Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ကျွန်ုပ်တို့​သည် ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့ ဖြစ်ကြ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံနေ​သောကြောင့် တရားစီရင်တော်မူရာ​နေ့​၌ စိတ်ချယုံကြည်မှု ရှိကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ငါ​တို့​၌​ကိုယ်​တော်​၏​မေတ္တာ​တော်​ပြည့်​ဝ​စုံ လင်​ခြင်း​အား​ဖြင့် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​ရဲ​ရင့်​တည်​ကြည်​မှု​ကို​ရ​ရှိ​နိုင် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​က ၌​ငါ​တို့​သည်​ခ​ရစ်​တော်​နည်း​တူ​အ​သက် ရှင်​ကြ​သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ငါ တို့ သည် ကိုယ် တော်၏ အ ဖြစ် အ နေ တော် အ တိုင်း ပင် ဤ လော က တွင် ရှိ နေ၍ တ ရား စီ ရင် သည့် နေ့ တော်၌ ရဲ ရင် ခွင့် ရ ရှိ ခြင်း အား ဖြင့် ငါ တို့ တွင် ချစ် ခြင်း မေ တ္တာ စုံ လင် ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​သို့​ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​သော​အား​ဖြင့်၊ တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​နေ့၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ကိုယ်​တော်၏​နည်း​တူ ဤ​လော​က၌​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ငါ​တို့​သည် တရား​စီရင်​တော်မူ​ရာ​နေ့​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​စေရန် ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။ အကြောင်းမူကား ငါ​တို့​သည်​လည်း ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:17
25 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​အမှန်​ဆို၏။ တရားစီရင်သော​နေ့​တွင် ထို​မြို့​သည် ဆိုးသွမ်းသည့်​သောဒုံမြို့​နှင့် ဂေါမောရမြို့​ထက် ပို၍​အပြစ်ဒဏ်ခံရ​လိမ့်မည်။


တပည့်​သည် ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည်​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီး​ဖြစ်သူ​ကို နတ်ဆိုးမင်း​ဟု ခေါ်ကြ​လျှင် အိမ်သူအိမ်သားတို့​ကို ပို​၍ ဆိုးရွား​စွာ ခေါ်ကြ​လိမ့်မည်။


ထို့ကြောင့် တရားစီရင်သော​နေ့​တွင် သင်တို့​သည် တိုင်ရာမြို့​နှင့်​ဆီဒုန်မြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်​ဟု ငါ​ဆို၏။


တရားစီရင်သော​နေ့​တွင် သင်​သည် သောဒုံမြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်​ဟု ငါ​ဆိုသည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏ အကျိုးမဲ့​ပြောဆိုသော​စကားများ​အတွက် တရားစီရင်သော​နေ့ရက်​တွင် ဖြေရှင်းချက်​ပေးရ​လိမ့်မည်။


‘ကျွန်​သည် သခင်​ထက် သာ​၍ ကြီးမြတ်သည်​မဟုတ်’ ဟု သင်တို့​ကို ငါ​ပြောခဲ့သော​စကား​ကို သတိရကြလော့။ လောကီသားတို့​သည် ငါ့​ကို ညှဉ်းပန်းနှိပ်စက်​လျှင် သင်တို့​ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြ​လိမ့်မည်။ သူတို့​သည် ငါ့​စကား​ကို နားထောင်​လျှင် သင်တို့​၏​စကား​ကိုလည်း နားထောင်ကြ​လိမ့်မည်။


အကျွန်ုပ်တို့​သည် တစ်သားတည်း​ဖြစ်​သကဲ့သို့ သူတို့​သည်လည်း တစ်သားတည်း​ဖြစ်​စေရန် အကျွန်ုပ်​အား ကိုယ်တော်​ပေးတော်မူသော​ဘုန်းအသရေ​ကို သူတို့​အား ပေးပါပြီ။


ဘုရားသခင်​သည် မိမိ​လူတို့​ကို ကြိုတင်​သိတော်မူ​၍ ထို​သူတို့​ကို မိမိ​သားတော်​ကဲ့သို့ ဖြစ်လာ​စေရန် ရွေးချယ်တော်မူ၏။ ဤသို့​ပြုတော်မူသည်​မှာ ညီအစ်ကို​မောင်နှမ​များစွာ​ထဲတွင် ခရစ်တော်​ကို သားဦး​ဖြစ်​စေရန်​ပင် ဖြစ်၏။


လူတို့​သည် တစ်ကြိမ်တည်း​သာ သေရ​ပြီးနောက် တရားစီရင်တော်မူခြင်း​ကို ရင်ဆိုင်ရ​သကဲ့သို့


ကရုဏာ​ကင်းမဲ့သောသူ​သည် ကရုဏာ​ကင်းမဲ့​စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာ​ထားသောသူ​သည် ဘုရားသခင်​တရားစီရင်မည့်​နေ့​တွင် ကြောက်ရွံ့နေ​ရန် မလိုပေ။


သူ​၏​ယုံကြည်ခြင်း​သည် သူ​၏​လုပ်ဆောင်ခြင်း​နှင့်အတူ ဆောင်ရွက်သည်​ကို သင်​သိမြင်ရပြီး ထို​လုပ်ဆောင်ခြင်း​ဖြင့် သူ​၏​ယုံကြည်ခြင်း​သည် ပြီးပြည့်စုံ၏။


ထာဝရဘုရား​သည် ယခင်​က ထိုသို့​ပြုတော်မူ​သောကြောင့် ဘုရားတရား​ကိုင်းရှိုင်းသူတို့​ကို ဆင်းရဲဒုက္ခ​ထဲမှ မည်သို့​ကယ်တင်​ရမည်​ကို​လည်းကောင်း၊ မဖြောင့်မတ်သောသူတို့​ကို တရားစီရင်ရာနေ့​တိုင်အောင် မည်သို့​အပြစ်ဒဏ်ပေး​၍ ထိန်းသိမ်းထား​ရမည်​ကို​လည်းကောင်း သိတော်မူ၏။


ဘုရားသခင်​သည် ထို​နှုတ်ကပတ်တော်​အားဖြင့် ယခု​လက်ရှိ ကောင်းကင်​နှင့် မြေကြီး​ကို မီး​နှင့် တရားစီရင်မည့်​နေ့​တိုင်အောင် ဆက်လက်​တည်ရှိစေတော်မူ၏။ ထို​နေ့​၌ ကောင်းကင်​နှင့် မြေကြီး​သည် မီး​နှင့် ဖျက်ဆီးခြင်း​ကို ခံရ​၍ ဘုရားတရား​မဲ့သော​သူတို့​သည်လည်း ဖျက်ဆီးခြင်း​ကို ခံရ​လိမ့်မည်။


သားသမီးတို့… ကိုယ်တော်​ကြွလာတော်မူ​သောအခါ ကျွန်ုပ်တို့​သည် ရှေ့တော်​၌ ရှက်ကြောက်​နေစရာ​မလိုဘဲ စိတ်ချ​ယုံကြည်မှု​ရှိ​နိုင်ရန်​အတွက် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။


ဘုရားသခင်​၏​စကားတော်​ကို နားထောင်သောသူ​သည် ဘုရားသခင်​ကို အကြွင်းမဲ့​ချစ်သောသူ​ဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သည်​ကို သိကြ၏။


ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြောင်း ကြွေးကြော်သောသူ​သည် ယေရှု​ကဲ့သို့ အသက်ရှင်​နေထိုင်​ရမည်။


ခမည်းတော်​သည် ကျွန်ုပ်တို့​ကို မည်မျှ​ချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့​သည် “ဘုရားသခင်​၏​သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့​သည် အမှန်ပင် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြ၏။ လောကီသားတို့​သည် ဘုရားသခင်​ကို မသိ​သောကြောင့် ကျွန်ုပ်တို့​ကိုလည်း မသိကြ။


ကိုယ်တော်​အပေါ် ဤ​မျှော်လင့်ချက်​ရှိသောသူ​အပေါင်းတို့​သည် ကိုယ်တော် သန့်ရှင်း​စင်ကြယ်တော်မူသည့်​နည်းတူ မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေကြ၏။


သားသမီးတို့… မည်သူ​မျှ သင်တို့​ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်​စွာ ပြုမူသောသူ​သည် ကိုယ်တော်​ဖြောင့်မတ်တော်မူ​သကဲ့သို့ ဖြောင့်မတ်၏။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်ကြ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံ​လျက်​ရှိပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ