုစေနှင့်။ ခရစ်တော် သည်ဖြောင့်မတ်တော်မူသကဲ့သို့ အမှန်တရားကို ကျင့်သုံးသူသည်လည်းဖြောင့်မတ်သူဖြစ်၏။- Garrad Bible သူ ငယ် တို့၊ မည် သူ မျှ သင် တို့ ကို မ လှည့် ဖြား စေ နှင့်။ ဖြောင့် မတ် စွာ ပြု ကျင့် သူ သည် ကိုယ် တော် ဖြောင့် မတ် တော် မူ သည့် နည်း တူ ဖြောင့် မတ် ၏။ Judson Bible ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့်၏။ ကိုယ်တော် ဖြောင့်မတ်တော်မူသည်နည်းတူ၊ ထိုသူသည် ဖြောင့်မတ်ခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။ |
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
မည်သည့်လူမျိုးမဆို ဘုရားသခင်အား ကြောက်ရွံ့၍ မှန်ကန်စွာ လုပ်ဆောင်သောသူဖြစ်လျှင် ဘုရားသခင်လက်ခံတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကြားနာရုံမျှကြားနာသောသူသည် ဘုရားသခင်ရှေ့တော်၌ မဖြောင့်မတ်ဘဲ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူသာလျှင် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊
အချည်းနှီးသော စကားများဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များကြောင့် မနာခံသောသူတို့အပေါ် ဘုရားသခင်၏ အမျက်တော် ကျရောက်၏။
အလင်း၏အသီးအပွင့်သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းတို့ ဖြစ်ကြ၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
သို့သော် သားတော်နှင့် ပတ်သက်၍ “အို ဘုရားသခင်… ကိုယ်တော်၏ရာဇပလ္လင်သည် ထာဝရတည်တံ့၏။ ကိုယ်တော်၏နိုင်ငံတော်သည် တရားမျှတမှုဖြင့် အုပ်စိုးသောနိုင်ငံ ဖြစ်ပါ၏။
အာဗြဟံသည်လည်း ထိုမင်းကြီးအား ရရှိသောပစ္စည်းများမှ ဆယ်ပုံတစ်ပုံကို ပေးလှူ၏။ မေလခိဇေဒက်ဟူသော အမည်၏ အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဖြစ်ပြီး နောက်ပိုင်းတွင် သူ့ကို ရှာလင်ဘုရင်ဟု ခေါ်တွင်ကာ “ငြိမ်းချမ်းရေးဘုရင်” ဟု အဓိပ္ပာယ်ရ၏။
ထိုတရားတော်ကို လိုက်နာကျင့်သုံးသောသူဖြစ်ကြလော့။ မိမိကိုယ်ကိုယ် လှည့်စား၍ ကြားနာရုံမျှသာ ကြားနားသောသူ မဖြစ်စေကြနှင့်။
ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးများပင် ယုံကြည်၍ ကြောက်ရွံ့ထိတ်လန့်ကြ၏။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
ကျွန်ုပ်၏သားသမီးတို့… သင်တို့ အပြစ်မကျူးလွန်စေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်အပြစ်ကျူးလွန်လျှင် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အတွက် ကူညီမစမည့်သူဖြစ်သည့် ဖြောင့်မတ်သောအရှင် ယေရှုခရစ်တော်ရှိ၏။
သင်တို့အား လမ်းလွဲစေရန် ကြိုးစားနေသောသူများအကြောင်းကို သင်တို့ထံ ကျွန်ုပ်ရေးလိုက်၏။
ကိုယ်တော်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်စွာ ပြုမူသောသူတို့သည် ကိုယ်တော်ထံမှ ပေါက်ဖွားလာသောသူ ဖြစ်သည်ကို သင်တို့သိကြ၏။
ကိုယ်တော်အပေါ် ဤမျှော်လင့်ချက်ရှိသောသူအပေါင်းတို့သည် ကိုယ်တော် သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေကြ၏။
ကျွန်ုပ်တို့သည် ဤလောကတွင် ကိုယ်တော်ကဲ့သို့ ဖြစ်ကြ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံနေသောကြောင့် တရားစီရင်တော်မူရာနေ့၌ စိတ်ချယုံကြည်မှု ရှိကြလိမ့်မည်။