Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သားသမီး​တို့၊ သင်​တို့​ကို မည်သူမျှ မ​လှည့်ဖြား​စေ​နှင့်။ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​သည့်​နည်းတူ ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​သည် ဖြောင့်မတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သား​သ​မီး​တို့၊ အ​ဘယ်​သူ​မျှ​သင်​တို့​အား မှောက်​မှား​လမ်း​လွဲ​အောင်​မ​ပြု​စေ​နှင့်။ ခ​ရစ်​တော် သည်​ဖြောင့်​မတ်​တော်​မူ​သ​ကဲ့​သို့ အ​မှန်​တ​ရား​ကို ကျင့်​သုံး​သူ​သည်​လည်း​ဖြောင့်​မတ်​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 သူ ငယ် တို့၊ မည် သူ မျှ သင် တို့ ကို မ လှည့် ဖြား စေ နှင့်။ ဖြောင့် မတ် စွာ ပြု ကျင့် သူ သည် ကိုယ် တော် ဖြောင့် မတ် တော် မူ သည့် နည်း တူ ဖြောင့် မတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ချစ်​သား​တို့၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြင်​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်၏။ ကိုယ်​တော် ဖြောင့်​မတ်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​သည် ဖြောင့်​မတ်​ခြင်း​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သားသမီးတို့… မည်သူ​မျှ သင်တို့​ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်​စွာ ပြုမူသောသူ​သည် ကိုယ်တော်​ဖြောင့်မတ်တော်မူ​သကဲ့သို့ ဖြောင့်မတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:7
28 ပူးပေါင်းရင်းမြစ်များ  

တရားမျှတ​သော​အမှု​ကို​စောင့်ထိန်း​၍ ဖြောင့်မတ်​သော​အမှု​ကို အစဉ်အမြဲ​ပြုကျင့်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏​။ ထို့ကြောင့် ဘုရားသခင်​တည်းဟူသော ကိုယ်တော်​၏​ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်ပေး​တော်မူ​၏​။


အမှန်စင်စစ် သင်​တို့​၏​ဖြောင့်မတ်​ခြင်း​သည် ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​ထက်​မ​သာ​လျှင် သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါမျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု သင်​တို့​အား ငါ​ဆို​၏။


မည်သည့်​လူမျိုး​မဆို ကိုယ်တော်​ကို​ကြောက်ရွံ့​လျက် ဖြောင့်မတ်​စွာ​ပြုကျင့်​လျှင် နှစ်သက်​လက်ခံ​တော်မူ​ကြောင်း ငါ​အမှန်​ပင်​သဘောပေါက်​ပြီ။


အကြောင်းမူကား ပညတ်​တရား​ကို​ကြားနာ​သော​သူ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​ကြ​သည်​မ​ဟုတ်။ ပညတ်​တရား​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​တို့​သာလျှင် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။


သို့မဟုတ် မ​ဖြောင့်မတ်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ အယူ​မ​လွဲ​ကြ​နှင့်။ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​များ၊ အမျိုးသား​ပြည့်တန်ဆာ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊


အချည်းနှီး​သော​စကား​တို့​ဖြင့် မည်သူမျှ သင်​တို့​ကို မ​လှည့်ဖြား​စေ​နှင့်။ အကြောင်းမူကား ဤ​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။


အကြောင်းမူကား အလင်း​၏​အသီးအပွင့်​သည် အလုံးစုံ​သော​ကောင်းမြတ်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် မှန်ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။


ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။


သို့သော် သား​တော်​နှင့်​ပတ်သက်၍​မူကား “အို ဘုရားသခင်၊ ကိုယ်တော်​၏​ပလ္လင်​သည် ကမ္ဘာ​အဆက်ဆက်​တည်​၍ ဖြောင့်မှန်​သော​အုပ်ချုပ်မှု​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​အုပ်ချုပ်မှု​ဖြစ်​ပါ​၏။


အာဗြဟံ​သည်​လည်း လက်ရ​ပစ္စည်း​ရှိသမျှ​၏​ဆယ်ဖို့တစ်ဖို့​ကို သူ့​အား​ခွဲဝေ​ပေးလှူ​၏။ မေလခိဇေဒက်​အမည်​၏​အဓိပ္ပာယ်​မှာ ပထမ​အနေဖြင့် ဖြောင့်မတ်​ခြင်း​၏​ဘုရင်​ဟူ၍​ဖြစ်​ပြီး ထို့နောက် ငြိမ်သက်​ခြင်း​၏​ဘုရင်​တည်းဟူသော ဆလင်​ဘုရင်​ဟူ၍​လည်း​ဖြစ်​၏။


နှုတ်ကပတ်တော်​ကို လိုက်နာ​ကျင့်သုံး​သော​သူ​များ​ဖြစ်​ကြ​လော့။ မိမိတို့ကိုယ်ကို​လှည့်စား​၍ ကြားနာ​သူ​သက်သက်​မ​ဖြစ်​ကြ​နှင့်။


ဘုရားသခင်​တစ်ဆူတည်း​ရှိ​ကြောင်း​ကို သင်​သည်​ယုံကြည်​၏။ ကောင်း​ပေ​၏။ နတ်ဆိုး​တို့​ပင် ယုံကြည်​၍ ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။


ငါ​တို့​သည် အပြစ်​အရာ​၌ သေဆုံး​၍ ဖြောင့်မတ်​ခြင်း​အရာ​၌ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် သစ်​တိုင်​ပေါ်တွင် ငါ​တို့​အပြစ်​များ​ကို မိမိ​၏​ကိုယ်ခန္ဓာ​၌ ကိုယ်တော်​တိုင်​ဆောင်ယူ​တော်မူ​၏။ သင်​တို့​သည် ကိုယ်တော်​၏​ဒဏ်ချက်​တော်​အားဖြင့် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရရှိ​ကြ​၏။


ငါ့​သားသမီး​တို့၊ သင်​တို့​သည် အပြစ်​မ​ပြု​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ တစ်စုံတစ်ယောက်​သည် အပြစ်​ပြု​မိ​ခဲ့​လျှင် ခမည်းတော်​ထံ၌ ကူညီ​ဖြေရှင်း​ပေး​သူ​တည်းဟူသော ဖြောင့်မတ်​သည့်​အရှင်​ယေရှု​ခရစ်တော်​သည် ငါ​တို့​အတွက်​ရှိ​၏။


သင်​တို့​ကို​လှည့်ဖြား​သော​သူ​တို့​နှင့်​ပတ်သက်၍ ဤ​အကြောင်းအရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။


ဘုရားသခင်​သည် ဖြောင့်မတ်​တော်မူ​ကြောင်း​ကို သင်​တို့​သိ​လျှင် ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။


သားသမီး​တို့၊ ငါ​တို့​သည် စကား​နှင့် နှုတ်​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​နှင့် သမ္မာတရား​တို့​အားဖြင့် ချစ်​ကြ​ကုန်စို့။


ကိုယ်တော်​၌ ဤသို့​မျှော်လင့်​ထား​သော​သူ​တိုင်း​သည် ကိုယ်တော်​သန့်ရှင်း​စင်ကြယ်​တော်မူ​သည့်​နည်းတူ မိမိကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​တတ်​၏။


ငါ​တို့​သည် တရား​စီရင်​တော်မူ​ရာ​နေ့​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​စေရန် ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။ အကြောင်းမူကား ငါ​တို့​သည်​လည်း ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ