လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
၁ ပေ 4:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။ Common Language Bible အံ့သြနေမည့်အစားသင်တို့သည်ခရစ်တော် ၏ဝေဒနာတော်များကိုကိုယ်တော်နှင့်အတူ ပါဝင်ခံစားရကြသဖြင့်ဝမ်းမြောက်ကြ လော့။ သို့မှသာကိုယ်တော်၏ဘုန်းအသရေ တော်ပေါ်လွင်ထင်ရှားသောအခါသင်တို့သည် အလွန်ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။- Garrad Bible ခ ရစ် တော်၏ ဒု က္ခ များ ကို ဆက် ဆံ သည့် အ လျောက် ဘုန်း တော် ထင် ရှား သည့် ကာ လ၌ အား ရ ရွှင် လန်း ခွင့် ကို လည်း ရ အံ့ သော ငှာ ရွှင် လန်း ကြ လော့။ Judson Bible သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်၏ဒုက္ခဝေဒနာများ၌ ပါဝင်ရသည့်အတွက် ဝမ်းမြောက်ကြလော့။ ဤသည်ကား ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှားသောအချိန်၌ သင်တို့သည် ဝမ်းမြောက်ရွှင်မြူးကြမည့်အကြောင်းတည်း။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် ယခု များစွာသောတာဝန်များကို သင့်အား ငါ လွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
ဘုရားသခင်ကို မယုံကြည်၍ အပြစ်ကျူးလွန်သော ဤခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်များခြံရံလျက် ခမည်းတော်၏ဘုန်းအသရေကိုဆောင်ကာ ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။
သန်းခေါင်အချိန်တွင် ပေါလုနှင့် သိလတို့သည် ဘုရားသခင်ထံ ဆုတောင်း၍ ဓမ္မသီချင်းများကို သီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း နားထောင်နေကြ၏။
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
ထိုမျှမက ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရလျှင်လည်း ကျွန်ုပ်တို့သည် ဂုဏ်ယူဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့အား သည်းခံခြင်းကိုလည်းကောင်း၊
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။
လက်ရှိအချိန်ကာလ၌ ကျွန်ုပ်တို့ခံရသောဒုက္ခသည် နောင်တွင် ထင်ရှားမည့် ဘုန်းအသရေနှင့် ယှဉ်လျှင် မပြောပလောက်ကြောင်း ကျွန်ုပ်မှတ်ယူ၏။
ခရစ်တော်ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခသည် များပြားလှသည်နည်းတူ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ ခံစားရသော နှစ်သိမ့်မှုသည်လည်း များပြားလှ၏။
သင်တို့ ဆက်လက်၍ သည်းခံနိုင်မည်ဟု ကျွန်ုပ်တို့ ခိုင်မြဲစွာ မျှော်လင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့နှင့်အတူ မျှဝေခံစားရသကဲ့သို့ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ကို ကျွန်ုပ်တို့ သိသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခခံရခြင်းအားဖြင့် ယေရှုအသေခံတော်မူခြင်းကို ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာတွင် အစဉ်ဆောင်ထားကြသည်မှာ ယေရှုအသက်ရှင်တော်မူခြင်းကို ကိုယ်ခန္ဓာတွင် ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
ကျွန်ုပ်တို့ ခဏတာခံရသည့် ပေါ့ပါးသောဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အတွက် အလွန်ထူးမြတ်သော ထာဝရဘုန်းအသရေကို ဖြစ်ပွားစေ၏။
ကျွန်ုပ်သည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းတန်ခိုးကို ရရှိခံစားခြင်း၊ ကိုယ်တော်ကဲ့သို့ အသေခံ၍ ကိုယ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားခြင်းတို့ကိုသာ အလိုရှိ၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
ဆင်းရဲဒုက္ခကို ခံနိုင်လျှင် ကိုယ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ ကိုယ်တော်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ကို ငြင်းပယ်လိမ့်မည်။
ထို့ကြောင့် သင်တို့၏ စိတ်နှလုံးကို အသင့်ပြင်၍ တည်ကြည်စေကြလော့။ ယေရှုခရစ်တော် ပြန်လည်ကြွလာသောအခါ သင်တို့ခံစားရမည့် ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
ထိုသို့ ဒုက္ခဆင်းရဲခံရလျှင်ပင် ကောင်းမှုပြုရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ခရစ်တော်သည်လည်း သင်တို့ကိုယ်စား ဆင်းရဲဒုက္ခခံ၍ မိမိခြေရာတော်ကို သင်တို့လိုက်နိုင်ရန် စံနမူနာထားခဲ့တော်မူ၏။
ထို့ကြောင့် ခရစ်တော်၏ဆင်းရဲဒုက္ခကို မြင်တွေ့သည့်သက်သေဖြစ်သူ၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းအသရေကို မျှဝေခံစားသူ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် သင်တို့ထဲမှ အသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်လိုက်၏။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်ကို လှံနှင့် ထိုးဖောက်ခဲ့သူများအပါအဝင် လူတိုင်းက မြင်ကြရလိမ့်မည်။ ကမ္ဘာလောကရှိ လူမျိုးအပေါင်းတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအရာသည် အမှန်ပင်ဖြစ်၏။ အာမင်။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။