Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 သင်တို့​အား လမ်းလွဲ​စေရန် ကြိုးစားနေသော​သူများ​အကြောင်း​ကို သင်တို့​ထံ ကျွန်ုပ်​ရေးလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 သင်​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​ရန်​ကြိုး​စား သူ​တို့​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း အ​ရာ​များ​ကို​ငါ​စာ​ရေး​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 သင် တို့ အား လှည့် ဖြား လို သူ တို့ နှင့် စပ်၍ ဤ အ ကြောင်း အ ရာ များ ကို ငါ ရေး လိုက် သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 သင်​တို့​ကို လှည့်​ဖြား​သော​သူ​တို့၏​အ​ကြောင်း​ကို ဤ​သို့ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 သင်​တို့​ကို​လှည့်ဖြား​သော​သူ​တို့​နှင့်​ပတ်သက်၍ ဤ​အကြောင်းအရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:26
12 ပူးပေါင်းရင်းမြစ်များ  

ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက်​အတုအယောင်များ ပေါ်လာ​လိမ့်မည်။ ထို​သူတို့​သည် ဖြစ်နိုင်​ပါက ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြုကြ​လိမ့်မည်။


မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်း​နှင့် ကောင်းကင်တမန်များ​ကို ကိုးကွယ်ခြင်းတို့​ကို အတင်းအကျပ်​ပြုစေသော​သူ တစ်စုံတစ်ယောက်​ကိုမျှ သင်တို့​၏ ဆု​ကို လုယူခွင့် မပေးနှင့်။ ထိုသို့သော​သူတို့​သည် မိမိတို့​မြင်ရသော အထူး​ရူပါရုံများ​ကြောင့် အခြား​သူတို့​ထက် သာလွန်သည်​ဟု မှတ်ယူ​၍ လူ့​အတွေးအခေါ်​ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။


ခရစ်တော်​၏ တရား​ကို အခြေမခံဘဲ လောကီ​အခြေခံ​မူ​နှင့် လူ့​ဓလေ့ထုံးတမ်း​ကို အခြေခံသည့် အတွေးအခေါ်​နှင့် အနှစ်သာရ​မရှိသော လှည့်ဖြားမှုတို့​ဖြင့် မည်သူ​က​မျှ သင်တို့​ကို မသိမ်းသွင်း​နိုင်စေရန် သတိပြုကြလော့။


နောက်ဆုံးသော​နေ့ရက်များ​၌ လူ​တချို့​သည် မိမိတို့​၏ ယုံကြည်ခြင်း​တရား​ကို စွန့်​၍ လူ​ကို လှည့်စားသော​ဝိညာဉ်ဆိုးများ​နှင့် နတ်ဆိုးများ​၏ သွန်သင်မှု​ကို ခံယူကြ​လိမ့်မည်​ဟု ဝိညာဉ်တော်​သည် ရှင်းလင်း​စွာ မိန့်တော်မူ၏။


ဆိုးညစ်သော​သူများ​နှင့် ယောင်ဆောင်​လှည့်ဖြားသူများ​သည် သူတစ်ပါး​ကို လှည့်ဖြား​ပြီး ကိုယ်တိုင်​လည်း လှည့်ဖြားခံရ​လျက် ဆိုးသည်​ထက် ပို​၍ ဆိုးလာ​လိမ့်မည်။


သားသမီးတို့… မည်သူ​မျှ သင်တို့​ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်​စွာ ပြုမူသောသူ​သည် ကိုယ်တော်​ဖြောင့်မတ်တော်မူ​သကဲ့သို့ ဖြောင့်မတ်၏။


ယေရှု​ခရစ်တော်​သည် လူသား​အဖြစ် ကြွလာတော်မူသည်​ကို ဝန်မခံသော​လှည့်ဖြားသူ​များစွာ​သည် ဤ​လောက​၌ ပေါ်လာ​သဖြင့် ဤ​အကြောင်းအရာ​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။ ထိုသို့သော​သူ​သည် လှည့်ဖြားသူ​ဖြစ်၏။ ခရစ်တော်​၏​ရန်သူ​လည်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ