Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထိုသို့ ဒုက္ခ​ဆင်းရဲ​ခံရ​လျှင်ပင် ကောင်းမှု​ပြုရန် သင်တို့​ကို ဘုရားသခင်​ရွေးကောက်တော်မူ၏။ ခရစ်တော်​သည်လည်း သင်တို့​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​၍ မိမိ​ခြေရာတော်​ကို သင်တို့​လိုက်​နိုင်ရန် စံနမူနာ​ထားခဲ့တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ဤ​နည်း​အ​တိုင်း​ပြု​မူ​စေ​ရန်​သင်​တို့​အား ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​ခြင်း​ဖြစ်​ပေ သည်။ ခ​ရစ်​တော်​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​တွက်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​၍ ခြေ​တော် ရာ​ကို​သင်​တို့​လိုက်​လျှောက်​နိုင်​စေ​ရန်​စံ​န​မူ နာ​ထား​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ခ ရစ် တော် သည် သင် တို့ အ ဖို့ ဒု က္ခ ခံ တော် မူ လျက် ခြေ ရာ တော် များ ၌ လျှောက် လိုက် ကြ စေ ရန် ပုံ စံ ထား တော် မူ ခဲ့ သည့် အ လျောက် ထို သို့ ခံ ခြင်း ငှာ သင် တို့ ကို ခေါ် ထား တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​ကြောင်း​မူ​ကား၊ ထို​သို့​အ​လို​ငှာ သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​ဖြစ်၍၊ ခြေ​တော်​ရာ​ကို လျှောက်​လိုက်​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို​ထား​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 အမှန်စင်စစ် သင်​တို့​သည် ဤ​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၏။ အကြောင်းမူကား ခရစ်တော်​သည်​လည်း သင်​တို့​ကို မိမိ​ခြေရာ​တော်​အတိုင်း​လိုက်လျှောက်​စေရန် သင်​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစားရ​လျက် သင်​တို့​အတွက် စံနမူနာ​ကို​ထား​ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:21
30 ပူးပေါင်းရင်းမြစ်များ  

မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​၍ ငါ့​နောက်သို့ မလိုက်သောသူ​သည်လည်း ငါ့​တပည့်​ဖြစ်​ရန် မထိုက်တန်ပါ။


ငါ့​ထမ်းပိုး​ကို​ယူ​၍ ထမ်း​ကာ ငါ့​ထံမှ သင်ယူကြလော့။ ငါ​သည် နူးညံ့သိမ်မွေ့​၍ နှိမ့်ချသော​စိတ်နှလုံး​ရှိ​သောကြောင့် သင်တို့​၏​စိတ်ဝိညာဉ်​သည် သက်သာရာ​ရ​လိမ့်မည်။


ထို့နောက် ယေရှု​က “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။


ခရစ်တော်​သည် ဤ​ဒုက္ခများ​ကို ခံ​၍ မိမိ​၏​ဘုန်းတော်​သို့ စံမြန်း​ရမည်​မဟုတ်လော” ဟု မိန့်တော်မူ၏။


ငါ​သည် သင်တို့​အတွက် စံနမူနာ​ကို ငါ​ပြခဲ့ပြီ။ သင်တို့​ကို ငါ​ပြု​သကဲ့သို့ သင်တို့​အချင်းချင်း​သည်လည်း ပြုကြ​ရမည်။


ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


သူတို့​က “ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​များစွာ​ခံရခြင်း​အားဖြင့် ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်ရောက်ကြရမည်” ဟု ဆို​လျက် ထို​မြို့များ​ရှိ တပည့်တော်တို့​၏ စိတ်​ကို ကြံ့ခိုင်​စေကြ၏။ ယုံကြည်ခြင်း​တွင်လည်း ဆက်လက်​ရပ်တည်​ရန် ခွန်အားပေးကြ၏။


ခရစ်တော်​သည် ဒုက္ခဝေဒနာ​ကို​ခံစားရပြီး သေခြင်း​မှ ရှင်ပြန်​ထမြောက်​ရမည်​ဖြစ်ကြောင်း အထောက်အထားများ​နှင့်တကွ ရှင်းလင်း​ဖော်ပြပြီး​လျှင် “သင်တို့​အား ကျွန်ုပ်​ပြောပြသော​ယေရှု​သည် ခရစ်တော်​ပင်​ဖြစ်သည်” ဟု ပြောလေ၏။


သူ​သည် ငါ့​အမည်​နာမ​ကြောင့် မည်မျှ​ဒုက္ခ​ခံရမည်​ကို ငါ​ကိုယ်တိုင် သူ့​အား​ပြမည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​သည် မိမိ​လူတို့​ကို ကြိုတင်​သိတော်မူ​၍ ထို​သူတို့​ကို မိမိ​သားတော်​ကဲ့သို့ ဖြစ်လာ​စေရန် ရွေးချယ်တော်မူ၏။ ဤသို့​ပြုတော်မူသည်​မှာ ညီအစ်ကို​မောင်နှမ​များစွာ​ထဲတွင် ခရစ်တော်​ကို သားဦး​ဖြစ်​စေရန်​ပင် ဖြစ်၏။


ကျွန်ုပ်​သည် ခရစ်တော်​ကို အတုယူ​သကဲ့သို့ သင်တို့​သည်လည်း ကျွန်ုပ်​ကို အတုယူကြလော့။


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


သင်တို့​၏ အချင်းချင်း​ဆက်ဆံရေး​တွင် ယေရှု​ခရစ်တော်​၌​ရှိ​သော ထို​စိတ်သဘောထား​ကို ရှိ​စေ​ကြ​လော့။


ထို့ပြင် ဤ​ဆင်းရဲ​ဒုက္ခများ​ကြောင့် သင်တို့​တစ်ဦး​တစ်ယောက်​မျှ ယိမ်းယိုင်​မသွား​စေရန် ဖြစ်၏။ ထို​ဆင်းရဲ​ဒုက္ခများ တွေ့ကြုံရခြင်း​သည် ဘုရားသခင်​၏ အလိုတော်​အရ​ဖြစ်ကြောင်း သင်တို့​သိကြ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် သခင်​ယေရှု​၏ အခွင့်အာဏာ​ဖြင့် သင်တို့​ကို မည်သို့သော အကြောင်းအရာများ ညွှန်ကြားခဲ့ကြောင်း သင်တို့ သိ​သောကြောင့် ဖြစ်၏။


အမှန်ပင် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ဘုရားတရား​ကိုင်းရှိုင်း​လျက် နေထိုင်​လိုသူ​တိုင်း ညှဉ်းပန်း​နှိပ်စက်​ခံရ​လိမ့်မည်။


ဘုရားသခင်​သည် အရာခပ်သိမ်း​ကို ဖန်ဆင်း​၍ အုပ်စိုးတော်မူသော​အရှင်​ဖြစ်တော်မူ၏။ ကိုယ်တော်​သည် သားသမီး​များစွာ​ကို ဘုန်းစည်းစိမ်​ခံစား​ရာသို့ ခေါ်ဆောင်လို​သောကြောင့် ထို​သူတို့​ကို ကယ်တင်​ရန် ယေရှု​အား ဆင်းရဲဒုက္ခ​ခံစားစေခြင်း​အားဖြင့် ပြီးပြည့်စုံသော​ကယ်တင်ရှင်​ဖြစ်စေသည်​မှာ သင့်လျော်ပေ၏။


ခရစ်တော်​သည် ဤ​ကမ္ဘာ​မတည်ရှိ​မီ​ကပင် ခန့်ထားတော်မူခြင်း​ခံရ​သော်လည်း ဤ​နောက်ဆုံးသော​ကာလ​တွင် သင်တို့​အတွက် ပေါ်ထွန်းတော်မူ၏။


ကျွန်ုပ်တို့​သည် အပြစ်​မကျူးလွန်တော့ဘဲ ဖြောင့်မတ်​စွာ ပြုမူနေထိုင်​နိုင်ရန် ကိုယ်တော်​သည် သစ်တိုင်​ပေါ်၌ အသေခံခြင်း​အားဖြင့် ကိုယ်ခန္ဓာတော်​၌ ကျွန်ုပ်တို့​၏​အပြစ်များ​အတွက် ပြစ်ဒဏ်​ခံတော်မူ၏။ ကိုယ်တော်​၏​ဒဏ်ရာဒဏ်ချက်များ​ကြောင့် သင်တို့​သည် အနာ​ပျောက်ကင်းကြ၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။


အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့ခြင်း​ကို ကဲ့ရဲ့ခြင်း​ဖြင့်​လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီး​ကို​သာ ပေးကြလော့။ သင်တို့​သည် ဤသို့​ပြု​ရန် ရွေးကောက်တော်မူခြင်း​ခံရ၏။ သို့ပြုလျှင် သင်တို့​သည် ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​လိမ့်မည်။


ခရစ်တော်​သည် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားခဲ့ရ​သောကြောင့် သင်တို့​သည်လည်း ခရစ်တော်​ကဲ့သို့သော သဘောထား​ဖြင့် ဆင်းရဲဒုက္ခ​ကို ရင်ဆိုင်​ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားရသော​သူတို့​သည် အပြစ်​မကျူးလွန်တော့​ရန် ဆုံးဖြတ်ထား​သောကြောင့်​ဖြစ်၏။


ခရစ်တော်​၏ ဆင်းရဲဒုက္ခ​ကို မျှဝေ​ခံစားကြရသည့်​အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်​၏ ဘုန်းတော်​ထင်ရှား​သောအခါ သင်တို့​အလွန်​ဝမ်းမြောက်ရ​လိမ့်မည်။


ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြောင်း ကြွေးကြော်သောသူ​သည် ယေရှု​ကဲ့သို့ အသက်ရှင်​နေထိုင်​ရမည်။


ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​အတွက် မိမိ​အသက်​ကို စွန့်တော်မူသည့်​အမှု​ကို ထောက်​၍ မေတ္တာ​အကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။ ကျွန်ုပ်တို့​သည်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ချင်း​အတွက် အသက်​ကို စွန့်​သင့်၏။


ညီအစ်ကို​မောင်နှမတို့​သည် ထို​သူ​ကို သိုးသငယ်​၏ အသွေးတော်​ဖြင့်​လည်းကောင်း၊ မိမိတို့​သက်သေခံ​ဟောပြောသော​နှုတ်ကပတ်တော်​ဖြင့်​လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့​သည် အသေ​ခံရမည်​ဆိုလျှင်​ပင် မိမိတို့​၏​အသက်​ကို မနှမြောကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ