Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​ခံရခြင်း​အားဖြင့် ယေရှု​အသေခံတော်မူခြင်း​ကို ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​တွင် အစဉ်​ဆောင်ထားကြသည်​မှာ ယေရှု​အသက်ရှင်တော်မူခြင်း​ကို ကိုယ်ခန္ဓာ​တွင် ပေါ်လွင်​ထင်ရှား​စေရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သ​ခင်​ယေ​ရှု​သည်​ငါ​တို့​ခန္ဓာ​တွင်​အ​သက် ရှင်​တော်​မူ​ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​၏ သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ်​ခန္ဓာ​၌ သ​ခင်​ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​သည်​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ငါ တို့ ကိုယ် ခ န္ဓာ တွင် ယေ ရှု၏ အ သက် ရှင် တော် မူ ခြင်း ထင် ရှား စေ ရန် ယေ ရှု၏ အ သေ ခံ တော် မူ ခြင်း ကို ကိုယ် ခ န္ဓာ တွင် အ စဉ် တင် ဆောင် လျက် နေ ရ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို ငါ​တို့​ကိုယ်​ခ​န္ဓာ၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ယေ​ရှု၏​သေ​တော်​မူ​ခြင်း​ကို အ​စဉ်​မ​ပြတ် ငါ​တို့၏​ကိုယ်​ခ​န္ဓာ၌ ဆောင်​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် ငါ​တို့​၏​ကိုယ်ခန္ဓာ​၌ ထင်ရှား​မည့်​အကြောင်း ယေရှု​၏​အသေခံ​တော်မူ​ခြင်း​ကို ငါ​တို့​ကိုယ်ခန္ဓာ​၌ အစဉ်​ဆောင်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:10
17 ပူးပေါင်းရင်းမြစ်များ  

မကြာမီ​အချိန်​တွင် လောကီသားတို့​သည် ငါ့​ကို မြင်ကြရတော့မည်​မဟုတ်။ သို့သော် သင်တို့​သည် ငါ့​ကို မြင်ကြရ​လိမ့်မည်။ ငါ​သည် အသက်ရှင်​သောကြောင့် သင်တို့​သည်လည်း အသက်ရှင်ကြ​လိမ့်မည်။


ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ ပေါင်းစည်း​လျက် အသေခံခဲ့ပြီး​ဖြစ်​လျှင် ခရစ်တော်​ကဲ့သို့ အသက်ရှင်​ထမြောက်ကြရမည်​ဖြစ်၏။


ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ အသေခံခဲ့ပြီး​ဖြစ်၍ ခရစ်တော်​နှင့်အတူ အသက်ရှင်ရမည်​ကို ယုံကြည်ကြ၏။


ကျမ်းစာ​၌ “ကျွန်ုပ်တို့​သည် အရှင့်​အတွက် တစ်နေ့လုံး​သေဘေး​နှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့​သည် အကျွန်ုပ်တို့​ကို သတ်​ရန် လျာထားသည့် သိုးများ​ကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။


ခရစ်တော်​ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခ​သည် များပြားလှသည်​နည်းတူ ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့ ခံစားရသော နှစ်သိမ့်မှု​သည်လည်း များပြားလှ၏။


သေဒဏ်​စီရင်ခြင်း​ခံရပြီ​ဟု ပင် ကျွန်ုပ်တို့​ထင်မှတ်ခဲ့ကြ၏။ သို့သော် ဤသို့​ဖြစ်ပျက်ရခြင်း​က ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် အားမကိုးဘဲ သေလွန်သော​သူတို့​ကို ပြန်ရှင်စေတော်မူသော ဘုရားသခင်​ကိုသာ အားကိုး​ရန် ဖြစ်၏။


ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​တွင် အသေခံခဲ့​စဉ် လူသား​အနေဖြင့် အားနည်းသော​အခြေအနေ​၌ ရှိခဲ့​သော်လည်း ယခုအခါ ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်​၏ တန်ခိုးတော်​အားဖြင့် ကိုယ်တော်​နှင့်အတူ အသက်ရှင်မည်​ဖြစ်၍ သင်တို့​ကို အပြစ်ပေး​ရာ​၌​ဖြစ်စေ၊ ကူညီမစ​ရာ​၌​ဖြစ်စေ အားနည်းကြမည်​မဟုတ်ပေ။


သေမျိုး​ဖြစ်သော ကျွန်ုပ်တို့​၏​ကိုယ်ခန္ဓာ​၌ ယေရှု​အသက်ရှင်တော်မူကြောင်း ပေါ်လွင်​ထင်ရှား​နိုင်ရန် အသက်ရှင်​စဉ်​ကာလ​တွင် ကျွန်ုပ်တို့​သည် ယေရှု​ကို​အစေခံ​၍ အစဉ်မပြတ် သေဘေး​နှင့် ရင်ဆိုင်​ကြရ၏။


ယခု​မှစ၍ မည်သူ​မျှ ကျွန်ုပ်​ကို မနှောင့်ယှက်ပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​၏ ကိုယ်ခန္ဓာ​တွင် ရှိသော ဒဏ်ရာ​ဒဏ်ချက်များ​က ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့်​ဆိုင်သောသူ​ဖြစ်ကြောင်း ဖော်ပြ​လျက် ရှိ​သောကြောင့် ဖြစ်၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


အောက်ပါ​စကား​သည် ယုံကြည်စိတ်ချ​ရသည့်​စကား​ဖြစ်၏။ ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ သေ​လျှင် ကိုယ်တော်​နှင့်အတူ အသက်ရှင်​လိမ့်မည်။


ခရစ်တော်​၏ ဆင်းရဲဒုက္ခ​ကို မျှဝေ​ခံစားကြရသည့်​အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်​၏ ဘုန်းတော်​ထင်ရှား​သောအခါ သင်တို့​အလွန်​ဝမ်းမြောက်ရ​လိမ့်မည်။


သင်တို့​သည် ခရစ်တော်​၏​တပည့်တော်များ​ဖြစ်​သောကြောင့် ကဲ့ရဲ့ခံရ​လျှင် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ ဘုန်းကြီးသော​ဝိညာဉ်တော်​သည် သင်တို့​၌ ကိန်းဝပ်တော်မူ​သောကြောင့်​ဖြစ်၏။


ထို​သူ​ကို တွေ့​သောအခါ ကျွန်ုပ်​သည် သေသွား​သကဲ့သို့ သူ​၏ ခြေရင်း​၌ လဲကျသွား၏။ ထိုအခါ သူ​သည် လက်ယာ​လက်​ကို ကျွန်ုပ်​အပေါ်​တင်​၍ အောက်ပါ​အတိုင်း ဆို၏။ “မကြောက်နှင့်။ ငါ​သည် အစဦးဆုံးသောသူ​နှင့် နောက်ဆုံးသောသူ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ